သတင်း

မြန်မာ့အရေးကို ကုလသမဂ္ဂအကြီးအကဲက လုံခြုံရေးကောင်စီတွင် တံခါးပိတ် တင်ပြမည်

Want create site? Find Free WordPress Themes and plugins.

အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၇ နိုင်ငံက တောင်းဆိုသောကြောင့် လာမည့် ကြာသပတေးနေ့တွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက် သည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး လူသိရှင်ကြား ရှင်းလင်း တင်ပြမည် ဖြစ်သည်။ ဂူတာရက် သည် မြန်မာနိုင်ငံမှ ဖြစ်ရပ်များသည် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်သည်ဟု မကြာသေးမီက ပြောကြားခဲ့ဖူးသည်။

ဆွီဒင်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်၊ ဆီနီဂေါနှင့် ကာဇက်ကစ်စတန် နိုင်ငံများက လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့သည်။

ကြာသပတေးနေ့တွင် ကျင်းပမည့် ထိုအစည်းအဝေး မတိုင်မီ ကြိုတင်ပြင်ဆင်မှု အဖြစ် ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ Jeffrey Feltman က အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီအား တံခါးပိတ် ရှင်းလင်းတင်ပြမည် ဖြစ်သည် ဟု သံတမန်များက ပြောသည်။

၎င်းတို့ဘာသာ ၎င်းတို့ ရိုဟင်ဂျာ ဟု ဆိုသူ မွတ်စလင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ယင်းတို့အား ပြန်လည်၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည့် သြဂုတ်လ ၂၅ ရက် နေ့မှ စတင်ပြီး ဒုက္ခသည် ၄၃၆၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

မြန်မာနိုင်ငံမှ တိုက်ခိုက်မှုများ ရပ်တန့်ရန် အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လုံခြုံရေးကောင်စီ အနေဖြင့် ပြင်းထန်လျင်မြန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်စေလိုသည် ဟု ဒု သမ္မတ Mike Pence က လွန်ခဲ့သော ဗုဒ္ဓဟူနေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အကျပ်အတည်း စတင်ပြီး နောက်ပိုင်း လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး ၂ ကြိမ် ကျင်းပပြီး ဖြစ်ကာ အခြေအနေများကို ပြစ်တင်ရှုတ်ချပြီး မြန်မာ အာဏာပိုင်များ အနေဖြင့် အကြမ်းနည်း တိုက်ခိုက်မှုများ ရပ်စဲရန် ကြေညာချက် တစောင်ကို ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အခြေအနေ တိုးတက်လာခြင်း မရှိလျှင် လုံခြုံရေး ကောင်စီသည် တရားဝင် ကြေညာချက်တစောင်ကို ထုတ်ပြန်ရန် စဉ်းစား သုံးသပ်နိုင်သော်လည်း ဗီတိုအာဏာသုံး ပယ်ချရမည့် ပြင်းထန်သော အရေးယူမှုမျိုးကို တရုတ်နှင့် ရုရှားနိုင်ငံများက လက်ခံမည့် အခြေအနေမရှိ ဟု သံတမန်များက ဆိုသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချနိုင်ရန် ထောက်ခံမဲ ၉ မဲ ရရှိရန်နှင့် ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဗီတိုအာဏာဖြင့် မပယ်ချရန်လိုသည်။

လုံခြုံရေး ကောင်စီ၏ အရေးယူမှုမှ ကင်းလွတ်ရန် တရုတ်၊ ရုရှား နိုင်ငံများနှင့် ဆွေးနွေးနေသည်ဟု မြန်မာနိုင်ငံက ယခုလ အစောပိုင်းက ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading