မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် NLD အစိုးရလက်ထက် ဒုတိယနှစ်သက်တမ်းအတွင်း၌ တိုင်းဒေသကြီး အ တွင်း သက်ဆိုင်ရာမြို့နယ်များရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးနေထိုင်ကြသော သုံးဝါနှင့် အ ထက်ရှိသည့် ရဟန်း ၁၉၂၉ ပါး၊ ရှင်သာမဏေ ၅၀၇ ပါး၊ သီလရှင် ၂၈၀ ပါး စုစုပေါင်း၂၇၁၆ ပါးတို့အား သာသနာဝင်၊ သာ သနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်ခဲ့ပြီး ယခင်နှစ်ထက် ၂၁၃ ပါး ပို၍ ဆက်ကပ်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
NLD အစိုးရလက်ထက် ဒုတိယနှစ်သက်တမ်းအတွင်း၌ မန္တလေးတိုင်းဒေသကြီးတခုလုံးအနေဖြင့် သုံးဝါနှင့်အထက်ရှိသည့် ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် ၂၇၁၆ ပါးအား သာသနာဝင်၊ သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်နိုင်ခဲ့ပြီး မန္တလေးခရိုင်အတွင်းမှ ရဟန်း ၉၂၃ ပါး၊ သာမဏေ ၃၆၇ပါး၊ သီလရှင်၂၁၀ ပါး စုစုပေါင်း ၁၅၀၀ ပါးအား သာသနာဝင်၊ သာ သနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၅ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ မြတောင် ကျောင်းတိုက်ရှိ ရာပြည့် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
“ထေရဝါဒ ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်တော်မူတဲ့ ဆရာတော်၊ သံဃာတော်များနဲ့ သာသ နာ့အနွယ်ဝင် သီလရှင်များကို ယခင်ကာလများနဲ့မတူဘဲ ဝါဆိုသံဃာစာရင်းအပေါ် မူတည်ပြီး သက်ဆိုင်ရာမြို့နယ်သံဃ နာယက ဆရာတော်ကြီးများရဲ့သြဝါဒကို ခံယူပြီးမှ စာသင်တိုက်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေအရောက် ကွင်းဆင်းပြီး သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြား ဆက်ကပ်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းအခမ်းအနားတွင် သာသနာရေးဆိုင်ရာ လျှောက်ထားခြင်း အစီအစဉ် တွင် ဆရာတော်ကြီးများအား လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြား ဆက်ကပ်လှူဒါန်းခြင်းကို NLD အစိုးရသစ်လက်ထက် ပထ မနှစ် သက်တမ်းကာလက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ရ ဟန်း၊ သာမဏေ၊ သီလရှင်များအနက် သုံးဝါနှင့်အထက်ရှိသည့် ရဟန်း ၁၉၆၈ ပါး၊ ရှင်သာမဏေ ၃၄၉ ပါး၊ သီလရှင် ၁၈၆ ပါး စုစု ပေါင်း ၂၅၀၃ပါးအား သာသနာဝင်၊ သာသနာနွယ်ဝင်စိစစ်ရေး ကတ်ပြားများ ဆက်ကပ်ခဲ့ရာ မန္တလေးခရိုင် မြို့နယ် ၇ မြို့နယ် ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၀၀ ပါးအား ယခုကဲ့သို့ သာသနာဝင်၊ သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြား ဆက် ကပ်လှူဒါန်းပွဲကို ယခုနှစ် မတ်လ ၅ရက်နေ့က မစိုးရိမ်တိုက်သစ် လေးထပ်ကျောင်းတော်ကြီးတွင် ကျင်းပပြုလုပ်၍ ဆက်ကပ်လှူဒါန်းခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏မှတ်တမ်းများ အရ သိ ရသည်။
အဆိုပါ သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြား ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ စာ သင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်များ ပရိယတ္တိ၊ ပဋိပတ္တိသာ သ နာ ကျင့်ကြံပွားများ အားထုတ်မှုကို ထိခိုက်မှုမရှိစေရန်အတွက် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများအရောက် မန္တ လေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကွင်းဆင်း၍ ဝါဆိုသံဃာစာရင်းကောက်ခံခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဆက်ကပ်လှူဒါန်းပွဲပြုလုပ်ရခြင်းသည် ရဟန်းတု၊ ရဟန်းယောင်များ ပါဝင်ခြင်းမရှိစေရန်အတွက် ဝါဆိုသံဃာစာ ရင်းအပေါ် မူတည်၍ သက်ဆိုင်ရာကျောင်းတိုက်အသီးသီး၏ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဆရာတော်များ ၏ ဩဝါဒလမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ပြောသည်။
သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများနှင့် United Pacific Co. Ltd; Advanced Myanmar Star Co.Ltd တို့ ပူးပေါင်း၍ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။
“မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့အတူ သက်ဆိုင်ရာဋ္ဌာနများရဲ့ကူညီပံ့ပိုးမှုတွေလည်း အများကြီးလိုအပ် တော့ အားလုံးက ဝိုင်းဝန်းကူညီပေးကြပါတယ်၊ တတ်နိုင်တဲ့ဘက်ကနေ အမြဲပံ့ပိုး ကူညီပေးသွားမှာပါ၊ အခုလို ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ပြုလုပ်သွားမှာပါ”ဟု United Pacific Co.Ltd; Advanced Myanmar Star Co.Ltd မှ ဒါရိုက်တာ ဒေါ်အေးမိစံက ပြောသည်။
NLD အစိုးရလက်ထက် ဒုတိယနှစ် သက်တမ်းအတွင်း၌ မန္တလေးခရိုင်အတွင်း ၇ မြို့နယ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်စု စုပေါင်း ၁၅၀၀ ပါးရှိရာ အောင်မြေသာစံမြို့နယ်မှ ရဟန်း ၂၇၅ ပါး၊ ချမ်းအေးသာစံမြို့နယ်မှ ရဟန်း ၁၅၇ ပါး၊ သာမဏေ ၁၂၄ ပါး၊ သီလရှင် ၃ ပါး၊ မဟာအောင်မြေမြို့နယ်မှ ရဟန်း ၁၅၉ ပါး၊ ချမ်းမြသာစည်မြို့နယ်မှ ရဟန်း ၁၁၄ ပါး၊ ပြည်ကြီး တံခွန်မြို့နယ်မှ ရဟန်း ၃၄ ပါး၊ သာမဏေ ၁၉၃ ပါး၊ သီလရှင် ၂၀၇ ပါး၊ အမရပူရမြို့နယ်မှ ရဟန်း ၄၄ ပါး၊ သာမဏေ ၅၀ ပါး၊ ပုသိမ်ကြီးမြို့နယ်မှ ရဟန်း ၁၄၀ ပါး ဖြစ်ကြောင်း သိရသည်။