သတင်း

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအစည်းအဝေး စစ်တွေမြို့တွင် ကျင်းပမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်အမျိုးသားပါတီ(ANP)၏ ဗဟိုကော်မတီ အစည်း အဝေးကို လာမည့် အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် စစ်တွေမြို့ရှိ ပါတီဌာနချုပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြော သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဌာနေတိုင်းရင်းသားများ သတ်ဖြတ်ခံရမှုများအပြင် နေရပ်စွန့်ခွာ နေကြရခြင်းကြောင့် ရခိုင်အမျိုးသားများ၏ ရေရှည် တည်တံ့ခိုင်မြဲရေး ကိစ္စအား ရခိုင်အမျိုးသားပါတီ(ANP)မှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ANP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဒီလ ၁၃ ရက်၊ ၁၄ ရက်ကို ဗဟိုကော်မတီ အစည်းအဝေး ခေါ်ထားပါတယ်။ အဓိကတော့ အန်တီတို့ ရခိုင် ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ နောက်တခုက ရခိုင်အမျိုးသားတွေရဲ့ ရေရှည် တည်တံ့ ခိုင်မြဲရေးတွေကို ဆွေးနွေးမယ်”ဟု ပြောသည်။

ထို့ပြင် နေရပ်စွန့်ခွာခဲ့သူကို ပြန်လည် နေရာချထားရေးများ ကိစ္စနှင့် ၂၀၁၇- ၁၈ တွင် ပါတီ ညီလာခံ တရပ် ကျင်းပရန် စီစဉ်ထားသည့်အပေါ် ဆွေးနွေးကြမည်ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဒေါ်ခင်စောဝေက “ဘင်္ဂလားဒေ့ရှ်ဖက်က နေရပ်စွန့်ခွာတဲ့ ဘင်္ဂါလီတွေကိုလည်း ပြန်လည် လက်ခံမှုတွေ ရှိနေတယ်ပေါ့နော်။ အဲဒီအပေါ်မှာလည်း ဆရာမတို့ ရခိုင်လူထုတွေအပြင် လူမှုအဖွဲ့အစည်းတွေ၊ ဆရာမတို့ ရခိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ပူးပေါင်း ပါဝင်လုပ်ဆောင်ဖို့ လိုအပ်တယ်”ဟု သုံးသပ်သည်။

ရခိုင်အမျိုးသားပါတီသည် ဗဟိုကော်မတီကို အဖွဲ့ဝင် ၃၉ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ကော်မတီဝင်များ နှုတ်ထွက်ခြင်းနှင့် ထုတ်ပယ်ခံရမှုများ ရှိသည့်အတွက် လက်ရှိတွင် ၃၀ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ANP ပါတီမှ ပထမဦးဆုံး ပါတီဝင်အဖြစ်မှ ရပ်စဲခံရသူမှာ လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် ဖြစ်ပြီး အဆိုပါ ရာထူးကို လက်ခံခဲ့ခြင်းကြောင့် ရပ်စဲခံရခြင်းဖြစ်သည်။ လက်ရှိတွင် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်က ပါတီဝင်အဖြစ်မှ လည်းကောင်း၊ ဗဟိုကော်မတီဝင် အဖြစ်မှ လည်းကောင်း နှုတ်ထွက်ကြောင်း စာတင်ခဲ့သည်ဟုလည်း သိရသည်။

အလားတူ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းသည် ရခိုင်ပြည် နယ် လွှတ်တော် ဒုဥက္ကဌနေရာအား ဝင်ရောက်အရွေးချယ်ခံရာမှ ပါတီကို အသိမပေးခြင်းကြောင့်ဟုဆိုကာ ANP က ထုတ်ပယ်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက မိမိ သဘောဆန္ဒအလျောက် နှုတ်ထွက်စာ တင်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ မှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဖြစ်သည်။ ယင်းပါတီသည်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၂၃ နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိခဲ့သလို ၂၀၁၇ ကြား ဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၁ နေရာ ထပ်မံ အနိုင်ရရှိထားသော ပါတီ တခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading