သတင်း

နိုင်ငံတကာက ရခိုင်အရေးတွင် အမိန့်ပေး ဆရာကြီးလုပ်နေဟု ကာဒီနယ်ချားလ်စ်ဘို ဝေဖန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဝိုင်း၍ လက်ညိုးထိုး အမိန့်ပေး ဆရာကြီး လုပ်နေကြကြောင်း ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် (မြန်မာနိုင်ငံ၏ ရဟန်းအမတ်) ကာဒီနယ် ချားလ်စ်ဘိုက ဝေဖန်ပြောကြားလိုက်သည်။

ယမန်နေ့က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွင် ၎င်းမှ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနိုင်ငံသစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံတကာ၏ဝေဖန်ရှုံ့ချမှုများကြောင့် လမ်းချော်သွား၍ မဖြစ်ကြောင်း သတိပေးခဲ့သည်။

ကာဒီနယ်ချားလ်စ်ဘိုက “လူတိုင်းက မြန်မာပြည် ဘာလုပ်ရမလဲ ဝိုင်းပြီးတော့ လက်ညိုးထိုးအမိန့်ပေးနေ ကြတယ်။ ဆရာကြီးလုပ်နေကြတယ်။ ဒီအချိန်မှာ ကျနော်တို့ စည်းလုံးညီညွတ်ဖို့လိုပါတယ်။ တယောက်စီရဲ့ ကောင်းကွက်တွေကို အပြန်အလှန်အသိအမှတ်ပြုဖို့ရာ လိုအပ်ပါတယ်။ ကျနော်တို့မှာ ကိုယ့်ပြဿနာကိုယ်ရှ င်းဖို့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားနဲ့ အစွမ်းအစတွေရှိတယ်ဆိုတာ ကမ္ဘာကြီးကို သိစေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာရပ်များအပေါ် ဘာသာရေးပဋိပက္ခအသွင် ပုံဖော်ဖန်တီးမှုများ ရှိနေချိန်တွင် နိုင်ငံအတွင်း ဘာသာပေါင်း စုံညီညွတ်စွာ နေထိုင်လျှက်ရှိကြောင်း ပြသလိုသည့်အနေဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ဦးဆောင်ကာ ဘာသာပေါင်းစုံဆုတောင်းပွဲကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “မြန်မာနိုင်ငံတော်ကြီးဟာ ငြိမ်းချမ်းသာယာပြီး ဘာသာပေါင်း စုံ အတူယှဉ်တွဲ နေထိုင်နေကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ဒီကနေ့ သက်သေပြခဲ့ကြတာပဲ ဖြစ်ပါတယ်”ဟု ဆုတောင်းပွဲတွင်ပြောသည်။

ဆုတောင်းပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၊ မဟာယန ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာခေါင်းဆောင် ဆရာတော်များတက်ရောက်ကာ မေတ္တာတရားဖြင့် ဘာသာပေါင်းစုံ ကိုးကွယ်ကြသည့် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြရန် တိုက်တွန်းပြောကြားခဲ့ကြသည်။

ဘာသာပေါင်းစုံ ယှဉ်တွဲနေလျှက်ရှိရာတွင် ဘာသာတခုနှင့်တခု တိုက်ခိုက်ခြင်း၊ ပုတ်ခတ်ခြင်း၊ အမုန်းတရားတိုး စေရန် ဟောပြောခြင်းများ မပြုလုပ်ဘဲ ရိုးရိုးသားသား သာသနာပြုကြရန်နှင့် ဤနိုင်ငံမှရေ ကိုသောက်၊ ဤနိုင်ငံ မှ ထမင်းကိုစားလျှင် မည်သည့်နိုင်ငံအပေါ် သစ္စာရှိရမည်ကို ပညာဉာဏ်ရှိသူတိုင်း သိရှိကြကြောင်း မဟာယန ဗုဒ္ဒဘာသာမှ ဦးအာစရက မိန့်ကြားသည်။

အစ္စလာမ်ဘာသာရေး ခေါင်းဆောင် တဦးကလည်း နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရန်နှင့် ဥပဒေများကို လေးစား လိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ကိုးကွယ်ခွင့်၊ ဘာ သာရေး ဆောင်ရွက်ခွင့်ရရှိစေရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း၊ မိမိတို့အနေဖြင့် ယခင်ကဲ့သို့ တယောက်နှင့်တယောက် အမြင်ကြည်သည့် ချစ်ခင်ရင်းနှီးမှုများကို ပြန်လည်လိုချင်ကြောင်း ပြောကြားခဲ့သည်။

မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း မြန်မာအစိုးရ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများရှိရာ မွတ်စလင် ဦးရေ ၅ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း ခန့်မှန်းပြောဆိုလျှက်ရှိသည်။

စက်တင်ဘာလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း မြန်မာ့အရေးကိုဆွေးနွေးခဲ့ကြပြီး ဗြိတိန်၊ ပြင်သစ်အစရှိတဲ့ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading