• English
Tuesday, December 5, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          ကြိုးစားလျှင် မည်သူမဆို သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန်ပြော

          by ထက်နိုင်ဇော်
          11 October 2017
          in သတင်း
          Reading Time: 1 min read
          A A
          ယနေ့ နေပြည်တော်ရှိ ဒို့သမ္မတ တက္ကသိုလ် ဝင်တန်း ပညာရေးကူညီမှု သင်တန်းကျောင်း တွင် တွေ့ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

          ယနေ့ နေပြည်တော်ရှိ ဒို့သမ္မတ တက္ကသိုလ် ဝင်တန်း ပညာရေးကူညီမှု သင်တန်းကျောင်း တွင် တွေ့ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

          20.2k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံတွင် ရိုးသားကြိုးစားသူ မည်သူမဆို သမ္မတ ဖြစ်နိုင်သောကြောင့် လူကောင်းလူတော် ဖြစ်အောင် ကြိုးစား ကြရန် သမ္မတဟောင်း ဦးသိန်းစိန်က ၎င်းကိုယ်ကို ဥပမာပေး၍ ယနေ့ နေပြည်တော်ရှိ “ဒို့သမ္မတ တက္ကသိုလ် ဝင်တန်း ပညာရေး ကူညီမှု သင်တန်းကျောင်း”တွင် ကျောင်းသားများကို တိုက်တွန်း ပြောကြားလိုက်သည်။

          “ငါလို ကျေးလက်မှာ မွေးတဲ့လူတယောက်က သမ္မတတယောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ဘာကြောင့် ဖြစ်လာလဲ ဆို ရင် တောသူ တောင်သားကနေ ကြိုးစားလို့ ဖြစ်လာတာ။ မင်းတို့ကိုလည်း ကြိုးစား စေချင်တယ်။ ရိုးသား ကြိုးစားပြီး ကိုယ်ကျင့် တရားကို တည် ဆောက်စေချင်တယ်။ ရိုးသားမှုကို အခြေခံပြီး ကြိုးစားရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူး ဆိုတာ မရှိဘူး”ဟု ဦးသိန်းစိန်က ပြောသည်။

          RelatedPosts

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          4.8k
          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

          4 December 2023
          1.2k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          24.1k

          ၎င်း ကူညီထောက်ပံ့နေသည့် နေပြည်တော် ဇမူသီရိမြို့နယ်ရှိ “ဒို့သမ္မတ တက္ကသိုလ် ဝင်တန်း ပညာရေးကူညီမှု သင်တန်း ကျောင်း”သို့ ယနေ့ နံနက်ပိုင်းက ကန်တော့ခံရန် ရောက်ရှိလာပြီးနောက် သမ္မတဟောင်းက ၎င်း၏ ငယ်ဘဝ တွင် ဆင်းရဲစွာ ဖြတ်သန်းခဲ့ရပုံများနှင့် ပညာရှာခဲ့ရပုံများအား ကျောင်းသားများကို ပြောပြခြင်း ဖြစ်သည်။

          ၎င်းအနေဖြင့် သမ္မတတယောက် ဖြစ်လာရန် အိမ်မက်ပင် မမက်ဘူးဘဲ အမြင့်ဆုံး ရည်မှန်းချက်သည် တက္ကသိုလ် ဘွဲ့ ရရှိရန် ဖြစ်ကြောင်း၊ ထိုသို့ ကြိုးစားရင်းဖြင့် အရည်အချင်း ရှိလာသည့်အခါ သမ္မတ ဖြစ်လာခဲ့ကြောင်း၊ ထို့ကြောင့် ကျောင်းသားများ အနေဖြင့် ရည်မှန်းချက် မြင့်မြင့်ထားကြရန် လိုကြောင်းလည်း ပြောသည်။

          “သမ္မတဖြစ်လာတော့ အသက်မွေးဝမ်းကျောင်း ပညာတွေလည်း တတ်မြောက်ပြီးတော့ ကိုယ့်ဘဝက ထူထူ ထောင် ထောင် နဲ့ ဖြစ် လာတယ်။ ကိုယ့်ဘဝထူထောင်နိုင်မှ မင်းတို့တွေ အိမ်ထောင်ရက်သား ပြုကြမယ်။ ကိုယ့်ကိုလည်း မှီခို ကြလိမ့်မယ်။ ငါတို့က ဆင်းတောင့်ဆင်းရဲနဲ့ ပညာသင်ရပေမယ့် ရာထူးတွေ ဘာတွေ ရလာတော့ တို့သားသမီးတွေကျ တော့ မဆင်းရဲ တော့ဘူး”ဟု သမ္မတဟောင်းက ပြောသည်။

          ၎င်း၏ သားသမီးများ လက်ထက်တွင် လျှပ်စစ်မီးဖြင့် စာဖတ်လာနိုင်ကြောင်း၊ မော်တော်ကား မစီးနိုင်သော်လည်း စက်ဘီး စီးနိုင် လာကြောင်း၊ ၎င်းမှာ ကျောင်းသို့ ရာဘာဖိနပ်ဖြင့် ခြေလျင် လျှောက်ခဲ့ရကြောင်း၊ မြေးများ လက်ထက် သို့ ရောက် သော အခါ ကားပင် စီးလာနိုင်၍ သစ်တပင်ကောင်း၊ ငှက်တသောင်း နားနိုင်ဆိုသကဲ့သို့ သစ်ပင်ကောင်း တပင် ဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

          ဦးသိန်းစိန်က “ငါတို့ ကြိုးစားလိုက်တဲ့အတွက်ကြောင့် သားသမီးတွေမှာ ကောင်းကောင်းမွန်မွန်နဲ့ ပညာသင်ရတယ်။ ကောင်း ကောင်းမွန်မွန် စားနိုင် သောက်နိုင်တယ်။ သူတို့လည်း ဘွဲ့တွေ အကုန်ရကြတယ်။ ငါတို့ မြေးတို့ကျတော့ ကောင်း ကောင်း မွန်မွန် ပိုပြီးနေရတယ်။ သမ္မတမြေးတွေ ဖြစ်ပြီး ကျောင်းတက်တော့ ကားနဲ့ဘာနဲ့ ဖြစ်ကုန်ပြီ။ အဲဒီတော့ သစ်တပင် ကောင်းလို့ရှိရင် ငှက် တသောင်း နားခိုလို့ ရတယ်”ဟု ပြောသည်။

          “ဒို့သမ္မတ” တက္ကသိုလ် ဝင်တန်း ပညာရေး ကူညီမှု သင်တန်းကျောင်း တည်ထောင်သူ ဦးသွင်စစ်နိုင်အောင် ကလည်း “သမ္မတကြီး ဦးသိန်းစိန်ကလည်း လိုအပ်တာတွေ အကုန်လုံးကို ပံ့ပိုးပေးပါတယ်။ စီးပွားရေး တက္ကသိုလ်နဲ့ GTI တက် နေ တဲ့ ကလေး တွေကို ပညာသင်ထောက်ပံ့ကြေး ပေးပါတယ်။ ဒီကအောင်တဲ့ကလေးတွေကို သမ္မတကြီးက ကျောင်း ဆက်ထားပေးတာပါ”ဟု မီဒီယာများသို့ ပြောသည်။

          ယခု ကျောင်းမြေနေရာကို ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးတင့်ဆန်းက ကူညီပေးထားခြင်းဖြစ်ပြီး ကျောင်းအသစ် ရရှိရန် သမ္မတဟောင်း ဦးသိန်းစိန်က မြေဝယ်၊ ကျောင်းဆောက်ပေးမည်ဟု ပြောထားကြောင်း၊ ယခုကျောင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကျောင်းသား ၂၁၀ ခန့် ပညာသင်ကြားနေကြောင်း သိရသည်။

          တပ်မတော်တွင် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဦးသိန်းစိန်သည် တပ်မတော်မှ တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ ပါတီနှင့်အတူ အနိုင်ရ ကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးချယ်ခံရမှုဖြင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တိုင်းပြည်၏ ၉ ဦး မြောက် သမ္မတ ဖြစ်လာခဲ့သည်။

          တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ ဗိုလ်လောင်းဖြစ်လာခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ သင်တန်း ဆင်း ခဲ့ပြီး နော က် အဆင့်ဆင့် ရာထူးတိုးခဲ့ရာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီး၊ ၁၉၉၂ ခုနှစ်တွင် ရန်ကုန် စစ်ရုံးချုပ်တွင် စစ်ဦးစီး အရာရှိ၊ ၂၀၀၂ ခုနှစ် တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော် အေး ချမ်း သာယာရေးနှင့် ဖွံ့ဖြိုး ရေး ကောင် စီ အတွင်းရေးမှူး ၂၊ ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး ၁၊ ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

          ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကျုံကူးရွာဇာတိဖြစ်သူ ဦးသိန်းစိန်သည် မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်ပြီး ၎င်းက သားသမီး ၃ ဦး ထွန်းကားခဲ့ကာ လက်ရှိတွင် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ နေပြည်တော်တွင် နေထိုင် လျက် ရှိသည်။

          “အခုဆိုရင် ဘာမှ မပူရတော့ဘူး။ နေဖို့က အဆင်သင့်။ သွားဖို့လည်း မပူရဘူး။ ကြိုးစား အားထုတ်မှုကြောင့် ဒီလို အခွင့် အရေးတွေ ရတာ။ ရိုးရိုးသားသားနဲ့နေ။ ရိုးသားတယ်ဆိုတာ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်တရားဆိုတာ ကိုယ့်ဘာသာ တည်ဆောက်ယူရတာ။ အခြေခံ ၅ ပါး သီလလုံအောင် ထိန်းကြပါ။ ရိုးသားတယ်၊ ကြိုးစားတယ်ဆိုရင် ထူးချွန်တဲ့သူတဦး ဖြစ်လာမှာပဲ”ဟု သမ္မတဟောင်း ဦးသိန်းစိန်က ပြောသည်။

          မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍လည်း လက်ရှိ အစိုးရက အကောင်းဆုံး ကြိုးစား ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ၎င်းကိုယ်၎င်း သမ္မတတဦးဟု မသတ်မှတ်တော့ဘဲ လယ်သမားတဦး ဟု သတ်မှတ်ကာ လယ်စိုက်နေကြောင်း နေပြည်တော်ရှိ သတင်းထောက်တချို့ကို ယနေ့ ပြောပြခဲ့သည်။

          လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ယခင် စစ်အာဏာရှင်ခေတ်နှင့် နှိုင်းယှဉ်မည်ဆိုပါက သမ္မတ ဖြစ်နိုင် ခွင့်သည် ပိုမိုသိသာ လာသော်လည်း ယခင်က တပ်မတော်သို့ မဝင်ဘူးပါက၊ စစ်သား မဖြစ်ဘူးပါက ယင်းရာထူးကို မှန်းရန် မလွယ်ကူကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင်မူ ပါတီတခုကို ဦးဆောင်သူ ဖြစ်နေရန် မလိုအပ်ဘဲ နိုင်ငံ ရေး အရ ထူးချွန်ပြီး စည်းရုံးရေးအင်အား ကောင်းပါက သမ္မတ ဝင်ပြိုင်ခွင့်ရှိကြောင်း ပြောသည်။

          “သူက (ဦးသိန်းစိန်) အဲဒီလိုပြောတဲ့ အခါကျတော့ တပ်ထဲမှာ နေခဲ့တာကိုး။ တပ်ထဲမှာ နေခဲ့ပြီးတော့ ကျိုးကျိုးနွံနွံနဲ့ အထက်ပါပေးတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ပြီးတော့ ကိုယ့်ရဲ့ အရည်အချင်းကိုလည်း တဖက်က ဖြည့်ဆည်းပြီး တော့ ကျိုးနွံမှု၊ သစ္စာရှိမှုနဲ့ သမ္မတ ဖြစ်လာတာပေါ့”ဟု ဦးရဲထွန်းက ဆိုသည်။

          ယခုပါတီစုံ ဒီမိုကရေစီ ခေတ်စနစ်တွင်လည်း ဒုတိယသက်တမ်း သမ္မတ ဦးထင်ကျော်လက်ထက် အထိ ကျိုးနွံမှုက အဓိက အရည်အချင်းကဲ့သို့ ဖြစ်နေသေးကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ နှင့် တော်သည့် လူငယ်များလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

          Your Thoughts …
          Tags: သမ္မတဟောင်း ဦးသိန်းစိန်
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ကျင်းပသော အခမ်းအနား တက်ရောက်လာသူ သမ္မတဟောင်း ဦးသိန်းစိန်ကို အာဏာသိမ်းခေါင်းဆောင်က အလေးပြုနေစဉ်

          နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

          by ဧရာဝတီ
          31 March 2022
          14.8k

          တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းအဖြစ် အာဏာသိမ်းခေါင်းဆောင်က အငြိမ်းစား စစ်အရာရှိ ၂၅ ဦးကို ဂါရဝပြုခဲ့သည်။

          လူကိုယ်တိုင် သတင်းစကား ပေးပို့နိုင်ခဲ့သောကြောင့် သူ၏ ခရီးစဉ်အောင်မြင်သည်ဟု ဘန်ကီမွန်း ယူဆပုံရ

          မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ

          by ဧရာဝတီ
          2 May 2023
          12.7k

          ဘန်သည် သူ၏နေပြည်တော်ခရီးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့် လွန်ခဲ့သောကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။

          စစ်ယူနီဖောင်းဝတ် သမ္မတဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြင်ရသည် / Office of the Commander-in-Chief of Defense Services

          အစိုးရအဖွဲ့ဝင်ဟောင်းတွေ “စစ်သား ပြန်ဖြစ်သွားတဲ့ နေ့”

          by ငြိမ်းငြိမ်း
          28 March 2019
          22.2k

          မတ်လ ၂၆ ရက်နေ့ အခန်းအနားတခုတွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများကို စစ်ယူနီဖောင်းများနှင့် တွေ့ရသည်။

          နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် တွေ့ ရသည့် သမ္မတဟောင်း ဦးသိန်းစိန် / ထက်နိုင်ဇော် / ဧရာဝတီ

          ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန် ကူမည်

          by ထက်နိုင်ဇော်
          6 August 2020
          37.8k

          လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန်က အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။

          Next Post
          တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ကုန်တင်ယာဉ်  / Khonumthung Burmese

          ကလေး - တီးတိန်ကားလမ်းတွင် ယာဉ်တိမ်းမှောက် အမျိုးသမီး ၅ ဦး သေဆုံး

          လက်ပံတောင်းဒေသခံများ၏ ဆန္ဒပြသပိတ်စခန်း / မင်းနေထူး /  facebook

          ပိတ်ဆို့ခံရသည့် ဝမ်ပေါင်ကုမ္ပဏီပိုင်ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကယ်ထုတ်

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          2 days ago
          11.8k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          5 days ago
          10.6k

          Most Read

          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • လမ်ပန်းက ပြန်ခဲ့တယ်

            shares
            Share 0 Tweet 0
          • စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved