သတင်း

ပိတ်ဆို့ခံရသည့် ဝမ်ပေါင်ကုမ္ပဏီပိုင်ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကယ်ထုတ်

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း လုပ်ကိုင်ခွင့်ရ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီပြားများနှင့် အက်ဆစ်များတင်ဆောင်လာသည့် ကားလေးစီးကို ဒေသခံများက ပိတ်ဆို့ တားဆီးထားသည့်အတွက် ရဲနှင့် တပ်မှ လုံခြုံရေးပေးကာ ကားများ ထွက်နိုင်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရဲ နှင့် တပ် မှ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်က ကုမ္ပဏီပိုင် ကားများကို ဒေသခံများ ပိတ်ဆို့တားဆီးထားသည့် ကြားမှ ပြန်လည် မောင်းနှင်ထွက်သွားနိုင်စေရန် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့ထားသူများကိုမူ ဖမ်းဆီးခြင်း၊ ဖြိုခွဲခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ၊ ပုသိမ်-မုံရွာလမ်း အတိုင်း မောင်းနှင်လာသည့် ကုမ္ပဏီကား ၄ စီးကို မိုးကြိုးပြင်အလယ်ရွာထိပ်တွင် ပိတ်ဆို့တားဆီးခဲ့ကာ ဒေသခံများက ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အစီအရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ကို ဖော်ထုတ်ပေးရန်နှင့် သီးနှံလျော်ကြေး သုံးနှစ်စာပေးရန်အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းကစတင်၍ သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဒေသခံတဦးဖြစ်သူ ဒေါ်စန်းနွဲ့ကမူ “တပ်နဲ့ရဲ အင်အား ၃၀၀ လောက်နဲ့ ဖြိုခွဲခဲ့တာ၊ ဖမ်းဆီးတာ၊ ဒဏ်ရာရ တာတော့မရှိပါဘူး၊ အန်တီတို့က ကိုယ့််ရဲ့ရပိုင်ခွင့်လေးတွေ တောင်းဆိုတာပါ၊ သူပုန်တွေ၊ ဆိုးသွမ်း နေတဲ့သူ တွေမဟုတ်ဘူး၊ ဒီလိုတပ်အင်အားသုံး ဖြိုခွဲမလုပ်သင့်ဘူး”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

သပိတ်စခန်းဖွင့်သူများအနေဖြင့် စက်တင်ဘာ ၂၉ ရက်နေ့နှင့် အောက်တိုဘာ ၄ ရက်နေ့တို့တွင်လည်း ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ရှိသူများမှ လာရောက်ညှိနှိုင်းရာတွင်လည်း အဆင်ပြေမှုမရှိသဖြင့် စီမံကိန်းဆောင်ရွက်နေသည့် ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူများနှင့်သာ တိုက်ရိုက်ဆွေးနွေး လိုကြောင်း တောင်ဆိုခဲ့ကြခြင်းဖြစ်သည်။

လတ်တလောတွင်ပင် စီမံကိန်းဧရိယာ ခြံစည်းရိုးနှင့် ကျေးရွာများအကြား မြေယာများကို တဧကလျှင် ကျပ်သိန်း ၁၉၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး စာချုပ်စာတမ်း အထောက်အထားများလည်း လက်ဝယ်ရရှိထား ကြောင်း တုံတောကျောင်းကျေးရွာမှ ဒေါ်စန်းနွဲကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီအ ရင်ခံစာအရ အစားထိုး မြေယာ ဧက ၁၉၀၀ ကိုဖော်ထုတ်ပေးရန် ဖော်ပြထားသော်လည်း ယင်းအချက်အပေါ် တွင် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်နာမှုမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော်မရှင်အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်း၍ ထပ်မံစစ်ဆေး ဖြေရှင်းဆောင်ရွက်ပေးရန်လည်း ဒေသခံများက တောင်းဆိုကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြေယာလျော်ကြေးကို တဧကလျှင် ကျပ် ၁၈ သိန်းနှုန်း သာ ပေးသည့်အတွက် မြေယာလျော်ကြေးမယူသည့် ဧရိယာသည် ဧက ၂၀၀၀ ခန့်ရှိကြောင်း ဒေသခံများ ကပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading