သတင်း

တပ်မတော်က တရားစွဲဆိုထားသည့် ALP ပါတီဝင်ကို ထောင်ဒဏ် ၁ နှစ် ၆ လချမှတ်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ဂုဏ်သိက္ခာ ညိုးနွမ်းကျဆင်းစေသည်ဆိုသော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံထားရသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံ ကိုခိုင်မျိုးထွန်း အား စစ်တွေမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

ALP ပါတီ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံ ကိုခိုင်မျိုးထွန်းကို စစ်တွေမြို့နယ်တရားရုံးမှ အောက်တိုဘာလ ၁၂ ရက်နေ့က တပ်မတော် ဂုဏ်သိက္ခာ ညိုးနွမ်းကျဆင်းစေသည်ဆိုသောစွဲဆိုမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( ခ ) ၊ ၅၀၅ ( ဂ ) တို့အတွက် ပုဒ်မ တခုလျင် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်အား တပေါင်းတည်းချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ခိုင်မျိုးထွန်းက “ကျနော့်ကို ထောင်ချတာဟာ NCA ကိုထောင်ချလိုက်တာပဲ ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူစာချုပ်နဲ့ ၂၁ ပင်လုံကို သွားနေတဲ့ အခါ ၂၁ ပင်လုံကိုသွားနေတဲ့ NCA ကို သွားနေတဲ့ ကိုယ်စားလှယ် တယောက်ကို ထောင်ချလိုက်တာဟာ NCA ကိုထောင်ချလိုက်တာပါပဲ ” ဟု ပြောသည်။

၂၀၁၆ ခု ဧပြီလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA)နှင့် အစိုးရတပ်မတော်အကြား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီ ပြန်ကြားရေးဌာနက ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် တ စောင်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ရခိုင်ဒေသခံများကို တပ်မတော်မှ ပေါ်တာဆွဲခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာသားများ မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။

ALP ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်သည် ပြည်သူလူထုက တပ်မတော်အပေါ် ထင်ယောင်ထင်မှား ဖြစ်စေခြင်း ၊ တပ်မတော်၏ ဂုဏ်သိက္ခာ ညိုးနွမ်းကျဆင်းစေခြင်း၊ မမှန်မကန် သတင်းအချက်အ လက်များကို အသုံးပြု၍ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်အောင် ကြံရွယ်လုပ်ဆောင်သည်ဟုဆိုကာ ALP စည်း/ပြန် ဒုတာဝန်ခံ ခိုင်မျိုးထွန်းအား ဥပဒေအရ အရေးယူပေးပါရန် ဒကစ (စစ်တွေ) မှ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင့်နိုင်ထွန်းက တရားလိုလုပ်၍ စစ်တွေမြို့နယ် တရားရုံး သို့ ဦးတိုက်လျှေက်ထားကာ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို တရားရုံး၌ စစ်ဆေးရာတွင် ရုံးချိန်းပေါင်း ၄၀ ကျော်ထိရှိခဲ့ပြီး ကိုခိုင်မျိုးထွန်းမှာ ချုပ်ရက်ဖြင့် ထောင်တွင် ၁ နှစ်နှင့် ၂ လ နေခဲ့ရပြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading