ဖိလစ်ပိုင် မာရာဝီမြို့မှာ ယနေ့မနက်က ဖြစ်ပွားတဲ့ တိုက်ပွဲကြီးမှာ အရေးပါတဲ့ အကြမ်းဖက် တိုက်ခိုက် ရေး ခေါင်းဆောင်တွေဖြစ်တဲ့ အစ္စနီလွန် ဟပီလွန်နဲ့ အိုမာမောက်တီတို့ကို ဖိလစ်ပိုင် စစ်တပ်က အသေဖမ်းဆီး ရမိလိုက်ကြောင်း ဖိလစ်ပိုင်သတင်းတွေက ထုတ်ပြန်ပါတယ်။
အသေဖမ်းဆီးမိတဲ့ အစ္စနီလွန် ဟပီလွန်ဟာ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ် သလို၊ အိုမာမောက်တီဟာလည်း မောက်တီအကြမ်းဖက်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ကြောင်း၊ အနီးကပ် တိုက်ပွဲမှာ အသေဖမ်းဆီးမိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အကြမ်းဖက်သမားတွေ လက်ကနေ ဓားစာခံ ၁၇ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါ တယ်
ဖိလစ်ပိုင် စစ်ဘက်အရာရှိတဦးကတော့ မာရာဝီမြို့ကို အကြမ်းဖက်သမားတွေလက်မှနေပြီး ဒီအပတ် ထဲမှာ အပြီးသိမ်းမယ်လို့ ဆိုပါတယ်။
တခြားသော စစ်ဘက်ထိပ်တန်း ခေါင်းဆောင်တွေကလည်း IS နဲ့ ချိတ်ဆက်ထားတဲ့ အကြမ်းဖက် သမားတွေ သိမ်းပိုက်ထားတဲ့ မာရာဝီမြို့ တိုက်ပွဲတွေဟာ ကာလကြာရှည်ဖြစ်ပွားနေတာဖြစ်ပြီး၊ မကြာခင်မှာတော့ အလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်ပြီးရင် အပြီးသတ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဖိလစ်ပိုင် အစိုးရတပ်သား ၂၀ခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
IS နဲ့ ချိတ်ဆက်ထားတဲ့ အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီ မြို့ကို နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ အကူအညီနဲ့ ပြီးခဲ့တဲ့ မေလက သိမ်းပိုက်ထားခဲ့တာဖြစ် ပါတယ်။