• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးတွင် မတရားအသင်း ပုဒ်မဖြင့် ပရဟိတသမားတဦး ဖမ်းဆီး တရားစွဲဆိုခံရ

by မင်းအောင်ခိုင်
16 October 2017
in သတင်း
A A
ကိုအမ်းသားကြီးအား (တီရှပ် အဖြူနှင့် လက်ထိပ် ခတ်ထားသူ) မြောက်ဦး တရားရုံးတွင် ယနေ့ ရုံးထုတ် မြင်ကွင်း  / ဧရာဝတီ

ကိုအမ်းသားကြီးအား (တီရှပ် အဖြူနှင့် လက်ထိပ် ခတ်ထားသူ) မြောက်ဦး တရားရုံးတွင် ယနေ့ ရုံးထုတ် မြင်ကွင်း / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ဦး မြို့တွင် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ကိုအမ်းသားကြီး (ခ) ကိုသန်းရွှေ ဆိုသူကို မြောက်ဦး မြို့မ ရဲစခန်းက အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးပြီး မတရား အသင်း ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယနေ့တွင် မြောက်ဦးမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ကိုအမ်းသားကြီး အမှုအား လိုက်ပါ ဆောင်ရွက် ပေးနေသော ရှေ့နေ ဦးထွန်းလှက ပြောပြသည်။

RelatedPosts

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
1
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
1
ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
623

ရှေ့နေ ဦးထွန်းလှက “မနေ့က ညနေပိုင်းက ကိုအမ်းသားကြီး အဖမ်းခံရပါတယ်။ ဒီနေ့ပဲ မြောက်ဦးမြို့နယ် တရားရုံး မှာ မတရားအသင်း ၁၇ (၁) ၊ ၁၇ (၂)နဲ့ တရားစွဲတင်ပါတယ်။ ဖမ်းတာကတော့ AA ဘောလုံးပွဲ ကျင်းပဖို့ စီစဉ်တဲ့ မြတန်ဆောင်း ရာတော်နဲ့ ကိုခိုင်နေမင်းတို့ အမှုမှာကတည်းက သူ့ကိုလည်း ထည့်ပြီးတော့ အမှုတွဲထားတဲ့ အမှုပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းရန် မြောက်ဦး မြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

ကိုအမ်းသားကြီးသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက မြောက်ဦးမြို့၌ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော် (AA) နေ့ကို ဂုဏ်ပြုကြိုဆိုသည့် အနေဖြင့် ရက္ခိုင့်တပ်မတော် ဖလား ဘောလုံးပွဲ ကျင်းပရန် စီစဉ်မှုဖြင့် ထောင်ဒဏ် ချမှတ် ခံထားရသော မြတန်ဆောင်း ဆရာတော်နှင့် ကိုခိုင်နေမင်းတို့ အမှုတွင် အမှုတွဲအဖြစ် ထည့်သွင်းကာ ဖမ်းဝရမ်း ထုတ် ခံရပြီး မြောက်ဦးမြို့သို့ ရောက်ရှိစဉ် ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုအမ်းသားကြီး အမှုအား မြောက်ဦးမြို့နယ် တရားရုံးက အောက်တိုဘာ ၂၅ ရက်နေ့တွင် ဒုတိယ အကြိမ် ရုံးချိန်း ပေးထားပြီး လက်ရှိအချိန်တွင် မြောက်ဦးမြို့မှ စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များက ပြော သည်။

ကိုအမ်းသားကြီးသည် မင်းပြားမြို့နယ် အမ်းသား ကျေးရွာတွင် နေထိုင်သူ တဦးဖြစ်ပြီး မကြာသေးခင်က ဖြစ်ပွား ခဲ့ သော မောင်တော အရေးအခင်းတွင်လည်း သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့ကို ဦးဆောင်၍ လူမှုကူညီ ထောက်ပံ့ရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့သည် ရခိုင်အခြေစိုက် လူမှုရေးအဖွဲ့ တခုဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း ပညာသင် ထောက်ပံ့ရေး၊ စစ်ဘေးရှောင် အရေး၊ ရေဘေး ကယ်ဆယ်ရေး စသည့် လုပ်ငန်းများတွင် တက်ကြွစွာ ကူညီ ဆောင်ရွက် ပေးနေသော အဖွဲ့ဖြစ်သည်။

မြောက်ဦးမြို့ မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရက္ခိုင့် တပ်မတော် (AA) ၈ နှစ် မြောက်မွေးနေ့အား ဂုဏ်ပြုသော အားဖြင့် ရက္ခိုင့်တပ်မတော် ဖလား ကျောင်းသား ဘောလုံး ပွဲ ကျင်းပရန် စီစဉ်ခဲ့မှုကြောင့် မြတန်ဆောင်း ဆရာတော်နှင့် ကိုခိုင်နေမင်း တို့ကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့ဖြင့် မြောက်ဦး အခြေစိုက် အစိုးရ ခြေမြန် တပ်ရင်း (ခမရ) ၅၄၀ တပ်ရင်းမှ ဗိုလ်မှူး ဝင်းကျော် က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မြောက်ဦးမြို့နယ် တရားရုံးက ၎င်းတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီးခံလိုက်ရသော ကိုအမ်းသားကြီးသည် ပွဲကျင်းပရန် စီစဉ်သော မြတန်ဆောင်း ဆရာတော် အဖမ်းခံလိုက်ရသည့် နောက်နေ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဆရာတော် စီစဉ်ခဲ့သည့် စာပေဟောပြောပွဲကို မြတန်ဆောင်း ကျောက်တိုက်အနီး ကွင်းပြင်တွင် ဆက်လက်ကျင်းပခဲ့ရာ ဒေသခံ လူပေါင်း ရာချီ တက်ရောက် အားပေးခဲ့ပြီး စာပေဟောပြောပွဲတွင် ကိုအမ်းသားကြီးက “တော်လှန်ရေးမှ အပ တခြား မရှိ” ခေါင်းစဉ် ဖြင့် တက်ရောက် ဟောပြောခဲ့ကြောင်းလည်း သိရသည်။

Your Thoughts …
Tags: AAမတရားအသင်း ဥပဒေ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နေပြည်တော်လေဆိပ် လက်နက်ဖမ်းဆီးရမိမှု နောက်ဆုံး အခြေအနေ (ရုပ်/သံ)

နေပြည်တော်လေဆိပ် လက်နက်ဖမ်းဆီးရမိမှု နောက်ဆုံး အခြေအနေ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဆွန်ကော့ရှန် တို့ အောက်တိုဘာ ၁၆ ရက်နေ့က ဆွေးနွေးစဉ်  / နိုင်ငံတော် အတိုင်ပင်ခံ ရုံး / FB

ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် အထူးသံတမန် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate