• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ဖယ်ရှားပေးရန် ဆန္ဒပြမှု ဖြစ်ပွား

by မင်းအောင်ခိုင်
18 October 2017
in သတင်း
A A
အောက်တိုဘာ ၁၇ ရက်က စစ်တွေမြို့ ANP ရုံးချုပ်ရှေ့တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းအောင်ခိုင်/ဧရာဝတီ)

အောက်တိုဘာ ၁၇ ရက်က စစ်တွေမြို့ ANP ရုံးချုပ်ရှေ့တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းအောင်ခိုင်/ဧရာဝတီ)

12.4k
VIEWS
Share on FacebookShare on Twitter

ရခိုင် အမျိုးသားပါတီ (ANP)၏ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး ဖြစ်သော ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် တို့ကို ပါတီမှ ဖယ်ရှားပေးရန် ယမန်နေ့က စစ်တွေမြို့ရှိ ပါတီ ဗဟိုဌာနချုပ်ရှေ့တွင် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားသည်။

အဆိုပါ ဆန္ဒပြပွဲကို စစ်တွေမြို့ စက်ရုံစု ရပ်ကွက်တွင် စုရပ်ပြုလုပ်၍ ANP ပါတီ၏ စစ်တွေမြို့နယ် ရပ်/ကျေး ဥက္ကဋ္ဌ ကိုအောင်ကိုမိုး ဆိုသူက ဦးဆောင်ပြီး “ ANP ကို ဖြိုခွဲသူ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးထွန်းအောင်ကျော် တို့ကို ပါတီမှ ဖယ်ရှားပေးရေး၊ ANP ဖြိုခွဲမည့် အကြံ ငါတို့ လက်မခံ၊ ANP ဖြိုခွဲသူ ငါတို့ ရန်သူ၊ မြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေအား လုပ်ကြံ ထုတ်သူများ ANP က ထွက်ထွက်” စသည့် ကြွေးကြော် သံများဖြင့် ပါတီ ဗဟိုဌာနချုပ် ရှေ့သို့ လာရောက် ဆန္ဒပြကြခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
50
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
587
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
184

အောက်တိုဘာ ၁၇ ရက်က ဆန္ဒပြရသည့် အဓိက အကြောင်းရင်းသည် ANP ပါတီ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေ အား ငွေကြေးကိစ္စ တိုင်းကြားခံရမှုနှင့် ပတ်သက်ပြီး ပါတီက စစ်ဆေးရန် ခေါ်ယူခြင်းကို လာရောက် ဖြေရှင်းမှု မရှိ၍ အောက်တိုဘာလ ၁၃ ရက်၊ ၁၄ ရက်နေ့က ကျင်းပသော ANP ပါတီ၏ ဗဟိုကော်မတီဝင်များနှင့် လွှတ် တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အစည်းအဝေးတွင် CEC များ၏ ဆုံးဖြတ်ချက်ဖြင့် မဲခွဲကာ ပါတီမှ ထုတ်ပယ်ခြင်း အပေါ် မကျေနပ်သည့်အတွက် ဆန္ဒပြမှု ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ANP ပါတီ ခေါင်းဆောင်များက ပြောဆိုသည်။

ယင်းသို့ ဦးအောင်သန်းဝေအား ပါတီမှထုတ်ပယ်ရန် CEC များ လျှို့ဝှက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထုတ်ပယ်သင့်ကြောင့် ဆန္ဒပြုသူ ၁၂ မဲ၊ အဆင့် လျှော့ ချသင့်ကြောင်း ဆန္ဒပြုသူ ၇ မဲ၊ ကြားနေ မဲ ၂ မဲ စသည်ဖြင့် မဲပေးခဲ့ကြသည့် အတွက် ထုတ်ပယ် လိုက်ခြင်း ဖြစ်ကြောင်း၊ ဦးအောင်သန်းဝေသည် ပြီးခဲ့သောနှစ်က စစ်ဘေးရှောင်များ အတွက် ကူညီပံ့ပိုးသည့် ငွေကြေး ကိစ္စတွင် စာရင်းရှင်းလင်း ခြင်း မရှိကြောင်း တိုင်ကြားခံရ၍ ပါတီတာဝန်ရှိသူများက စစ်ဆေးရန် အကြိမ်ကြိမ် ခေါ်ယူ ခဲ့ သော်လည်း လာရောက်ခြင်း မရှိသောကြောင့် ပါတီမှ စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာမှု မရှိဟု စုံစမ်း စစ်ဆေးရေး အဖွဲ့က ဆုံးဖြတ်ပြီး ထုတ် ပယ် လိုက်ခြင်း ဖြစ်ကြောင်းလည်း ANP ခေါင်းဆောင်များက ပြောသည်။

ဦးခိုင်ပြည်စိုးက “ကျနော် ပြောချင်တာက ဆန္ဒပြတာက မြို့နယ်ပါတီက လူတွေ လာပြကြတာ မဟုတ်ပါဘူး။ ခုလာပြတာ က ကလေးတွေလည်း ပါတယ်။ ကျောင်းသားတွေလည်း ပါတာတွေ့တယ်။ ဘာမှမသိတဲ့ ပန်းရန်တွေလည်း ပါလာတယ်။ ပါတီက ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ လာပြရင်တော့ စဉ်စားဖို့ လိုလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ဦးအောင်သန်းဝေကို ငွေကြေးကိစ္စ တိုင်ကြားခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်တဲ့အခါ လာရောက်ခြင်း မရှိ ဘူး။ ကျနော်တို့ အချိန်ယူပြီး စောင့်ဆိုင်း ထားခဲ့ပါသေးတယ်။ အမှန်အမှားကို လာရောက် ပြောဆိုခြင်းမရှိဘူး။ အဲဒါကြောင့် ထုတ်ပယ်ဖို့ CEC မဲခွဲ ဆုုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်တာပါ။ ဘာပုဂ္ဂိုလ်ရေးမှလည်း မပါဘူး”ဟု ပြောပြသည်။

ယင်းသို့ ပါတီရုံးရှေ့ လာရောက် ဆန္ဒပြသည့်အချိန်တွင် ဦးခိုင်ပြည်စိုးနှင့် ဦးထွန်းအောင်ကျော်တို့ အပါအဝင် ပါတီ ထိပ်ပိုင်း ခေါင်းများလည်း ပါတီရုံးတွင် ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။

စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ကတည်းက ၎င်းအား ထုတ်ပယ်ရန် ကြိုတင်ကြံစည် ထားသည်ကို တွေ့ရှိရကြောင်း၊ ငွေကြေးကိစ္စ ဆိုသည်မှာလည်း စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအေးသိန်း တာဝန်ယူခဲ့စဉ်က ဖြစ်ခဲ့သောကိစ္စ ဖြစ်၍ ဦးအေးသိန်း နှင့်သာ သက်ဆိုင်ကြောင်း၊ တဦးတယောက်ကို လွှဲပေးခဲ့သည် ဆိုလျှင်လည်း မည်သူ့ကို လွှဲပေးခဲ့သည်ကို ဦးအေးသိန်းအား မေးမြန်းလျှင် သိနိုင်ကြောင်း ဦးအောင်သန်းဝေ က ပြောဆိုသည်။

ဦးအောင်သန်းဝေ အနေဖြင့် ၎င်းထုတ်ပယ် ခံရသည့် အဓိက အကြောင်းရင်းသည် ပါတီအတွင်း တပည့်မွေး၊ ဆရာမွေး အုပ်စု ဖွဲ့သော အကြောင်းရင်းခံသာ ဖြစ်ပြီး လက်အောက်ခံ အဖြစ် မဝင်ရောက်သူများကို ရှင်းထုတ်ခြင်းတခုသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ ထုတ်ပယ်သည့် အကြောင်းကြားစာ တရားဝင် ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ပါတီတွင် ဆက်လက် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း ဦးအောင်သန်းဝေက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအောင်ကိုမိုးကလည်း ဆန္ဒပြရခြင်းတွင် ပါတီ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခိုင်ပြည်စိုး နှင့် ဦးထွန်းအောင်ကျော် တို့သည် စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ (ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) ဦးအေးသိန်း အနေဖြင့် ဥက္ကဋ္ဌ နေရာမှ တရားဝင် နုတ်ထွက်စာ တင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဦးအေးသိန်းအား ပါတီ ဗဟိုရုံး သို့ ခေါ်ယူပြီး မြို့နယ် ပါတီရုံးအား ပါတီ ဗဟိုရုံးတွင် ယာယီထားစေကာ စစ်တွေမြို့နယ်အတွင်းက ရပ်/ကျေးများကို ခေါ်ယူ အစည်းဝေး ပြုလုပ် စေခြင်းသည် ပါတီပြိုကွဲရန် လုပ်ဆောင်ခြင်းမျိုး ဖြစ်ကြောင်း ပြောသည်။

ကိုအောင်ကိုမိုးက “ကျနော်တို့ ဆန္ဒပြတာဟာ ANP ပါတီကို ဆန္ဒပြတာ မဟုတ်ပါဘူး

။ အပေါ်မှာရှိနေတဲ့ ခေါင်းဆောင် တွေရဲ့လုပ်ရပ်ကို မီးမှောင်းထိုးပြချင်တဲ့ အတွက်ကြောင့် ဆန္ဒပြရတာပါ။ မြို့နယ် ဥက္ကဋ္ဌ ဦးအေးသိန်းက သူ့ဟာသူ ပါတီက တရားဝင် နုတ်ထွက်စာ တင်တာကို သူတို့ ၂ ဦး (ဦးခိုင်ပြည်စိုးနှင့် ဦးထွန်းအောင်ကျော်) က သူ့ကို ပါတီဗဟိုရုံးကို ခေါ် တယ်။ ပြီးရင် မြို့နယ် ပါတီရုံး ယာယီအဖြစ် ရပ်/ကျေးတွေကို ခေါ်ပြီးတော့ အစည်းအစည်း လုပ်ခိုင်းတယ်။ အဲဒီလို ပါတီ မြို့နယ် ရုံးရှိပါလျက် ဗဟိုပါတီရုံးမှာ အစည်းအဝေး လုပ်ခိုင်းတာဟာ ပါတီပြိုကွဲအောင် လုပ်နေတာလို့ မြင်တယ်” ဟု ပြောဆို သည်။

ယင်းဆန္ဒပြပွဲတွင် လူပေါင်း ၁၀၀ ခန့်ပါဝင်ပြီး ကျောင်းစိမ်းဝတ်စုံများနှင့် ကလေးများလည်း ပါဝင်သည်ကို တွေ့ရသည်။ ထိုသို့ ကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင်ထားသော ကလေးများ ပါဝင်လာခြင်းအပေါ် ဆန္ဒပြခေါင်းဆောင် ကိုအောင်ကိုမိုး က ဆန္ဒပြရာတွင် ထိုကလေးများ၏ အဘိုး၊ အဘွားများ ပါဝင်သည့်အတွက် လိုက်ပါလာခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

Your Thoughts …
Tags: ANP ပါတီ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက တွေ့ရသည့် ANP ပါတီ / ဧရာဝတီ

ANP ပါတီ ဆက်ရပ်တည်နိုင်ရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ

by ဧရာဝတီ
13 March 2022
9.1k

ANP ပါတီသည် တချိန်က လူထုထောက်ခံမှုကို တခဲနက် ရရှိမှုနှင့်အတူ ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင် အနိုင်ရရှိ ထားသော ပြည်နယ်အတွင်းက အင်အားကြီးပါတီတခု ဖြစ်ခဲ့သော်လည်း ပြည်သူလူထုက လက်မခံသည့် အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းသည့် နောက်ပိုင်းကတည်းက...

အစည်းအဝေးတခုတွင် အတူတွေ့ရသည့် ပါတီ ခေါင်းဆောင်များ  / ဧရာဝတီ

မုန်တိုင်းကြားက ANP ပါတီ

by ဧရာဝတီ
28 August 2021
33.6k

စစ်ကောင်စီနှင့် ပူးပေါင်းခဲ့သည့်အတွက် ရခိုင်အမျိုးသား ပါတီမှာ နိုင်ငံရေး အခွင့်အလမ်းထက် ပါတီတွင်း သဘောထား ကွဲလွဲခြင်း၊ ရခိုင်ပြည်သူလူထု၏ ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး မုန်တိုင်းထန်သော အကျပ် ရိုက်ခတ် မှုများကိုသာ ရရှိခဲ့သည်။

အရေးကြီးအဆိုတခု လွှတ်တော်တွင် ဆွေးနွေးခွင့် မရသဖြင့် မီဒီယာများနှင့် တွေ့ဆုံနေသည့် ရခိုင် အမတ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

ANP ပါတီ ၏ ရခိုင်ကိစ္စ အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခွင့် မရ

by ထက်နိုင်ဇော်
24 November 2016
21.7k

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များ သည် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့်အတွက် ထိုအကြမ်းဖက် လုပ်ရပ်များ လုံးဝ ချုပ်ငြိမ်းသွားသည်အထိ

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စစ်တွေမြို့တွင် လှည့်လည်စည်းရုံးရေးဆင်းနေသည့်  ANP ပါတီဝင်များ / ဧရာဝတီ

စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ

by ဧရာဝတီ
13 October 2022
2k

မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်အတူ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို အကာကွယ်ယူပြီး တိုက်ပွဲ ဖော်ဆောင်ခြင်း

ရခိုင်အမျိုးသားပါတီရုံး  / မင်းအောင်ခိုင် / ဧရာဝတီ

ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော

by မင်းအောင်ခိုင်
13 July 2020
11.3k

ANP ပါတီ၏ အလံ၊ တံဆိပ် စသည့် ပါတီ အရှိန်အဝါဖြင့် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အား ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးသွားသည့် အချိန်မှသာလျှင် နုတ်ထွက် ခွင့်ပြုရန် ပါတီညီလာခံက...

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန် / ဇော်ဇော်

အပစ်ခတ် ရပ်စဲရေးအတွက် သဘောထားကြီးပေးပါ

by ငြိမ်းငြိမ်း
9 October 2019
15.1k

ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကို ဧရာဝတီ သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။

Next Post
ဘာသာရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးမှာ အသုံးချချင်တဲ့ပုံစံမျိုးလုပ်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး (ရုပ်/သံ)

ဘာသာရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးမှာ အသုံးချချင်တဲ့ပုံစံမျိုးလုပ်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး (ရုပ်/သံ)

လွှတ်တော် ဆဋ္ဌမ အကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဓာတ်ပုံ- ဧရာဝတီ)

လွှတ်တော် ဆဋ္ဌမ အစည်းအဝေးများတွင် ဥပဒေကြမ်း ၁၇ ခု ဆွေးနွေး အတည်ပြုမည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate