• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောတွင် ကျပ်သိန်း ၂၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

by မင်းအောင်ခိုင်
19 October 2017
in သတင်း
A A
တရားခံများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်  / မောင်တောခရိုင်ရဲတပ်ဖွဲ့

တရားခံများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် / မောင်တောခရိုင်ရဲတပ်ဖွဲ့

8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၂ရက်တာအတွင်း ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆေးပြားများကို ဖမ်းဆီးရမိရန် သတင်းအရ စုံစမ်းမှုများပြုလုပ်ခြင်း အပါအဝင် ရဲလုပ်ထုံး၊ လုပ်နည်းအတိုင်း နည်း လမ်းပေါင်းစုံသုံးကာ ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြော သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
193
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
47

ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက “ကျနော်တို့ ရဲလုပ်ငန်းအရ နည်းလမ်းပေါင်းစုံသုံးပြီး ဖော်ထုတ် ဖမ်းဆီးတာပါ။ လူရော၊ ကားရော၊ ပစ္စည်းရော မိထားပြီးဆိုတော့ တရားခံတွေကို အမှုဖွင့်စစ်ဆေး နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘူးသီး တောင်မြို့ဘက်မှ မောင်း နှင်လာသော NISSAN အနက်ရောင် ကားတစီးအား ရပ်တန့်စေခဲ့ရာ ယာဉ်မောင်း မင်းအောင်နိုင် ဆိုသူမှ ကားရပ်ကာ ထွက်ပြေးသွားပြီးနောက် ယာဉ်နောက်ခန်း အံဝှက်အတွင်းမှ ဆာလာအိတ်( ၄)အိတ်တွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာ မှိုင်းခံစက္ကူ ဖြင့် ထုတ်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား ၉၅၅၅၀၀ ပြား၊ ကာလတန်ဖိုး သိန်းပေါင်း ၁၉၁၁၀ ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် တွေ့ရှိသော တရားခံဖြစ်သူ ၂ ဦးကိုလည်း အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့နယ် ရပ်ကွက်(၅) ၌ ကား လမ်းမပေါ်တွင် HI -JET အ ဖြူရောင်ကားပေါ်မှ အဖြူရောင် ဆာလာအိတ် ၂ အိတ်အတွင်းမှ WY စာတမ်းပါ ဆေးပြား ၄၅၀၀၀၀ ကျော်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်အားလည်း ဖမ်းဆီးရမိခဲ့ပြီး တရားခံဖြစ်သူ ညီညီ (၂၂ နှစ်) အား အမှုဖွင့် စစ်ဆေးနေ ကြောင်းလည်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသောတရားခံများကို မူးယစ်ဆေးဝါး ပုဒ်မများဖြင့် မောင်တောမြို့မ ရဲစခန်းမှ အမှုဖွင့် စစ်ဆေး လျက်ရှိပြီး ယင်းတရားခံများမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် နေထိုင်သူများဖြစ်ကြောင်း သိရ သည်။

ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး ရှာဖွေနေစဉ်

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှနေ ဇူလိုင်လအထိ ၇ လအတွင်း WY စိတ်ကြွ ရူးသွပ်ဆေးပြား ကာလ တန်ဖိုး ၁၂ ဒသမ ၇၃၈၆ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းသို့ စိတ်ကြွဆေးပြားများကို စံချိန်တင် ဖမ်းဆီးရမိရာတွင် စစ်တွေမြို့နယ်နှင့် မောင်တောမြို့နယ် များတွင် အများဆုံး ဖမ်းဆီးရမိကြောင်း၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာတွင် WY စိတ်ကြွ ဆေးပြားများအပြင် ဆေးခြောက်၊ ဗျူပရီနော်ဖိန်း များကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကနေ ဇူလိုင်လအထိ ဆေးခြောက် ၄၀၇၃၁ . ၅ ဂရမ် ကာလတန်ဖိုး ကျပ် ၁၂၂၁၉၄၅၀နှင့် နော် ဖိန်း ၁၀၄၃ ပုလင်း ကာလတန်ဖိုး ကျပ် ၃၁၂၉၀၀၀ တို့ ဖမ်းဆီးရမိခဲ့ကြောင်း လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

၎င်း မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် တရားခံ ကျား ၉၄ ဦးနှင့် မ ၁၂ ဦး၊ တရားခံ စုစုပေါင်း ၁၀၆ ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်၏မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများကို နှိမ်နင်းရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မေယုအ မည်ရှိ စစ်ဆင်ရေးတရပ်ကို ဆင်နွှဲကာ ဖမ်းဆီးခဲ့မှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများမှာ လက်ရှိ အချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်သည်။

Your Thoughts …
Tags: စိတ်ကြွဆေးပြား
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိသည့် မူးယစ်ဆေးများ။

မူးယစ်ရာဇာ ၂ ဦးကို စိတ်ကြွဆေးပြား ၉ သန်းနီးပါးနှင့်အတူ ရန်ကုန်မှာဖမ်းမိ

by ထွန်းထွန်း
30 October 2020
36.8k

မက်သာဖက်တမင်း (ICE) နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ချိနေသည့် မူးယစ်ရာဇာ နှစ်ဦးအား စိတ်ကြွဆေး ပြား ၈.၉ သန်းနှင့်အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖမ်း မိကြောင်း မူးယစ်ရဲတပ်ဖွဲ့က...

၂၀၁၆ ဇွန်လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၇ သန်းတန် မူးယစ်ဆေးများကို ရန်ကုန် အစိုးရက ဖျက်ဆီးရန် ပြင်ဆင်နေစဉ် / ဧရာဝတီ

ဘူသီးတောင်တွင် တပ်မတော်အရာရှိနှင့် အဖွဲ့ထံမှ ကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

by ခင်ဦးသာ
2 May 2017
21.1k

ဘူးသီးတောင်အခြေစိုက် တပ်ရင်းတခုမှ တပ်မတော်အရာရှိတဦးပါဝင်သည့် အဖွဲ့ထံမှ ကျပ်သိန်း ၉,၀၀၀ ခန့် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ

ဖမ်းမိ မူးယစ်ဆေးများနှင့် တရားခံ / ဧရာဝတီ

မောင်တောတွင် ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများဖမ်းမိ

by မင်းအောင်ခိုင်
22 August 2017
8.1k

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးအုပ်စု၊ ဇူလာရွာကျေးရွာအတွင်း ကျပ်သိန်းပေါင်း ၃ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သန်းခန့်ကို သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း

စိတ်ကြွဆေးပြား တပြားရဲ့ တန်ဖိုးက ကျဆင်းလာခဲ့ပြီး အသုံးပြုသူ ပမာဏကတော့ ပိုမို တိုးတက်လာခဲ့တယ်လို့ သိရပါတယ်

စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ ရှေ့တန်းရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံများ

by ညီညီသူ
11 June 2019
17.6k

အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ စိတ်ကြွဆေးသုံးစွဲမှုက ဗီယက်နမ်နိုင်ငံအတွက်တော့ ခြွင်းချက်တခုဖြစ်နေပေမယ့် ဗီယက်နမ်နိုင်ငံရဲ့ အဓိကပြဿနာကတော့ ဘိန်းဖြူပါ။

ထောင်သားအတွက် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ပေးသည့် မြောင်းမြထောင် ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်စန်း  / ဧရာဝတီ

ထောင်သားအတွက် စိတ်ကြွဆေး သယ်ပေးသည့် ထောင်ကြီးကြပ်ရေးမှူး အဖမ်းခံရ

by ဆလိုင်းသန့်စင်
17 November 2018
17.2k

ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်အတွင် ပြစ်ဒဏ်ကျခံနေသည့် ထောင်သားတဦးထံသို့ ပေးပို့ရန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မြောင်းမြအကျဉ်းထောင်မှထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမူး တဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးများလက်ဝယ်သိမ်းဆည်းမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ကျော်ဝင်း(ခ) လျိုရုန်းချမ်း  / ဒီလှိုင်းဝင်း

စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းမိသည့်အမှု ကွင်းဆက်တရားခံများကို ရှာဖွေနေဆဲ

by ဒီလှိုင်းဝင်း
7 July 2017
22.3k

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျော်ဝင်း (ခ) လျိုရုန်းချမ်း၊ ဇနီးဖြစ်သူ ဖူးဝေခိုင်းနှင့် အိမ်စောင့် အောင်မင်းထွန်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅၊ ၁၉ (က)၊ ၂၀ (က) နှင့် ၂၁ အရ...

Next Post
တရုတ် တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင် / Reuters

အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရုတ်တရားရေး ဝန်ကြီးဟောင်းကို ပါတီမှ ထုတ်ပယ်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate