• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရုတ်တရားရေး ဝန်ကြီးဟောင်းကို ပါတီမှ ထုတ်ပယ်

by ဧရာဝတီ
19 October 2017
in သတင်း
A A
တရုတ် တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင် / Reuters

တရုတ် တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင် / Reuters

7k
VIEWS
Share on FacebookShare on Twitter

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ အပြီးတွင် တရုတ်နိုင်ငံမှ တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင် (Wu Aiying) ကို အာဏာရ ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပြီး ၎င်း၏ လုပ်နည်းလုပ်ဟန်များတွင် ပြဿနာ ရှိကြောင်း ပထမဆုံးအကြိမ် ကြေညာသည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဝူအိုက်ယင် သည် ၂၀၀၅ ခုနှစ်မှ ယခုနှစ် ဖေဖော်ဝါရီလ အထိ တရားရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည် ဟု သူမ၏ တရားဝင် မှတ်တမ်းများ အရ သိရပြီး သူမသည် တရုတ်နိုင်ငံ၏ လက်တဆုပ် စာသာ ရှိသော အမျိုးသမီး ထိပ်တန်းအရာရှိများတွင် ပါဝင်သည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
1k
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
130
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.9k

အာဏာရပါတီ၏ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်သော ဗဟိုကော်မတီ၏ ၄ ရက်ကြာ အစည်းအဝေးအပြီး စနေနေ့ (အောက်တိုဘာ ၁၄ ရက်နေ့) နှောင်းပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ပါသည့် အဂတိလိုက်စားမှု အတွက် ပါတီမှ ထုတ်ပယ်သော အရာရှိများ၏ စာရင်းတွင် ဝူ၏ အမည်ကို တွေ့ရခြင်း ဖြစ်သည်ဟု Reuter သတင်းတွင် ဖော်ပြထားသည်။

ချုံကင်းမြို့တော်ပါတီ အကြီးအကဲ ဆန်းဇန်ကိုင် (Sun Zhengcai) အပါအဝင် အခြားအမည်များကို ယခင်ကပင် ဖော်ပြထားပြီး ဖြစ်သော်လည်း ဝူ၏ အမည်သည် မည်သည့် စုံစမ်းစစ်ဆေးမှုနှင့်မျှ ပတ်သက်ခဲ့ခြင်း မရှိပေ။

ဝူသည် စည်းကမ်းပိုင်ဆိုင်ရာ ပြင်းထန်သော ချိုးဖောက်မှုများ ရှိသည်ဟု စည်းကမ်း ထိန်းသိမ်းရေး ဗဟိုကော်မရှင်က တွေ့ရှိခဲ့သည် ဟု အဂတိလိုက်စားမှုကို ရည်ညွှန်းသည့် အသုံးအနှုန်းများဖြင့် ကြေညာခဲ့သော်လည်း အသေးစိတ်များကို ဖော်ပြထားခြင်း မရှိပေ။

ဝူ သည် တာဝန်ထမ်းဆောင်ချိန် အများစုတွင် နိုင်ငံအရှေ့ပိုင်းရှိ ရှန်ဒေါင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်နယ်ပါတီ ဒုတိယ အကြီးအကဲ ဖြစ်လာခဲ့သည်။ ထိုနောက် ၂၀၀၃ ခုနှစ် နှောင်းပိုင်းတွင် ဘေ့ဂျင်းသို့ ပြောင်းပြီး တရားရေး ဝန်ကြီးဌာန တွင် လုပ်ကိုင်ရသည်။

သမ္မတ ရှီကျင့်ဖျင် ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ တရားရေး အာဏာပိုင်များကိုလည်း ပစ်မှတ်ထားပြီး သြဇာ ကြီးမားလှသော ပြည်တွင်း လုံခြုံရေး အကြီးအကဲ ဇောင်ယောင်ကန် (Zhou Yongkang) နှင့် သူ၏ မဟာမိတ်များကိုလည်း ထောင်ဒဏ်များ ချမှတ်ထားသည်။

ဝူနှင့် ဇောင်တို့ အကြား ဆက်စပ်မှု ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။ အစိုးရပိုင် ဘေ့ဂျင်းသတင်း နိုင်ငံရေး ကဏ္ဍ၏ WeChat အကောင့်က ဝူသည် စကားကို အတည်အခန့် အဖြောင့်အတိုင်း ပြောတတ်သူ ဖြစ်ကြောင်း တခါက လက်အောက် ငယ်သား တယေက်ကို အစည်းဝေးခန်းတွင်း အော်ဟစ်ရင်း မိုဘိုင်းဖုန်းနှင့် ပစ်ပေါက်ခဲ့ကြောင်း ဖော်ပြသည်။

ကွန်မြူနစ်ပါတီ၏ အဓိကကျသော ၅ နှစ် တကြိမ် ကွန်ဂရက် မကျင်းပမီ ရက်ပိုင်းအလိုတွင် ဝူကို ပါတီမှ ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်။ ထိုကွန်ဂရက်တွင် ရှီကျင့်ဖျင်သည် သူ၏အာဏာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပြီး သူ၏ မဟာမိတ်များနှင့် လက်ထောက်များကို နေရာ ပိုမိုပေးလာမည် ဟု မျှော်လင့်ရသည်။

ကိုးကား ။ ။ Reuters

Your Thoughts …
Tags: တရုတ်တရားရေး ဝန်ကြီးဟောင်း ဝူအိုက်ယင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဖြိုးကိုကိုတင့်ဆန်းအမှု ပုဒ်မသုံးခု ထပ်တိုး

ဖြိုးကိုကိုတင့်ဆန်းအမှု ပုဒ်မသုံးခု ထပ်တိုး

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate