သတင်း

အစိုးရကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းသွားမည့် ခရီးစဉ် ရက်မသတ်မှတ်နိုင်သေး

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး ဖော်ဆောင်နေသော အစိုးရ ကိုယ်စားလှယ်အဖွဲ့“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ပန်ဆန်းသို့ သွားရောက်မည့် ခရီးစဉ် ရက်မသတ်မှတ်နိုင်သေးကြောင်း ငြိမ်းချမ်းရေးကော်မရှင်(PC)မှ ဦးအောင်စိုးက ပြောသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ဒုတိယအပတ်အတွင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဌာနချုပ် ပန်ဆန်းသို့ သွားရောက်ကာ ခေါင်းဆောင် များအား တွေ့ ဆုံကာ ဆွေးနွေးမှု တချို့ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သို့သော် ၂၀၁၇ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနား ကျင်းပ နိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်နေရခြင်းနှင့် ကျင်းပခဲ့ခြင်းကြောင့် ပန်ဆန်းခရီးစဉ် မသွား ရောက်နိုင်ပဲ ဖြစ်ခဲ့ရာ ယခု ခရီးစဉ် ဖြစ်မြောက်ရေးအတွက် ရက်ညှိနှိုင်းနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်(PC)မှ ဦးအောင်စိုးက “ပန်ဆန်း ခရီးစဉ် ရက်ညှိနှိုင်းနေတုန်းပဲ ရှိပါသေး တယ်။ ရက်မသတ်မှတ်နိုင်သေးဘူး။ အခုမှ ကျနော်တို့လည်း ပြန်ပြီး ကြိုးစားနေလို့ပါ။ NCA နှစ်နှစ်ပြည့် အခမ်းအနားပွဲ မတိုင်ခင်ကတော့ စီစဉ်ရှိတယ်။ ပွဲပြီး နောက်ထပ်ကို အစီအစဉ် ပြန်ဆွဲနေပါတယ်။ ညှိနှိုင်းနေပါတယ်”ဟု ပြောသည်။

ပန်ဆန်းခရီးစဉ် ဖြစ်မြောက်ခဲ့ပါက UWSA ခေါင်းဆောင်များနှင့် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးသွားနိုင်ကြောင်း ၎င်းက ပြောသည်။

UWSA ၏ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက “ ဘာမှတော့ မကြားသေးဘူး။ အစိုးရ ကိုယ်စားလှယ် တွေ ပန်ဆန်းကို လာမယ့်ကိစ္စ၊ ရက်ညှိနှိုင်းနေကြတုန်းပဲ”ဟု ပြောသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် UWSA ခေါင်းဆောင်များ တွေ့ဆုံဖြစ်ပါက ဒေသဖွံ့ဖြိုးရေး၊ မူးယစ် ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ စီးပွားရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးနိုင်ကြောင်း UWSA ဘက်မှ သိရသည်။

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ကိစ္စရပ်များကို UWSA ဘက်မှ ဆွေးနွေးမည်မဟုတ်ပဲ ထိုကိစ္စများကို ဆွေးနွေး မည်ဆိုပါက FPNCC အဖွဲ့ဝင်များ အားလုံးပါမှသာလျှင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

UWSA နှင့် မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့အား တွေ့ဆုံ ဆွေးနွေးရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်(PC)ဒုဥက္ကဌ ဦးသိန်း ဇော်မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကပင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်က UWSA မှ ခေါင်းဆောင်ပိုင်းများနှင့် အဖွဲ့ဝင်များ နေပြည်တော်သို့ လေ့လာရေး ခရီး ရောက်ရှိလာကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ခဲ့ကြသေးသည်။

UWSA သည် ၁၉၈၉ ခုနှစ်မ စတင်ကာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်က ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့ကို သမ္မတဟောင်း ဦးသိန်းစိန်နှင့် လက်ရှိ သမ္မတဦးထင်ကျော် အစိုုးရတို့က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင် လက်မှတ်ရေးထိုးရန် ကမ်းလှမ်း ခဲ့ကြသော်လည်း UWSA ဘက်မှ လက်မှတ်မထိုးရန် ဆုံးဖြတ်ထားသည်။

လက်ရှိတွင် UWSA သည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)တို့ဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို ဖွဲ့စည်းကာ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်းမဆွေးနွေးပွဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် စသဖြင့် ထုတ်ပြန် ကြေညာထားသည်။

အစိုးရနှင့် တပ်မတော်ဘက်ကမူ NCA လမ်းကြောင်းအတိုင်းသာ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ FPNCC ကို တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း၊ FPNCC ပါ အဖွဲ့ဝင်များ အစုအဖွဲ့ခွဲကာ တွေ့ဆုံနိုင်ကြောင်း သဘောထား မှတ်ချက် ပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading