• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာနန္ဒာဘုရား ဂေါပကအဖွဲ့ အရေးယူ ခံရဖွယ်ရှိဟု ဆို

by ထက်နိုင်ဇော်
20 October 2017
in သတင်း
A A
အာနန္ဒာဘုရား အဝင်အား ကွန်ကရစ်လမ်းများ ခင်းနေမှု မြင်ကွင်း / မောင်မောင်သန်း facebook မှကူးယူဖော်ပြသည်

အာနန္ဒာဘုရား အဝင်အား ကွန်ကရစ်လမ်းများ ခင်းနေမှု မြင်ကွင်း / မောင်မောင်သန်း facebook မှကူးယူဖော်ပြသည်

8k
VIEWS
Share on FacebookShare on Twitter

ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံရှိ အာနန္ဒာဘုရား တောင်ဘက်မုခ် အဝင်လမ်း ကွန်ကရစ်လမ်း ခင်းခဲ့သည့် ဘုရား ဂေါပက အဖွဲ့ကို စုံစမ်းစစ်ဆေး၍ ဖော်ထုတ် အရေးယူသွားရန် ရှိကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီး သူရ ဦးအောင်ကိုက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က အာန္ဒနာဘုရားရှိ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခဲ့သည့် ဂေါပက အဖွဲ့ တာဝန်ရှိသူ များကို အရေးယူခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပြီး ယခုကိစ္စတွင်လည်း လိုအပ်ပါက စုံးစမ်း၍ အရေးယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
951
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
665
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
190

“အဲဒီကိစ္စမှာတုန်းကလည်း အာနန္ဒာ ဂေါပကအဖွဲ့ တာဝန်ရှိတဲ့ လူတချို့ကိုလည်း အရေးယူခဲ့တယ်။ ဖယ်ရှားခဲ့တယ်လို့ သိရ ပါတယ်။ အခုလည်း အာနန္ဒာနဲ့ ပတ်သက်ပြီးတော့မှ လိုအပ်ရင် ဒါကို စုံစမ်းစစ်ဆေးပြီးတော့မှ ဖော်ထုတ်အရေးယူဖို့ ရှိမှာပါ”ဟု သူရ ဦးအောင်ကို က ပြောဆိုသည်။

ယင်းကွန်ကရစ်လမ်း ခင်းရန်အတွက် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လမ်းဦးစီး ဌာန၊ မြေစာရင်း ဌာန၊ မြို့နယ် အုပ်ချုပ်ရေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ပြီး အဖွဲ့ဖြင့် ဆုံးဖြတ်ခဲ့ပြီးနောက် ဂေါပက အဖွဲ့က လုပ်ငန်း အကောင်အထည် ဖော်ပေးရခြင်း ဖြစ်ကြောင် ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးက ဧရာဝတီသို့ ပြော သည်။

“ကျနော်တို့က သဘောရိုးနဲ့ အကောင်အထည် ဖော်ပေးတာ။ ကျနော်တို့လည်း ပြန်ဖြေရှင်းရမှာပေါ့။ ဘာရည်ရွယ်ချက်နဲ့မှ တော့ မဟုတ်ပါဘူး။ လမ်း သာယာ လှပရေးအတွက် လုပ်တဲ့ သဘောပါပဲ။ အဖွဲ့ခေါင်းဆောင်က လမ်းဦးစီးကပါ။ ဂေါပက တဖွဲ့တည်းရဲ့ သဘောထားလည်း မဟုတ်ပါဘူး”ဟူ ဦးအေးက ရှင်းပြသည်။

ယခုအခါ ကွန်ကရစ် လမ်းခင်းနေမှုကို ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ဘူဒိုဇာနှင့် ထိုးကော်၍ ရှင်းလင်းလိုက်ပြီ ဖြစ် ကြောင်း၊ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကွန်ကရစ် လမ်းခင်းခြင်းကို မည်သည့်နေရာတွင်မျှ ခွင့်ပြုမည် မဟုတ်ကြောင်း ယဉ်ကျေးမှုနှင့် သာသာနာရေး ဝန်ကြီးက ပြောသည်။

သူရ ဦးအောင်ကို “ရှေးဟောင်း သုတေသနက ကန့်ကွက်တော့ ဂေါပကအဖွဲ့က ရပ်ထားပါတယ်။ ဂေါပကကို မေးလိုက် တော့ အထက်က အုပ်ချုပ်ရေး အရာရှိက တာဝန်ပေးတာလို့ ပြောပါတယ်။ အဲဒီလို ပြောလို့မိုလို့ ချက်ချင်း ဆိုင်းငံ့ထားပါ။ ဒီလို နေရာမှာ ခေတ်ပေါ် ကွန်ကရစ် လမ်းတွေ ခင်းခွင့် မရှိပါဘူး။ ယူနက်စကို ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေအရ ဖြစ် တယ်လို့ လှမ်းတားထားပါတယ်”ဟုလည်း ပြောပြသည်။

တပ်မတော် အစိုးရလက်ထက် နိုင်ငံတော် အကြီးအကဲ ခရီးစဉ်တခု ရှိ၍ အာနန္ဒာ ဘုရားရှိ နံရံဆေးရေး ပန်းချီများကို ထုံး သုတ် ခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ အကူအညီဖြင့် ပြန်လည် ပြုပြင်နေရာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျ နေပြီ ဖြစ်ကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် အဆိုပြုလွှာ တင်သွင်းခဲ့ပြီး ဖြစ်၍ ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က တရားဝင် လာရောက် လေ့လာတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Your Thoughts …
Tags: ပုဂံ အာနန္ဒာ ဘုရား
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Woodside သည် မြန်မာ့ကမ်းလွန်တွင် ၂၀၁၇ ခုနှစ် အတွက် စီစဉ်ထားသော တွင်း ၅ တွင်းကို တူးဖော်ခဲ့

Woodside ၏ သဘာ၀ ဓာတ်ငွေ့ ရှာဖွေရေး ၂၀၁၈ ကုန်မှ ပြန်စမည်

မြို့ပြနေ အနှေးယာဉ်လုပ်သားတို့ ဘ၀ (ရုပ်/သံ)

မြို့ပြနေ အနှေးယာဉ်လုပ်သားတို့ ဘ၀ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate