• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာ အခက်အခဲကြုံပါက အစိုးရကူညီမည်

          by နန်းလွင်နှင်းပွင့်
          26 October 2017
          in သတင်း
          Reading Time: 1 min read
          A A
          လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းဝင်းအတွင်း မြင်ရစဉ် / ဧရာဝတီ

          လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသော ဒုက္ခသည်များကို တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းဝင်းအတွင်း မြင်ရစဉ် / ဧရာဝတီ

          5.3k
          VIEWS
          Share on FacebookShare on Twitter

          ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒုက္ခသည် (IDPs) စခန်းများတွင် စားနပ်ရိက္ခာ လုံလောက်မှုမရှိပဲ အခက်အခဲကြုံနေရပါက နိုင်ငံတော်အစိုးရမှ ကူညီမည်ဖြစ်သဖြင့် စခန်း တာဝန်ခံများက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ(NRPC)ကို အကူအညီတောင်းနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။

          ဦးဇော်ဌေးက “ IDPs စခန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မူဝါဒပေးပြီးသား။ ပေးပြီးသားက ဒီလူတွေအတွက် စားရေးသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်လုံးကို ကျနော်တို့ အစိုးရက ပေးမယ်။ သူတို့က NGOs တွေနဲ့ လုပ်နေတာတွေရှိတယ်။ NGOs တွေ ဖြတ်လိုက်လို့ သူတို့ မလုံလောက်ဘူးဆိုရင် ကျနော်တို့ NRPC ကိုတင်ပါ။ NRPC က ကူညီပေးမယ်”ဟု ရှင်းပြသည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          8.3k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          601
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          6.5k

          ရှမ်းဒုက္ခသည်များနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “ရိက္ခာ မလောက်ငှဘူးဆိုရင် ကျနော် တို့ဆီကို မြန်မြန်တင်ပြပါ။ Refugee ဆိုရင်တော့ ထိုင်းနဲ့ညှိရမှာမို့ နည်းနည်း ရှုပ်တယ်။ ကိုယ့်ပြည်တွင်းမှာ ရှိတာကတော့ ချက်ခြင်း လက်ငင်းလုပ်ပေးလို့ ရပါတယ်။ ကချင်မှာ ရှိတဲ့ CSO တွေလည်း ဒေါက်တာ ဝင်းမြတ်အေးနဲ့ ပေါင်းပြီး အခု လုပ်နေတယ်။ ရှမ်းဘက်မှာ လုပ်ချင်တယ်ဆိုရင်လည်း လာတင်ပြပါ” ဟု ဧရာဝတီသို့ ပြောသည်။

          ဆက်လက်ပြီး ဦးဇော်ဌေးက NRPC တွင် ပုံမှန်ပြုလုပ်သည့် အစည်းအဝေး၌ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်၊ လွှတ်တော်နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ကိုယ်စားလှယ်များ ပါဝင်ပြီး IDPs များရိက္ခာလို အပ်သည့် ကိစ္စများကို တင်ပြထားချက်ရှိပါက ဆွေးနွေးဆုံးဖြတ်ကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ အရ သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ဝန်ကြီးဌာနများက ကူညီဆောင်ရွက်ပေးမည်ဟု ထပ်မံပြောသည်။

          စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို နိုင်ငံတော် အစိုးရမှ ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကူညီခြင်း၊ NRPC ရှိ ရန်ပုံငွေများဖြင့် ကူညီထောက်ပံ့ခြင်း၊ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) မှ ကူညီခြင်း ဟူသည့် နည်းလမ်း ၃သွယ် ဖြင့် ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

          အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတာဝန်ခံများက ဒုက္ခသည် စာရင်းနှင့် အခြေအနေများကို ရှင်းပြပြီး NRPC ထံ တင်ပြတောင်းဆိုခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင် (EAOs) များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တောင်းဆိုနိုင်သည့်အပြင် စစ်ရှောင်စခန်းများကို ကူညီနေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) များကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထံ တင်ပြတောင်းဆိုနိုင်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ အဆိုအရ သိရသည်။

          လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း အသီးသီးမှ ဒုက္ခသည် တသိန်းခွဲခန့်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ထောက်ပံ့မှုကို ရရှိနေလည်း ၂၀၁၆ ခုနှစ်မှစ၍ ထောက်ပံ့ မှုများကို လျော့ချထားသဖြင့် စားနပ်ရိက္ခာမလုံလောက်မှုများ ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံများက ဆိုသည်။

          ကချင်ပြည်နယ်တွင်းရှိ အစိုးရထိန်းချုပ်နယ်မြေနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသ ထိန်းချုပ်ရာနယ်မြေ ရှိ ဒုက္ခသည်များကို စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်များအား အစိုးရမှ ကူညီထောက်ပံ့ပေးနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ကို ခေါ်ယူ တွေ့ဆုံကာ ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကိုလည်း အကူအညီပေးရန် ညွှန်ကြားထားသည်ဟု သိရသည်။

          ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းဒေသတွင်လည်း စစ်ဘေးရှောင်စခန်း ၁၆၀ ကျော်ရှိပြီး အစိုးရထိန်းချုပ်နယ်မြေနှင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ ၂ ခုလုံး တွင် ပါဝင်သည်။

          အလားတူ ထိုင်း -မြန်မာနယ်စပ်တလျှောက်တွင်လည်း ဒုက္ခသည်ဦးရေ ၆၂၀၀ ကျော်ရှိသည့် ရှမ်းဒုက္ခသည်စခန်း ၆ ခုသည် ယခုအောက်တိုဘာလမှစပြီး ရိက္ခာများ ပြတ်တောက်နေမည် ဖြစ်သည်။

          ထိုစခန်းများသည် နိုင်ငံတကာမှ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိခဲ့သော်လည်း ဒုက္ခသည် များဆိုင်ရာ ကုလမသမဂ္ဂမဟာမင်းကြီးများရုံး (UNHCR) မှ မှတ်ပုံတင်ခွင့်မပေးထားသဖြင့် Refugee Card များ မရရှိထားပါ။

          ရှမ်းဒုက္ခသည်စခန်း ၆ ခုအနက် ကောင်းမုန်မုန်း၊ လွိုင်ကော်ဝမ်း၊ လွိုင်ဆမ်ဆစ်၊ လွိုင်တိုင်းလျန်း နှင့် လွိုင်လမ် စခန်း တို့သည် ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းတလျှောက်တွင် ရှိပြီး ကုန်းကျော်စခန်းသည် ထိုင်းနိုင်ငံနယ်နိမိတ် အတွင်း တည်ရှိနေသည်။

          ထိုစခန်း ၆ ခုကို ကွပ်ကဲသည့် ရှမ်းပြည်ဒုက္ခသည်များကော်မတီမှ အတွင်းရေးမှူး ဦးလုံးစိုင်းပိန်းက ၎င်းတို့တွင် စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေသဖြင့် အစိုးရမှ အကူအညီကို ရလိုကြောင်း၊ ၎င်းတို့သည် ပြည်တွင်းစစ်ကြောင့် ပြေးခဲ့ကြရသူများ ဖြစ်သဖြင့် အစိုးရမှ ကူညီပေးရန် မျှော်လင့်ကြောင်း ဧရာဝတီကို အောက်တိုဘာလ ၂၀ ရက်က ပြောဆိုထားသည်။

          ဦးဇော်ဌေး၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက ဦးလုံးစိုင်းပိန်းက နိုင်ငံတော်အစိုးရမှ ထိုကဲ့သို့ ကူညီနေသည့် အစီအစဉ်ကို ယခင်က မသိရှိ ကြောင်း၊ ယခုသိရပြီဖြစ်သဖြင့် ကော်မတီတွင်း ပြန်ဆွေးနွေးကာ အစိုးရနှင့် ဆက်သွယ်ရန် ဆောင်ရွက်သွားမည်ဟု ပြောသည်။

          ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ “ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ရှမ်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များကို အကူအညီမဖြတ်တောက်သင့်”ဟူသည့် သြဂုတ်လထုတ်ပြန်ချက်တွင် ရှမ်းဒုက္ခသည်စခန်း ၆ ခုမှ ဒုက္ခသည်များသည် UNHCR ၏ ဒုက္ခသည်မှတ်ပုံတင်ခွင့် မရရှိထားသဖြင့် တတိယနိုင်ငံသို့လည်း သွားခွင့်မရသူ များ ဖြစ်သည်ဟု ရေးသားထားသည်။

          အဆိုပါထုတ်ပြန်ချက်တွင် ရှမ်း IDPs များသည် ဝေးလံခေါင်သီသည့် တောင်ကုန်းများပေါ်တွင် နေထိုင်ရသဖြင့် စိုက်ပျိုးမြေ အခက်အခဲရှိကြောင်း၊ ကုန်းကျော်စခန်းသည် ထိုင်းနယ်နိမိတ်တွင်း ရှိသော်လည်း အခြားရှမ်း IDPs စခန်းများကဲ့သို့ စခန်းပြင်ပထွက်ကာ အလုပ်လုပ်ခွင့် မရကြောင်း၊ ရှမ်း IDPs ၏ နေရပ်ရင်းမှာလည်း “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ပြည်သူ့စစ်နှင့်တပ်မတော်တပ်စခန်းများ နေရာချထားသဖြင့် ပြန်ရန် အခြေအနေ လုံးဝမရှိနိုင်ပါဟု ရေးသားထားသည်။

          စခန်း ၆ခုအနက် လွိုင်တိုင်းလျန်းနှင့် လွိုင်ကော်ဝမ်းစခန်း ၂ခုကို ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က ထိုင်းနိုင်ငံအာဏာ ပိုင်များက ၎င်းတို့ နယ်နိမိတ်တွင်း ရောက်ရှိသည်ဟုဆိုကာ နေရာထိုင်ခင်းများ ဖျက်ဆီးပြီး မြန်မာနယ်နိမိတ်တွင်းသို့ ပြန်လည်ပြောင်းရွှေ့ခိုင်းခြင်းများနှင့် ကြုံထားရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

          လက်ရှိတွင် ရိက္ခာပြတ်တောက်နေသည့် ရှမ်းဒုက္ခသည်စခန်း ၆ခုသည် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲများ၊ ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် နေရပ်မှ ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်သည်။

          အစိုးရနှင့် RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) ချုပ်ဆိုထားသည်မှာ ၂ နှစ်ရှိပြီဖြစ်ပြီး RCSS သည် NCA အရ ကျင်းပပြုလုပ်နေသည့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများလည်း ပါဝင်ညှိနှိုင်း ဆွေးနွေးလျက်ရှိသည်။

          NCA လုပ်ငန်းစဉ်အရ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေးနေသည့် ကဏ္ဍ ၅ခုအနက် လူမှုရေးကဏ္ဍ၏ အောက်တွင် ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာပြေးရပြီး စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်နေသူများကို ကူညီပေးရန်အချက်အလက်များလည်း ပါရှိသည်။

          Your Thoughts …
          Tags: စစ်ဘေးရှောင်စခန်း
          နန်းလွင်နှင်းပွင့်

          နန်းလွင်နှင်းပွင့်

          ဧရာဝတီ

          Similar Picks:

          စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

          စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

          by Angshuman Choudhury
          21 October 2023
          6.7k

          စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

          စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်

          စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်

          by ဧရာဝတီ
          16 October 2023
          5.8k

          "မြန်မာစစ်တပ်ရဲ့ နောက်ထပ် လူသတ်တိုက်ခိုက်မှုက သူတို့ဟာ အရပ်သားအသက်ကို လုံးဝဂရုမစိုက်ဘူးဆိုတာ ထပ်မံ သက်သေပြလိုက်တာဖြစ်တယ်"

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          by ဧရာဝတီ
          26 September 2023
          1.5k

          အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်အုပ်စုများသည် Burma Act ဥပဒေ အတည်ပြုရေး လော်ဘီလုပ်ရာတွင်လည်း အရေးပါသောအခန်းမှ ပါဝင်ကြသည်။

          သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းတခု ၂၀၂၁ ခုနှစ်၊ မတ်လက လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခိုလှုံပုန်းရှောင်နေသူများ / KESAN

          လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

          by Carolyn Cowan
          22 May 2023
          4.9k

          သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကို KNU ၏ သစ်တောဌာန၊ ဒေသခံ ကရင်လူမှုအသိုက်အဝန်းများနှင့် KESAN တို့က ပူးတွဲ စီမံသည်။

          စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်၊ မိုးဗြဲမှ ပျက်စီးနေသော အိမ်များ / PKPF

          တပြေးတည်း ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ

          by ယုဇန
          28 June 2023
          6.2k

          ကယား၊ ကရင်နှင့် မွန်ပြည်နယ်များ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းများမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်များ၏ အမြောက်များဖြင့် ပစ်ခတ်မှုကို အပြင်ထန်ဆုံး ခံစားရသည်။

          အဆိုတော် ရှိုင်း / SHINE's Facebook

          ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားလှူပေးမယ့် အဆိုတော် ရှိုင်း

          by ဧရာဝတီ
          22 March 2021
          9.1k

          ငွေသားတွေကို စီမံ ခန့်ခွဲပြီး ဒီရက်ပိုင်းအတွင်း တိမ်ညို စစ်ဘေးရှောင်စခန်းအထိ ကိုယ်တိုင် သွားရောက် လှူဒါန်းပေးပါ့မယ်” လို့ ရှိုင်းက ဆိုပါတယ်။

          Next Post
          ဒီတပတ် ရန်ကုန်ရုပ်ရှင်

          ဒီတပတ် ရန်ကုန်ရုပ်ရှင်

          အကောင်တော့ အကောင်ပဲ

          အကောင်တော့ အကောင်ပဲ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved