• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်း ၂ ပါတီ ပေါင်းစည်းရေး မဖြစ်နိုင်သေးဟု ဆို

by ချစ်မင်းထွန်း
30 October 2017
in သတင်း
A A
ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပသော ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနား / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပသော ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနား / မျိုးမင်းစိုး / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပါတီကြီး ၂ ခုဖြစ်သော ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)နှင့် ရှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ ချုပ် (SNLD)တို့ ပေါင်းစည်းရေး မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် မဖြစ်နိုင်ဟု SNLD ပါတီဘက်မှ ပြောသည်။

SNLD နှင့် SNDP တို့ တပါတီတည်းအဖြစ် ပေါင်းစည်းရေး အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်က ၂ ကြိမ် ဆွေးနွေးခဲ့ကြသော်လည်း ယနေ့အထိ ညှိနှိုင်းမှု အဆင်မပြေဘဲ ဖြစ်နေကြောင်း သိရသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
94
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
38
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
953

တပါတီတည်း အဖြစ် ပေါင်းစည်းရေး မူဝါဒပိုင်းဆိုင်ရာများ ညှိနှိုင်းမရခြင်းကြောင့်ဟု ဆိုသော်လည်း မည်သည့် မူဝါဒ ပိုင်း ဆိုင်ရာများ ဖြစ်သည်ကိုမူ ပါတီ နှစ်ခုစလုံးက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

“အဓိက အတားအဆီးက မူဝါဒပဲ။ ဒါပေမယ့် သေချာတော့ မပြောနိုင်ပါဘူး။ အရင်ကတော့ လုပ်ခဲ့တာပဲ၊ အရင် တုန်း ကတော့ ညှိနှိုင်းထားတာတွေ ရှိတယ်။ ဒီကိစ္စကို ကျနော်တို့ဘာမှ ပြောလို့ မရသေးပါဘူး။ ဘာမှလုပ် မထားသေးဘူး။ ဘာမှ မစဉ်းစားသေးပါဘူး”ဟု SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

ကျားဖြူပါတီခေါ် SNDP သည် SNLD နှင့် ပေါင်းစည်းရေး သဘောတူညီကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၈ ရက် က ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ထံ သဘောထား တင်ပြခဲ့သည်။

ဦးစိုင်းညွန့်လွင်က “ကျနော်တို့ဆီ မရောက်ဘူး၊ သူတို့စာ မရောက်သေး ပါဘူး။ ကျနော်တို့ ဖေ့စ်ဘုတ်ပေါ်ပဲ တွေ့တယ်။ CSSU ကလည်း ဘာမှ မပြောသေးဘူး။ အဲ့ဒါကို ဆွေးနွေးပြီးမှပဲ ပြောလို့ရမယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ရှမ်းတိုင်းရင်းသား တဦးဖြစ်သူ စိုင်းသားက“ ပေါင်းစည်းစေချင်တာပေါ့။ ၂၀၁၅ မှာ သင်ခန်းစာ ရခဲ့ပြီလေ။ တပါတီတည်းဖြစ်ရင် အဲ့ဒီလောက် ဆုံးရှုံးမှုမရှိနိုင်ဘူး။ ၂၀၁၅ မှာ ရှမ်းပြည် အရှေ့ပိုင်းမှာဆိုရင် ရှမ်းပါတီမှ တနေရာမှ မရဘူး။ မဲကွဲနေလို့ပေါ့။ ၂ ပါတီ ဖြစ်နေတော့ ပြည်သူကလည်း ၂ ဖွဲ့ကွဲနေတာပေါ့။ ဒီအချိန် ပေါင်းစည်းသင့် ပါပြီ။ ဒီပေါင်းစည်းရေး ကလည်း သံဃာတော်နဲ့ ပြည်သူတွေ တောင်းဆိုလာတာ ကြာခဲ့ပါပြီ။ ၂၀၁၅ မတိုင်ခင်ကတည်းက ပေါင်းစည်း သင့်နေပါပြီ”ဟု ပြောဆိုသည်။

SNDP က CSSU ထံသို့ ပေးပို့သော စာထဲတွင် လက်ရှိ ရှမ်းနိုင်ငံရေးပါတီကြီး ၂ ပါတီသည် လာမည့် နိုင်ငံရေး အခြေအနေ အပေါ် အမျိုးသား အကျိုးစီးပွားကို အခြေခံ ဦးစားပေး၍ လက်ရှိ လျှောက်လှမ်းနေသော နိုင်ငံရေး လမ်းကြောင်း အသီးသီးမှ ပိုမို ကျစ်လျစ်ခိုင်မာသော လမ်းကြောင်းကို ဦးစားပေး ရွေးချယ်သင့်ပြီး ဖြစ်ကြောင်း ကျားဖြူ ပါတီ(SNDP)မှ ထင်မြင် ယူဆပါသည်ဟု ဆိုထားသည်။

ထို့နောက် ၂၀၁၅ မှစ၍ ပြည်သူလူထုကို နစ်နာစေခြင်းအား ရှောင်လွှဲနိုင်ရန်အတွက် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက် ပွဲတွင် ရှမ်းပါတီကြီး ၂ ပါတီမှ (က) မဲဆန္ဒနယ်မြေ ခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် (သို့မဟုတ်) ၊ (ခ) မြို့နယ်ခွဲခြား၍ ရွေးကောက်ပွဲဝင်ကြရန် (သို့မဟုတ်)၊ (ဂ) ပူးပေါင်းခြင်း အောင်မြင်ပါက ရှမ်းပါတီ တခုတည်း အမည် ဖြင့် ရွေးကောက်ပွဲဝင်ရန် CSSU ထံ တင်ပြထားသည်။

CSSU သည် ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်းလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ရှမ်းပြည်ညီညွတ်ရေးကော် မတီ တရပ်ဖြစ်ကာ ရှမ်းပြည်အရေးကိစ္စများ အပါအဝင် ရှမ်းလူမျိုးများ အခြေအနေ၊ ရှမ်းနိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်း ရေး အခြေအနေများ စသည့် အရေးကိစ္စများကို ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော ကော်မတီ တရပ်လည်း ဖြစ်ကြောင်း သိရသည်။

ထိုကော်မတီတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA)၊ SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ် အဖွဲ့၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့ ပါဝင်ကြသည်။

ရှမ်းနိုင်ငံရေး လေ့လာသူ ဆိုင်းဝမ်ဖှက “CSSU မှာ ညီညွတ်ရေး အတွက် အရေးကြီးတဲ့ အဖွဲ့ဝင်ဆိုင်ရာ စံ သတ်မှတ် ချက်မူ ၊ ရေရှည် အမြော်အမြင်နဲ့ လက်နက်ကိုင်တွေရဲ့ တဖွဲ့ချင်း ရပ်တည်ရေး ဦးစားပေး မူဝါဒတွေ စတဲ့ အားနည်း တာဟာ အားလုံးကို ဒုက္ခပေးနိုင်တယ်”ဟု ပြောဆိုသည်။

SNLD သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က မဲဆန္ဒနယ် ၅၆ နေရာကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၃ နေရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများကိုမူ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၀ အနိုင်ရရှိခဲ့သလို ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက် ပွဲ တွင် ရှမ်းပြည်နယ် အတွင်း မဲဆန္ဒနယ် ၇ နေရာ ဝင်ရောက် အရွေးချယ်ခံရာ ကိုယ်စားလှယ် ၆ ဦး ထပ်မံ အနိုင်ရရှိခဲ့ သည်ဟု ဆိုသည်။

SNDP သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ ဦး စုစုပေါင်း ၅၇ နေရာ အနိုင်ရခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့သည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲ၌ မဲဆန္ဒနယ် ၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အနိုင်မရရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: SNDPSNLD
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး စစ်ကောင်စီ ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး စစ်ကောင်စီ ဆွေးနွေး

by ဧရာဝတီ
25 June 2024
6.2k

"အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်းပွင့်လာပြီလို့ ကျနော်ယုံကြည်တယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ

by မောင်ကဝိ
2 June 2025
5.5k

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ရေး စိတ္တဇအတွက် ကျော်ကြားနေတာ တော်တော်ကြာပြီ။

အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်

အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်

by ဗညားအောင်
20 January 2025
4.5k

စစ်တပ်အသုံးပြုပြီး အာဏာသိမ်းထားသော စစ်ကောင်စီအတွက် စစ်ရေးအရ ရှုံးနိမ့်ခြင်းသည် အရာရာ ဆုံးရှုံးတော့မည့် အစပြုချက် ဖြစ်နေ၏။

သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်

သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်

by မောင်ကဝိ
29 May 2025
3.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အရာရှိဟောင်းတွေ လွှမ်းမိုးတဲ့ USDP အတွက် မဲဆွယ်ပွဲ စတင်နေပုံရပြီလို့ လေ့လာသူတွေက ပြောပါတယ်။

ဖက်ဒရယ်ချည်း သွားလို့မရ ဒီမိုကရေစီနည်းနဲ့လည်း သွားရမယ်

ဖက်ဒရယ်ချည်း သွားလို့မရ ဒီမိုကရေစီနည်းနဲ့လည်း သွားရမယ်

by စောရယ်
15 February 2024
2.4k

SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ

by မောင်ကဝိ
28 June 2025
2k

စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ မြို့နယ် ၅၅ ခုရှိတဲ့ ရှမ်းပြည်နယ်မှာ ထောက်ခံမှု ရနေတယ်။

Next Post
အမျိုးသမီးပါဝင်မှု နည်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ / ချမ်းစွန်း / ဧရာဝတီ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ သဘောထားကို ချန်မထားသင့်

မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ

မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate