ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အနေဖြင့် အစိုးရနှင့် ၈ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ၎င်းတို့၏ အဆိုပြုချက်များ သဘောတူညီမှုရရှိပါက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး၍ နိုင်ငံရေးဆွေးနွေးပွဲကို သွားမည်ဟု ပြောသည်။
UNFC က ဖွဲ့စည်းထားသော နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) နှင့် အစိုုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ အကြား နိုဝင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ထိပ်တိုက် ဆွေးနွေးကြမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် ရလာဒ်ကောင်းများ ရရှိလိမ့်မည်ဟု DPN အဖွဲ့က မျှော်လင့် နေသည်။
DPN ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး က “ဒီအဆိုပြုချက် ၈ ချက်နဲ့ NCA စာချုပ်တိုု့ ကျေနပ်လောက်အောင် အခိုင်အမာ ချိတ်ဆက်နိုုင်ရင် NCA စာချုပ်ကိုထိုးဖိုု့ ဖြစ်နိုုင်တယ်။ ကျနော်တိုု့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုု အတူသွားဖို့ အစကတည်းက ဆန္ဒရှိပြီးသားပါ။ ဒီလို ဆန္ဒရှိ ပြင်းပြ နေတဲ့အတွက်ကြောင်းလည်းဒီအချိန်ထိ ဖြစ်နိုုင်မည့်နည်းလမ်းသစ်ကိုု ရှာဖွေရင်း ဒီအချိန် ရောက်ခဲ့တာပါ။ ပြေနိုုင်မယ်လိုု့လည်း ယုံုကြည်ချက်အပြည့်ရှိပါတယ်” ဟု UNFC သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NRPC ရုံးတွင် ပြုလုပ်မည့် ငြိမ်းရေးကော်မရှင်နှင့် ဆွေးနွေးပွဲ အတွက် DPN ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့် ကိုုယ်စားလှယ်အားလုံုး စုစုပေါင်း ၉ ဦးအပြင် တပ်ဘက်ဆိုုင်ရာကိုုယ်စားလှယ် ၄ ဦး နှင့် ရုံးအဖွဲ့ဝင်များ ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၆ ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိလာပြီဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် DPN နှင့် PC တို့အကြား ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် မပြီးပြတ်သေးဘဲ ကျန်ရှိနေသေးသည့် အဆိုပြုချက် အမှတ် ၅ ဖြစ်သော တပ်ပိုင်းဆိုင်ရာ ကိစ္စကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်ဟုဆိုသည်။
ထို့အတူ ပြီးခဲ့သော ၇ ကြိမ်မြောက်ဆွေးနွေးပွဲတွင် အတည်ပြုမှု ရရှိပြီးဖြစ်သော အဆိုပြုချက် ၁ နှင့် ၂ တို့ကို PC ဘက်မှ ပြန်လည်ဆွေးနွေး လာပြီး ပြင်ဆင်ရန် လိုလားနေသဖြင့် ထိုအချက်များအပါအဝင် အချက် ၈ နှင့် ကျန်အချက် အချို့ကိုလည်း ထပ်မံ ဆွေးနွေးသွားမည်ဟုဆိုသည်။
DPN သည် UNFC ၏ နိုင်ငံရေးဆွေးနွေးရေး အဖွဲ့တခု ဖြစ်ပြီး UNFC အဖွဲ့ဝင် များဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တု့ိမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည်။
ငြိမ်းချမ်းရေးကော်မရှင် (PC) သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျှက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အောက်တွင် ဖွဲ့စည်းထားသော စေ့စပ်ညှိနှိုင်းရေး အဖွဲ့ ဖြစ်သည်။
ဆက်စပ်ဖက်ရှုရန် – အစိုးရ နှင့် DPN တပ်ပိုင်းဆိုင်ရာ အချက်အလက်များသာ ညှိနှိုင်းရန် ကျန်ရှိဟု ဆို