• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မင်္ဂလာဈေး အမြန် ပြန်လည် တည်ဆောက်ပေးရေး ဈေးသူဈေးသားများ တောင်းဆို

by ဇူးဇူး
8 November 2017
in သတင်း
A A
၂၀၁၆ ခုနှစ် ဇန်နဝါလအတွင်းက မင်္ဂလာဈေး မီးလောင်မှု မြင်ကွင်း / ဧရာဝတီ

၂၀၁၆ ခုနှစ် ဇန်နဝါလအတွင်းက မင်္ဂလာဈေး မီးလောင်မှု မြင်ကွင်း / ဧရာဝတီ

11.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းခဲ့သည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အထိ ပြန်လည် စတင်ဆောက် လုပ်ခြင်း မရှိသေး၍ အမြန်ဆုံး တည်ဆောက်ပေးရန် ဈေးသူ ဈေးသားများက တောင်းဆိုလိုက်သည်။

ဈေးသစ် တည်ဆောက်မှုနှင့် ပတ်သက်၍ ဈေးကိုယ်စားလှယ်များနှင့် စည်ပင်သာယာမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု အရ ၂၀၁၇ အောက်တိုဘာ ၁ ရက်တွင် စတင် ဆောက်လုပ်မည်ဟု သိရှိထားကြသော်လည်း ယနေ့အထိ လုပ်ငန်း စတင် ခြင်း မရှိသေး၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဈေးသူ ဈေးသားများက ပြောဆိုကြသည်။

RelatedPosts

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
694
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

8 July 2025
52
သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

8 July 2025
169

အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဈေး အမြန်ဆုံးတည်ဆောက်စေချင်သည့် ဈေးသူ ဈေးသားများက အောက်တိုဘာ ၇ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အဓိကက အမြန်ဆောက်စေချင်တယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဆောက်မယ်ဆိုတာ ပျက်သွားတဲ့ဟာကိုလည်း တာဝန်ရှိတဲ့ သူတွေက ဈေးသမားတွေကို ပြောစေချင်တယ်။ ဈေးကိုလာမပြောရင်တောင်မှ သတင်းစာထဲကနေ ကြော်ငြာပေးသင့် တယ်။ ဘာကြောင့် မဆောက်ဖြစ်သေးတယ်။ ဘာအခက်အခဲတွေ ရှိတယ် ဆိုတာပေါ့” ဟု မင်္ဂလာဈေးဟောင်း စတုတ္ထ ထပ် တွင် အလှကုန်ဆိုင် ဖွင့်ထားသူ ဒေါ်လှလှရင်က ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တွဲဖက်အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကို ဖုန်းဆက် မေးမြန်းရာ ယခုတပတ်အတွင်း တင်ဒါခေါ်ရန် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သော်လည်း တခြားသူများ သွားရောက် မေးမြန်းသည့်အခါတွင်မူ ဒီဇင်ဘာ ၁ ရက်နှင့် ၇ ၇က်နေ့ကြားကို တင်ဒါခေါ်သွားမည်ဟု ဖြေဆိုခဲ့ရာ စကား အမျိုးမျိုး ဖြစ်နေသည့် အတွက် တာဝန်ရှိသူများ အနေဖြင့် တရားဝင် ရှင်းလင်းပေးစေချင်ကြောင်းလည်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ YCDC တွဲဖက် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကို ဧရာဝတီက ဖုန်းဆက်မေးမြန်းရာ ၎င်းက “မကြာခင် သတင်းစာထဲမှာ တွေ့ပါလိမ့်မယ်” ဟုသာ ဖြေဆိုသည်။

မင်္ဂလာဈေး မီးလောင်ပြီးနောက် မင်္ဂလာဈေး အနောက်ဘက် ရွှေမင်္ဂလာဈေး ကားပါကင်နှင့် မင်္ဂလာမွန်ဈေး ရှေ့ ကား ပါကင် ရှေ့တွင် ယာယီဈေး နေရာများ ပေးထားခဲ့သော်လည်း နေရာအခက်အခဲများကြောင့် တခြားသော ဆိုင်ခန်းများကို ၁ လလျှင် ကျပ်သိန်း ၂၀ ခန့် ပေး၍ ငှားရမ်းရကြောင်း၊ ဈေးသစ် ဆောက်လုပ်မှု အချိန် ကြန့်ကြာနေသည်နှင့်အမျှ ဈေးသူ ဈေးသားများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း မင်္ဂလာဈေး အမြန်တည်ဆောက်ရန် လိုလားသူ ဦးကျော်စိုးကလည်း ပြောဆို သည်။

“လက်ရှိ ရောင်းနေရတဲ့ အနေအထားက အဆင်မပြေဘူး။ မြေညီထပ်က လူတွေဆို ဆိုင်ခန်းငှားခတွေက အရမ်း ဈေးကြီး တယ်။ ဈေးကြီး တည်ဆောက်မှု ကြန့်ကြာတာနဲ့အမျှ အန်တီတို့တွေက အရမ်းကို ဒုက္ခရောက်တယ်”ဟု ဒေါ်လှလှရင် ကလည်း ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းခဲ့သည့်မှာ လာမည့် ၂၀၁၈ ဇန်နဝါရီ ၉ ရက်တွင် ၂ နှစ် ပြည့်ပြီ ဖြစ်သည်။

မင်္ဂလာဈေးသစ် တည်ဆောက်ရေး ကြန့်ကြာနေမှုနှင့် ပတ်သက်၍ YCDC မှ တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသကဲ့သို့ မင်္ဂလာဈေး မီးလောင်မှု ၁ နှစ်ပြည့်တွင်လည်း ဈေးသူဈေးသားများက ဆန္ဒပြ တောင်းဆို မှုများ ပြုလုပ်ခဲ့ကြသည်။

ယင်း မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မေလတွင် ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာတွင် ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း၊ စုစုုပေါင်း ကျပ် သိန်းပေါင်း ၃၆၀,၆၀၂ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: မင်္ဂလာဈေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မတ် ၃၁ ရက်နေ့မှ စတင်ပိတ်ထားသည့် ယုဇနပလာဇာ / အောင်ကျော်ထက် / ဧရာဝတီ

မင်္ဂလာတောင်ညွှန့် လက်ကားဈေးကြီးများမှ လူသုံးကုန်နှင့် အထည်ဆိုင်များ ယာယီပိတ်

by မျိုးပပစန်း
1 April 2020
5.9k

အခြား လူသုံးကုန် ပစ္စည်းများ၊ အများပြည်သူများ အတွက် အရေးကြီးပြီး လိုအပ်မှု မရှိသည့် ကုန်ပစ္စည်းများ လက်လီ၊ လက်ကား ရောင်းချခြင်းကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ယာယီပိတ်သိမ်းသွားမည်

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်ကျွမ်းမှု မြင်ကွင်း  /  ဒီလှိုင်းဝင်း

မန္တလေးမြို့ မီးဘေးသင့် မင်္ဂလာဈေး ဖျက်သိမ်းရန် ကျပ်သိန်း ၂၅၂၀ ဖြင့် တင်ဒါအောင်မြင်

by ဒီလှိုင်းဝင်း
3 June 2017
16.7k

အသစ်တည်ဆောက်မည့် မင်္ဂလာဈေးအတွက် ကုန်ကျမည့်ပမာဏမှာ ကျပ် ၇ ဒသမ ၁၇ ဘီလီယံ ဖြစ်ရာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဘတ်ဂျတ်လျာထားမှု မရှိခြင်းကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများအား တင်ဒါခေါ်သွားရန် စီစဉ်နေသည်။

ယနေ့နံနက်ပိုင်းကမင်္ဂလာဈေး ဈေးသူဈေးသားများ မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်တောင်းဆိုနေကြစဉ် / ပြေကျော် / ဧရာဝတီ

မင်္ဂလာဈေး အမြန်တည်ဆောက်ပေးရေး ဆန္ဒထုတ်ဖော်

by ဇူးဇူး
9 January 2017
15.9k

“ဆန္ဒပြတယ်ဆိုတာ တွန်းအားပေးတာပါပဲ။ အရင်က ဈေးအသစ်ပြန်ဆောက်မယ့် အပေါ်မှာ ဝိဝါဒ ကွဲပြားမှုတွေ ရှိခဲ့ပေမယ့် အခု အစိုးရ ဆောက်ပေးတဲ့အတိုင်း ယူမယ်။ ဒါပေမယ့် မြန်မြန်လေး တည်ဆောက်ပေးပါ”

Next Post
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး  / ဧရာဝတီ

ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသစ်များ ပြန်လည် ရွေးချယ်ရန် သမ္မတရုံး ညွှန်ကြား

ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသူ စိုင်းမောင်(ခ ) စိုးထိုက်မောင်(ဓာတ်ပုံ - ဒီလှိုင်းဝင်း)

မန္တလေးကားကွင်း၌ ခရီးသည်များထံမှ အုပ်စုဖွဲ့ ခြိမ်းခြောက်ငွေတောင်းသူ အရေးယူ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.6k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

7 days ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate