• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလတ်စတစ် အသုံး လျှော့ချရေး အဆို မှတ်တမ်းတင် စောင့်ကြည့်ရန် လွှတ်တော် ဆုံးဖြတ်

by နန်းလွင်နှင်းပွင့်
21 November 2017
in သတင်း
A A
စွန့်ပစ်ထားသော အစားအသောက် ထုပ်ပိုးထားသည့် ပလတ်စတစ်အိတ်ထုပ်များ

စွန့်ပစ်ထားသော အစားအသောက် ထုပ်ပိုးထားသည့် ပလတ်စတစ်အိတ်ထုပ်များ

3.6k
VIEWS
Share on FacebookShare on Twitter

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တနိုင်ငံလုံးရှိ ပြည်သူများ ပလတ်စတစ် အသုံးပြုမှု လျှော့ချ ရေး ကို နိုင်ငံတော်က မူဝါဒတရပ် ရေးဆွဲပြဌာန်းပေးရန် ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရာ မှတ်တမ်းတင်ပြီး စောင့်ကြည့် သွားရန် လွှတ်တော်က ဆုံးဖြတ်လိုက်သည်ဟု သတင်းရရှိသည်။

“ပလတ်စတစ် အန္တရာယ် တားဆီးကာကွယ်ရန် နေ့စဉ်စွန့်ပစ် အမှိုက်များတွင် ပါဝင်သည့် ပလတ်စတစ်ပစ္စည်း များကို သီးသန့် ဖယ်ရှားစွန့်ပစ်စေခြင်းနှင့် ပလတ်စတစ်အသုံးပြုမှု နှုန်းထားများ လျှော့ချခြင်း စသည့် ပြည်သူလူထု တရပ်လုံး ပါဝင် သော ဒီမိုကရေစီအခြေခံ အလေ့အကျင့်ကောင်းများကို မူဝါဒတရပ် ရေးဆွဲ ပြဌာန်း၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် လွှတ်တော်က ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း”ဟူသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ မောက်မယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း တင်သွင်းသည့် အဆိုကို အခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.2k
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
42
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
895

ကိုယ်စားလှယ် ၅ ဦး ဆွေးနွေးမှုအပြီးတွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးအုန်းဝင်းတို့က ပလတ်စတစ် အမှိုက်များနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ တွင် ကော်မတီများ ဖွဲ့စည်းထားပြီး မူဝါဒများ ရှိပြီးသား ဖြစ်သဖြင့် ယခု အဆိုကို မှတ်တမ်း တင်သင့်သည်ဟု ဆိုကြ ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုကို မှတ်တမ်းတင်ရန် မဲခွဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုကို ဆွေးနွေးသည့် ကိုယ်စားလှယ် ၅ ဦးလုံးက အဆိုကို ထောက်ခံပြီး ဈေးဝယ်ရာတွင် ထုပ်ပိုး အသုံးပြုသည့် ပလတ်စတစ် အိတ်များကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည့် ဆိုးကျိုးများ အကြောင်း၊ ပြန်လည် စွန့်ပစ်ရာတွင်လည်း ပျက်စီးရန် မလွယ်သည့် ပလတ်စတစ်အိတ်များကြောင့် မြေကြီးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကြောင်းကို အထောက်အထားများဖြင့် ဆွေးနွေးခဲ့ကြသည်။

ပါဝင်ဆွေးနွေးသည့် ကျောင်းကုန်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပလတ်စတစ်အိတ်များ နှင့် ပလတ်စတစ် ရေသန့်ဘူးများသည် ရေနံ၏ ဘေးထွက်ပစ္စည်းများကို အခြေခံသည့် ဓာတုပစ္စည်းများနှင့် ပေါင်းစပ် ပြုလုပ် ထားခြင်းကြောင့် အစားအသောက်များကို ပလတ်စတစ်များဖြင့် ထုပ်ပိုးပါက ဓာတ်များ စိမ့်ဝင်သွားပြီး စားသုံးသူ ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း၊ ပြည်တွင်း၌ အစားအသောက် ထုပ်ပိုးခြင်း၊ အိမ်ဆောက် ပစ္စည်းများနှင့် အသုံးအဆောင် များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပလတ်စတစ်ပစ္စည်းများ ဖြစ်နေကြောင်း ပြောကြားသည်။

ဦးသိန်းထွန်းက “ပူလာလေ ဓာတ်ပြု စိမ့်လွယ်လေဖြစ်ပြီးတော့ အပူအတိုင်းရှိတဲ့ ပလတ်စတစ် ရေသန့်ဘူးတွေ ပလတ်စတစ် အိတ်များကို ဟင်းရည်အပူများ ထည့်သုံးစွဲခြင်း၊ အပူအတိုင်းရှိနေတဲ့ အစားအသောက်များ ထည့်ယူ သယ်ဆောင်ခြင်းတို့က ကျန်းမာရေးအတွက် အလွန်ပဲ အန္တရာယ်ဖြစ်စေပါတယ်”ဟုလည်း ပြောသည်။

မချမ်းဘော မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်မွန်ထင်ကလည်း ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုသည် လွှတ်တော်က အတည်ပြုပြီး လက်တွေ့ အကောင်အထည်ဖော်သင့်သဖြင့် ထောက်ခံကြောင်း လွှတ်တော်တွင် ပြောဆို သွားသည်။

ရှားတော မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ရေသန့်ဘူး၊ အချိုရည်ဘူးနှင့် ဆီပုံး များအဖြစ် အသုံးပြုသည့် ပလတ်စတစ်များကို ဓာတ်ခွဲစမ်းသပ်ချက်များ၊ သုတေသန ပြုထားချက်များအရ ထိုပလတ်စတစ် အမျိုးအစားများသည် မြေကြီးအောက်တွင် ပျက်စီးရန် အနည်းဆုံး သက်တမ်း ၁၀ နှစ်ခန့် ကြာမြင့်ပြီး သုံးစွဲသည့် သူကို လည်း ပန်းနာရင်ကြပ်၊ ကင်ဆာ၊ အသည်း၊ ကျောက်ကပ် ရောဂါများ ဖြစ်ပွားစေသည်ဟု ပြောသည်။

“PVC-Polyvinyl Chloride ကတော့ အလွန်ကြောက်စရာကောင်းတဲ့ ပလတ်စတစ်ဖြစ်ပါတယ်။ ရေပိုက်နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ လုပ်ရာမှာ သုံးပါတယ်။ အဲ့ဒီပစ္စည်းတွေ လုပ်တဲ့အခါမှာ Dioxin ခေါ်တဲ့ အဆိပ် ဓာတ် ထွက်ပါတယ်။ လူရော တိရိစ္ဆာန်ပါ ကင်ဆာဖြစ်စေပါတယ်။ ကလေးတွေ ဓာတ်မတည့်ဘူး။ အသည်း ကျောက်ကပ် ရိုးတွင်းခြင်ဆီတွေကို အနှောင့် အယှက် ပေးပါတယ်။ နှစ်တသန်းကျော်မှ ပျက်စီး ပါတယ်” ဟုလည်း ဒေါက်တာ ဒေါ်ခင်စည်သူက ပြောဆိုသည်။

အစားအသောက်များ ထုပ်ပိုးသည့် ပလတ်စတစ်များသည်လည်း အပူချိန်နှင့် ထိတွေ့ပါက အစားအသောက်နှင့် ဓာတ်ပြုပြီး စားသုံးသူကို ကျောက်ကပ်တွင် ကျောက်တည်ခြင်း ရောဂါဖြစ်စေနိုင်သဖြင့် ပလတ်စတစ်နှင့် ပတ်သက်သည့် အန္တရာယ် များ ကို ပြည်သူများအား အသိပညာပေးရန် ဆောင်ရွက်သင့်သည်ဟု ဒေါက်တာ ဒေါ်ခင်စည်သူက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးသွားချက်များကို လုပ်ဆောင်ရန် နိုင်ငံတော် အစိုးရတွင် မူဝါဒများ ရှိပြီးသား ဖြစ်ကြောင်း၊ စည်ပင်ယာသာရေး အဖွဲ့အနေဖြင့် ပလတ်စတစ် အန္တရာယ် တားဆီးကာကွယ်ရေး အတွက် ပြည်သူလူထုကို အသိပညာပေး ဟောပြောခြင်း၊ စာသင်ကျောင်းများတွင် ပြောဆိုခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်းနှင့် အမှိုက်များ စနစ်တကျ ထုတ်ပိုးစွန့်ပစ်အောင် သရုပ်ပြခြင်း၊ ပလတ်စတစ်များ အစား ဆွေးမြေ့လွယ်သည့် စက္ကူအိတ် ၊ ငှက်ပျောဖက်၊ အင်ဖက် စသည်တို့ကို အသုံးပြုစေရန်လည်း ဆောင်ရွက်သွားမည်ဟု နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအောင်မြင့်ထွန်း က ပြောသည်။

“တခါသုံးပြီး လွင့်ပစ်ရန် မလိုဘဲ အကြိမ်ကြိမ် အသုံးပြုနိုင်တဲ့ လက်ဆွဲအိတ်၊ ခြင်းတောင်း ၊ ချိုင့်များ အသုံးပြုစေခြင်း၊ ပလတ်စတစ် များ ထုတ်တဲ့ စက်ရုံများ လျော့နည်းအောင် စည်ပင်သာယာရေး အဖွဲ့များ ဥပဒေအရ ဆောင်ရွက်ဖို့ စီစဉ် ထားပြီးသား ဖြစ်ပါတယ်”ဟုလည်း ဦးအောင်မြင့်ထွန်းက ပြောဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းကလည်း ၂၀၁၆ ခုနှစ် ဇွန်လ ၂ရက် တွင် ဒုသမ္မတ (၁) ဦးစီးသည့် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဗဟို ကော်မတီကို ဖွ့ဲစည်းထားပြီး ထိုကော်မတီ အောက်တွင် လုပ်ငန်းကော်မတီ ၆ ရပ်ကို ထပ်မံ ဖွဲ့စည်းထားသည်ဟု ပြော သည်။

လုပ်ငန်းကော်မတီ ၆ ရပ်တွင် ပလတ်စတစ် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှု ကော်မတီ တရပ်လည်း ပါဝင်ပြီး ဒုသမ္မတ (၁) ဦးစီးသည့် ဗဟိုကော်မတီ ကလည်း ၂၀၁၇ -၂၀၃၀ ခုနှစ် အတွက် အမှိုက်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲနေကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ သဘောထားများကို တောင်းခံထားကြောင်းလည်း ဦးအုန်းဝင်းက ပြောဆိုသည်။

“အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ် ၂၀၁၇ – ၂၀၃၀ ရဲ့ ရည်မှန်းချက် ကတော့ မြန်မာနိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်ကို ရည်မှန်းပြီး ထာဝစဉ် စိမ်းလန်း သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် ဖြစ်ပါတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။

၂၀၁၇-၂၀၃၀ ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်၏ ပန်းတိုင် ၅ ခု ထားရှိထားပြီး ထိုပန်းတိုင်အောက်တွင် ရည်ရွယ်ချက် ၁၀ ခုနှင့် လုပ်ငန်းဆောင်ရွက်မှု ၅၇ ခု ရှိမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီက မဟာဗျူဟာများ ၊ လုပ်ငန်းအစီအစဉ်များအားလုံး ရေးဆွဲပြီးပါက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်၊ ခရိုင်များရှိ စည်ပင်ယာသာရုံးများကို ညွှန်ကြားပြီး လုပ်ငန်းအကောင်အထည်ဖော်သွားမည်ဟု လည်း ဦးအုန်းဝင်းက ဆိုသည်။

Your Thoughts …
Tags: ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပဲခူးမြို့ရှိ ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှုအသင်း မှ နာရေးယာဉ်မောင်း အမျိုးသမီးတဦး / မျိုးမင်းစိုး / ဧရာဝတီ

ပဲခူးမြို့က ပရဟိတ နာရေးယာဉ်မောင်း အမျိုးသမီးများ

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ အမရာ ဒီဂျစ်တယ် မာကတ်တင်း အေဂျင်စီ ရုံးခန်းတွင် တွေ့ရှိရသည့် မချမ်းမြေ့ခိုင် / တင်ထက်ပိုင် / ဧရာဝတီ

ခွဲခြားဆက်ဆံမှုနဲ့ ပုံသေတကျ အယူအဆတွေကို တော်လှန်တဲ့ မချမ်းမြေ့ခိုင်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate