• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်မြို့သို့ ရောက်ရှိ

by ဧရာဝတီ
27 November 2017
in သတင်း
A A
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပြည်လမ်း လွှတ်တော်ရှေ့တွင် ကြိုဆိုနေစဉ်  / Freddy / Irrawaddy

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပြည်လမ်း လွှတ်တော်ရှေ့တွင် ကြိုဆိုနေစဉ် / Freddy / Irrawaddy

7.8k
VIEWS
Share on FacebookShare on Twitter

ကက်သလစ် ခရစ်ယာန်သာသနာ၏ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ နေ့လည် ၁နာရီ မိနစ် ၃၀မှာ ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးတပါးအနေဖြင့် မြန်မာပြည်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဘာသာဝင်များနှင့် ပြည်သူများကလည်း ပုပ်ရဟန်းမင်းကြီးကို သောင်းသောင်းဖျဖျကြိုဆိုကြသည်ကို တွေ့ရသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
26
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
1.4k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
282

မင်္ဂလာဒုံ လေယာဉ်ကွင်းမှ တည်းခိုမည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ကာဒီနယ် နန်းတော်သို့ သွားရာ လမ်းတလျှောက် ကြိုဆိုရေး စုရပ်များအဖြစ် မင်္ဂလာဒုံလေဆိပ် VIP အပေါက် အပြင်ဘက်၊ ၉ မိုင် မရမ်းကုန်း Ocean ရှေ့နှင့် ၇မိုင် ADလမ်း မှတ်တိုင်၊ အင်းလျားကန် တံတားဖြူ မှတ်တိုင်၊ တိုင်းဒေသကြီး လွှတ်တော် ရုံးရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်မှ စတင်ကာ သိမ်ဖြူလမ်း စိန့်ပေါလ်ဘုရားကျောင်းရှေ့အထိ သတ်မှတ်ပေးထားခဲရာ လမ်းတလျှောက် တိုင်းရင်းသား ဝတ်စုံများ အစီအရီဝတ်ဆင်ကာ ကြိုဆိုသူများနှင့် ပြည့်နှက်လျှက်ရှိသည်။

ပုပ်ရဟန်းမင်းကြီးသည် မနက်ဖြန်မှာ နေပြည်တော်သို့ သွားရောက်ကာ သမ္မတ ဦးထင်ကျော် အပါအဝင် နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားစီတွေ့ဆုံမည်ဖြစ်ပြီး၊ ညနေပိုင်းမှာ နေပြည်တော်ရှိ အစိုးရ အဖွဲ့ဝင်များ လူမှုအဖွဲ့အစည်းများမှသူများနှင့် တွေ့ဆုံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဘာသာဝင် စုစုပေါင်း ၁သိန်း ၅သောင်းနှင့် တွေ့ဆုံ ကာ လူထုဝတ်ပြုဆုတောင်းပွဲနှင့် တရားဟောကြားမှု ပြုလုပ်မည်ဖြစ်ပြီး၊ ထိုနေ့မှာပင် ကမ္ဘာအေး ကုန်းမြေသို့ သွားရောက်ကာ သံဃ မဟာနာယက အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ စိန်မေရီ ဘုရားကျောင်းတွင် မြန်မာ ကက်သလစ် ဆရာတော်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်နေ့ မနက်၌ စိန်မေရီ ဘုရားကျောင်းရှိ လူငယ်များနှင့် ဘုရားဝတ်ပြုပြီးသည့် နောက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး မလာရောက်မီ မြန်မာပြည်သူများကို ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်း နှုတ်ခွန်းဆက် သတင်းစကားကို ပြောကြားခဲ့သည်။

ဗာတီကန်နှင့် မြန်မာနိုင်ငံသည် ယခုနှစ်မတ်လမှာ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူညီ ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မေလအတွင်းက သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်မ၌ ဗာတီကန်သို့ လည်း သွားရောက်ကာ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီး သံတမန်ဆက်ဆံရေး တရားဝင်ထူ ထောင်ခဲ့ခြင်းဖြစ်သည်။

Your Thoughts …
Tags: ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပုပ်ရဟန်းမင်းကြီး ပျံလွန်ခြင်းအတွက် မြန်မာကက်သလစ်များ ဝမ်းနည်း

ပုပ်ရဟန်းမင်းကြီး ပျံလွန်ခြင်းအတွက် မြန်မာကက်သလစ်များ ဝမ်းနည်း

by ဧရာဝတီ
24 April 2025
371

"မြန်မာကို အမြဲတမ်းသတိရတဲ့ ပုပ်ရဟန်းမင်းအဖြစ် မြန်မာ ကက်သလစ်ဘာသာဝင်တွေက သူ့ကို အမှတ်ရနေမှာဖြစ်တယ်"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

နိုဝင်ဘာလမှာ ဂျပန်နဲ့ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

by ညီညီသူ
21 August 2019
6.6k

ပုပ်ရဟန်းမင်းကြီး လည်ပတ်ဖို့ စီစဉ်ထားတဲ့ ဒီ နှစ်နိုင်ငံစလုံးမှာ ကက်သလစ် ဘာသာဝင်တွေ အနည်းငယ်သာ ရှိပါတယ်။ နိုင်ငံလူဦးရေနဲ့ တွက်မယ်ဆိုရင်လည်း ကက်သလစ်ဘာသာ ကိုးကွယ်သူတွေက ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၂၆ ရက်တွင် မြင်ရသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် / Reuters

ပုပ်ရဟန်းမင်းကြီး ဆေးစစ်ရာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ ဟု ဆို

by ဧရာဝတီ
3 March 2020
8.7k

ဗာတီကန်သည် ပုပ်ရဟန်းမင်းကြီး ခံစားနေရသော ရောဂါစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ် စစ်ဆေးခြင်း လုပ်ခဲ့ပါသလားဟူသော မေးခွန်းကို ရှောင်နေခဲ့သည်။

Next Post

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ မဲမသမာမှု တိုင်ကြာသူအား ဝိုင်းရိုက် (ရုပ်/သံ)

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ မဲမသမာမှု တိုင်ကြာသူအား ဝိုင်းရိုက် (ရုပ်/သံ)

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ မဲမသမာမှု တိုင်ကြာသူအား ဝိုင်းရိုက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate