• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စံချိန်မမီ ရေသန့်ထုတ်လုပ်သူ ၆၀ ကျော်ကို နေပြည်တော် FDA ခေါ်တွေ့

by မိုးမိုး
28 November 2017
in သတင်း
A A
ရန်ကုန်မြို့အတွင်း ရောင်းချနေသည့် ရေသန့်လုပ်ငန်းတခု / ဧရာဝတီ

ရန်ကုန်မြို့အတွင်း ရောင်းချနေသည့် ရေသန့်လုပ်ငန်းတခု / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

သတ်မှတ် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့် ရေသန့်လုပ်ငန်းလုပ်ကိုင်သူ ၆၈ ဦးကို ယနေ့ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ရုံးသို့ ခေါ်ပြီး အရည်အသွေး ပြည့်ဝသည့် ရေသန့်များ ထုတ်လုပ်နိုင်ရန် အတွက် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက “ တနိုင်ငံလုံး အနေနဲ့ သုံးကြိမ် နဲ့ အထက် စစ်ပြီးသားမှာ ကျနေတဲ့ လုပ်ငန်းရှင် ၆၈ ဦးရှိတယ်။ ဒီနေ့က အဲဒီ ၆၈ ဦး ကို ခေါ်ယူူပြီး စည်းကမ်းချက်နဲ့ ကိုက်ညီပြီး၊ စံချိန်၊ စံညွှန်းမှီတဲ့ ရေများ ထုတ်လုပ် နိုင်ဖို့ အတွက် ညှိနှိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
50
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
44
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
541

ထို့အပြင် တနိုင်ငံလုံး အနေဖြင့် FDA ထောက်ခံချက် ရရှိထားသည့် လုပ်ငန်းရှင်ပေါင်း ၁၃၀၀ ရှိသော်လည်း ပြန်လည် စစ်ဆေးချက် အရ သတ်မှတ် စံချိန်၊ စံညွှန်း ဖြင့် ကိုက်ညီသည့် ရေသန့် လုပ်ငန်းရှင် ပေါင်း ၇၉၀ ဦးသာ ရှိကြောင်း၊ လုပ်ငန်းရှင် ၅၀၀ ခန့်မှ ထုတ်လုပ်သည့် ရေသန့် ရေ နမူနာများကို ယူပြီး ဓာတ်ခွဲ စစ်ဆေးရာတွင် ပထမအကြိမ် စစ်ဆေးမှု မအောင်မြင်မှုများ ရှိသလို၊ သုံးကြိမ် နှင့် အထက် ပြန်လည် စစ်ဆေးရာတွင် အရည်အသွေး မမှီသည့် ရေသန့် များ ရှိနေသည့်အတွက် ယင်းလုပ်ငန်းရှင် ၆၈ ဦးကို ယနေ့ ခေါ်ယူကာ ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

“ဆရာတို့က သူတိုွှကို လုပ်ငန်း ပိတ်သိမ်း ခိုင်းတာ မဟုတ်ဘူး။ အချိန်ပေးထားတယ်။ ချက်ချင်း ပြန်မစစ်ဘူး။ သူတို့ စက်ကို သူတို့ကောင်းအောင်ပြင်၊ စက်တွေကောင်းပြီ ဆိုမှ ရေသန့် ထုတ်၊ ထုတ်ထားတဲ့ ရေကို ဆရာတို့ဆီကို ပို့ရမှာ အဲဒီ အချိန်မှ ဆရာတို့က ပြန်ပြီး စစ်မှာပေါ့။” ဒေါက်တာ ဥက္ကာဖြိုးကပြောသည်။

ရေသန့်လုပ်ငန်း လိုင်စင်သက်တမ်းမှာ ၂ နှစ် တကြိမ် ပြန်လည် သက်တမ်းတိုးရပြီး၊ သက်တမ်းတိုးသည့် အခါ၌ ရေကိုပါ ပြန်လည် စစ်ဆေးရခြင်းဖြစ်သဖြင့် စံညွှန်းများနှင့် ကိုက်ညီခဲ့သည့် ရေများကို ၂ နှစ်အချိန်ကြာမှ ပြန်လည် စစ်ဆေးသည့် အခါ၌ စံညွှန်းဖြင့် မကိုက်ညီသည့် ရေများအား တွေ့ရှိရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရှိ ရေသန့်လုပ်ငန်းရှင် ဦးမြင့်မိုး က “ အန်ကယ်တို့ ရေသန့်က သက်တမ်းဟာ မိဘ တွေ လက်ထက်တည်းက လုပ်လာတာ၊ သုံးကြိမ် စစ်တာကို သုံးကြိမ်လုံး ကျတယ်ဆိုတော့ တော်တော်လေး စိတ်ပျက် နေပြီ၊ ဒီနေ့ ညွှန်ချူပ်ကြီး ပြောတဲ့ အတိုင်း အဆင့်ဆင့် လုပ်ကြည့်မယ်။ လုပ်ကြည့်လို့မှ ထပ်ကျတယ်ဆိုရင်တော့ လုပ်ငန်း ပိတ်သိမ်းတော့မယ်။” ဟု ဧရာဝတီ သို့ ပြောသည်။

မန္တလေး တိုင်းဒေသကြီးမှ ရေသန့်လုပ်ငန်းရှင် ဒေါ်နှင်းအိလွင်ကလည်း “ရေက တခါစစ် မအောင်၊ နှစ်ခါစစ် မအောင်၊ သုံးခါစစ်မအောင်ဆိုတာက နေပြည်တော်မှာပဲ စစ်ဆေးရတော့ အချိန် ကြန့်ကြာမှုတွေ ရှိတယ်။ ဒိတ်လွန်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ရန်ကုန်ဆို ရန်ကုုန်မှာပဲ နေ့ချင်းစစ်၊ မန္တလေးဆို မန္တလေးမှာပဲ နေ့ချင်းစစ်ဖို့ ဒီနေ့ ညွှန်ချူပ်က ပြောလိုက်တဲ့ အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။

ရေသန့်များကို သတ်မှတ်စံညွန်းအတိုင်း FDA မှ စစ်ဆေးရာတွင် Standard Plate count 100 အောက် ရှိမှ စံချိန်မီပြီး FDA ထောက်ခံချက် ထုတ်ပေးကြောင်း၊ သို့သော် နောက်ပိုင်းတွင် မှောင်ခိုဈေးကွက် ပပျောက်ရန် နှင့် လုပ်ငန်းရှင်များ သတ်မှတ် စည်းကမ်းလိုက်နာ နိုင်ရန် အတွက် နိုင်ငံတကာ စံညွှန်းနှင့်လည်း ကိုက်ညီသည့် (Standard Plate count ) ၅၀၀ အောက် ရောက်ရှိရုံဖြင့် သတ်မှတ် စံနှုန်း ဖြင့် ကိုက်ညီကြောင်း ရေသန့်လုပ်ငန်းရှင်များသို့ ကြေညာခဲ့ကြောင်း သိရသည်။

FDA ၏ သတ်မှတ် စံချိန်မီ ရေသန့်လုပ်ငန်းများ၊ စံချိန်မမှီသဖြင့် ပြန်လည် စစ်ဆေးရသည့် ရေသန့်လုပ်ငန်းများ၏ နာမည် အသေးစိတ်ကိုမူ မသိရှိရပါ။

Your Thoughts …
Tags: FDAရေသန့်လုပ်ငန်းရှင်
မိုးမိုး

မိုးမိုး

...

Similar Picks:

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့်ဆေးဝါးအရောင်းဆိုင်တဆိုင် / ဧရာဝတီ

စပ်ဆေးများက အသက်အန္တရာယ်ထိခိုက်နိုင်ဟု FDA ပြော

by မိုးမိုး
18 January 2019
15k

အများပြည်သူများ အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများကို ဝယ်ယူ သုံးစွဲခြင်းမပြုရန်နှင့် မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ဆရာဝန် လမ်းညွှန် ချက်ဖြင့် ဝယ်ယူ အသုံး ပြုရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ဆေးဆိုးပန်းရိုက်လုပ်ငန်းတခု / ဧရာဝတီ

SME စားသောက်ကုန်လုပ်ငန်းများ FDA လက်မှတ်ရရန် ခက်ခဲနေ

by မြတ်ပြည့်ဖြိုး
14 September 2018
5.8k

ယမန်နှစ်က ရေးဆွဲခဲ့သည့် တိုင်းစီးပွားရေးမူဝါဒတွင် SMEs၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတို့ကို အခြေခံရေးဆွဲထားပြီး တိုင်းစီးပွားရေး ဖွံ့ဖြိုးလာရန် ၎င်းကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်သွားမည်

ဆေးဆိုင်များကို ဝင်စစ်နေသည့် FDA အဖွဲ့များ  / ဧရာဝတီ

ဥပဒေနဲ့ မညီသည့် ဆေးဝါးများရောင်းချသည့် ဆေးဆိုင် ၂၇ ဆိုင် ပိတ်သိမ်းခံရ

by မိုးမိုး
19 August 2019
14.4k

ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အပြင်၊ စည်းကမ်းဥပဒေနှင့် ကိုက်ညီခြင်း မရှိဘဲ ရောင်းချနေသည့် တနိုင်ငံလုံးမှ ဆေး အရောင်းဆိုင် ၂၇ ဆိုင် ပိတ်သိမ်းခံထားရကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ သိမ်ကြီးဈေးအတွင်းရှိ ဆိုင်တချို့အား FDA အဖွဲ့များက စစ်ဆေးနေစဉ် / ဧရာဝတီ

အစားအသောက်နှင့်ဆေးဝါးများ အရည်အသွေး ကြပ်မတ်စစ်ဆေးမှု အားနည်းလာ ဟုဆို

by ဧရာဝတီ
21 March 2023
3.4k

ပြည်ပမှ တင်သွင်းပါကလည်း ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံ ကုန်အမှတ်တံဆိပ် နေ့စွဲ၊ ထုတ်ပိုးသိုလှောင် မှု စသည်တို့ကို သေချာစွာ စစ်ဆေးပြီးမှသာ ရောင်းချသင့်သည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီ၏ လက်အောက်ခံ FDA မှာ ဈေးကွက်အတွင်း စစ်ဆေးနိုင်မှုမှာ အားနည်းနေကြောင်း

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး  / မိုးမိုး / ဧရာဝတီ

အလှကုန် ပစ္စည်းများ လူသတ်လက်နက် မဖြစ်ရန် ကျန်းမာရေး ဝန်ကြီး ပြော

by မိုးမိုး
12 January 2019
8.1k

နယ်စပ်မှာ ရှိတဲ့ စက်ရုံက ထုတ်တဲ့ဟာမျိုးကို မတင်သွင်းစေချင်ဘူး။ ဟိုနိုင်ငံမှာ အသိအမှတ် ပြုပြီး၊ သုံးနေ တဲ့ဟာမျိုးကိုပဲ တင်သွင်း စေချင်တယ်။ မဟုတ်ရင် ကျနော်တို့က ဖြည်းဖြည်းချင်း လူသတ်သလို ရောဂါရအောင် ဖြစ်စေ ပါတယ်

FDA က ဝင်ရောက် စစ်ဆေးခဲ့သည့် လှိုင်မြို့နယ်မှ ရေသန့်စက်ရုံတရုံ

လှိုင်မြို့နယ်မှ ရေသန့်စက်ရုံ ၄ ရုံကို GMP စနစ်နှင့် မညီဟုဆိုကာ FDA ယာယီပိတ်သိမ်း

by မေစစ်ပိုင်
2 August 2017
5.3k

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီးနောက် ရေသန့် စက်ရုံ ၄ ရုံအား ယာယီရပ်ဆိုင်းကာ ထောက်ခံချက် မလျှောက်ထားသည့် သောက်ရေသန့်လုပ်ငန်း ၁ ခု အား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း

Next Post
တွင်းပြိုမှုဖြစ်ပွားသည့် ဟန်ထက်(၁) ကျောက်မီးတွင်း၌ ကယ်ဆယ်ရေးများ လုပ်ဆောင်နေစဉ် / ရန်အောင်ထွန်းFacebook မှ ကူးယူဖော်ပြသည်။

မင်းဘူးမြို့နယ် ကျောက်မီးသွေးတွင်း ပြိုမှု လူ ၈ ဦး သေဆုံး

နိုဝင်ဘာလ ၂၈ ရက် နေ့လည်ပိုင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ် / နိုင်ငံတော် အတိုင်ပင်ခံ ရုံး

ရခိုင်အရေး မိတ်ဆွေကောင်းများ အားပေးမှု လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate