သတင်း

မင်းဘူးမြို့နယ် ကျောက်မီးသွေးတွင်း ပြိုမှု လူ ၈ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ငဖဲ-ရွှေစက်တော် ကားလမ်းဘေး ဆပ်ပြာချောင်းအနီး ဟန်ထက် (၁) ကျောက်မီး သွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်နေသည့် ကျောက်မီးသွေးတွင်းပြိုကျမှု ကြောင့် လူဦး ၈ဦး သေဆုံးကြောင်းသိရသည်။

သေဆုံးသူ ၈ဦးတွင် တရုတ်နိုင်ငံသား တဦးလည်း ပါဝင်ပြီး၊ ကျန် တရုတ်နိုင်ငံသား ၂ဦးနှင့် ကျောက်မီးသွေးတွင်း လုပ်သား ၂ဦး စုစုပေါင်း ၄ဦးမှာမူ ငဖဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၁နာရီခန့်က ပေ ၃၀၀ခန့် နက်သည့် အဆိုပါ ကျောက်မီးသွေး တွင်း အတွင်း လေပေးသွင်းသည့် လေပြွန်အရင်း ချုပ်ရိုး ပေါက်ထွက်ရာမှ ဖိအားများပြီး တွင်းနံရံပြို ကျမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ဧရာဝတီသို့ ပြောသည်။

“နှစ်မျိုးစုံသွားတာပေါ့။ ကျောက်တုံးတွေ မြေစာတွေ ဖို့လို့ သေတာလည်းပါတယ်။ အောက်ဆီဂျင် ပြတ်ပြီး အသက်ရှူလမ်း ကြောင်း ပိတ်လို့ သေတာလည်းပါတယ်”ဟု ၎င်းက ရှင်းပြသည်။

တွင်းထဲ၌ ပိတ်မိသေဆုံးနေသည့် လူ ၈ ဦး၏ ရုပ်အလောင်းများ အနက် စုစုပေါင်း ၅လောင်းကို သယ်ထုတ်နိုင်ပြီဖြစ်ပြီး ကျန် ရုပ်အလောင်းများကို ဆက်လက်သယ်ထုတ်နိုင်ရန် လုပ်ဆောင်လျှက်ရှိ ကြောင်း ဦးအောင်ဝင်းစိန်က ပြောသည်။

ဟန်ထက်(၁) ကျောက်မီးတွင်း၏ အတွင်းပိုင်းမြင်ကွင်း/ရန်အောင်ထွန်းFacebook မှ ကူးယူဖော်ပြသည်။
ရန်အောင်ထွန်းFacebook မှ ကူးယူဖော်ပြသည်။

ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းကလည်း “လေပေးတဲ့ ပိုက်ပေါက်သွားပြီး အောက်မှာ ရုတ်တရက် အောက်ဆီဂျင် ပြတ်ပြီး ဆုံးသွားတဲ့ အနေအထားရှိတယ်။ သေချာတော့ မသိရသေးဘူး။ လေပိုက်ပေါက်တဲ့အရှိန်နဲ့ တုန်ခါမှုဖြစ်ပြီး အတွင်း ထဲမှာ ပြိုကျတဲ့အနေအထားဖြစ်တယ်၊ ကယ်ဆယ် ရေး ဆင်းတဲ့ မီးသတ်တွေရိုက်ထားတဲ့ ဓာတ်ပုံတွေအရတော့ တွင်းပြိုကျ တဲ့ အနေအထားတော့ တွေ့ရတယ်” ဟု အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း က ရှင်းပြသည်။

ကျောက်မီးသွေးတွင်းထဲတွင် ကျန်ရှိနေသေးသည့် အလောင်းများ သယ်ထုတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ကူညီဆောင်ရွက်လျက်ရှိပြီး တွင်းထဲတွင် ပိတ်မိသေဆုံး သွားသည့် ၈ ဦးအနက် တရုတ်နိုင်ငံသား တဦးနှင့် စကားပြန် တဦးလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးလုပ်ကွက် ၄၀ ကို တရားဝင်ခွင့်ပြုထားပြီး ကျောက်မီး သွေး ၁ တန်လျှင် တိုင်းဒေသကြီးအစိုးရမှ အခွန်ငွေအဖြစ် ကျပ် ၃၀၀၀ ကောက်ခံလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading