သတင်း

ရခိုင်ပြည်နယ် အစိုးရ စည်ပင်ဝန်ကြီး တာဝန်မှ ရပ်စဲရန် လွှတ်တော်အမတ် ၁၇ ဦး တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲပေးရန် လွှတ်တော် ကိုယ်စား လှယ် ၁၇ ဦးက ပြည်နယ် လွှတ်တော်တွင် တောင်းဆို တင်ပြမှု ပြုလုပ်ကြောင်း သတင်း ရရှိသည်။

ဝန်ကြီး ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း ဆိုသော ခေါင်း စဉ်ဖြင့် လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက စွပ်စွဲပြစ်တင်၍ လက်မှတ်ထိုး တင်ပြလာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တင်ပြလာခြင်းအပေါ် အဖြစ်မှန် သိရှိရန်အတွက် အဖွဲ့ဝင် ၅ ဦးပါဝင်သော လွှတ်တော် စုံစမ်း စစ်ဆေးရေး အဖွဲ့ ကို ဒီဇင်ဘာ ၅ ရက်နေ့က ဖွဲ့စည်း၍ တာဝန်ပေးလိုက်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ဧရာဝတီ သို့ ပြောသည်။

ဦးစံကျော်လှ က “လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက လက်မှတ်ထိုးပြီးတော့ ကျနော့်ကို တင်ပြလာတော့ ဥပဒေအရ ကျနော်က အဖွဲ့ဝင် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ ကျနော်က တင်ပြလာတဲ့ အပေါ်မှာသာ ဥပဒေအရ ဆောင်ရွက်ပေးတာပါ။ စစ်ဆေးမှာကိုတော့ ကျနော်နဲ့ မဆိုင်တော့ဘူး၊ တာဝန်ပေး လိုက်တဲ့ အတွက် အဲဒီ စစ်ဆေးရေး အဖွဲ့နဲ့ပဲ ဆိုင်တော့တယ်။ စွပ်စွဲချက်တွေကတော့ အများကြီးပဲ၊ အဲဒါတွေကိုတော့ ပြောလို့ မရဘူး” ဟုလည်း ပြောပြသည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦး၏ နိုဝင်ဘာလ ၂၉ ရက်နေ့က အဓိက စွပ်စွဲတင်ပြချက်တွင် စည်ပင် သာယာရေး ဝန်ကြီး ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းများ ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ထိခိုက် နစ်နာဆုံးရှုံးမှုများ ရှိနေခြင်းအတွက် စည်ပင်သာယာရေး ဝန်ကြီးရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် လွှတ်တော်သို့ တင်ပြလာခြင်း ဖြစ်သည်ဟု ဆို သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ (ဂ)နှင့်အညီ ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဇော်ဇော်မြင့် အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကမူ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မသိရှိရသေး ကြောင်း၊ facebook စာမျက်နှာများတွင် ပျံ့နှံ့လာသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့သည်ဟူ၍သာ သိရှိရကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးမင်းအောင်က “facebook မှာတွေ့တာကတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့တယ်လို့တော့ သိတယ်။ သူတို့ ၁၇ ယောက် စွပ်စွဲ ပြစ်တင်ထားတယ်ဆိုတာ ဘာတွေ စွပ်စွဲပြစ်တင် ထားတယ်ဆိုတာ ကျနော် မသိဘူးလေ။ အဲဒီလိုသိရမှ ဘာတွေ၊ ဘာတွေ ဖြေရှင်းရဖို့ ဆိုတာ ရှိလာမှာကိုး။ စွပ်စွဲမှုတွေ အပေါ်မှာ ဒါတွေ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာ ဖြေရှင်း ရမှာလေ။ အခု ကျနော့်ဆီကို စာလည်း မရောက်ဘူး။ အတိအကျ သိရမှ ကျနော့်ဘက်ကလည်း ပြန်ဖြေရှင်း လို့ ရမယ်”ဟု ပြောဆိုသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ရခိုင်ပြည်နယ် စည်ပင်သာသာရေး ဝန်ကြီး ဦးမင်းအောင်အား စွပ်စွဲ ပြစ်တင်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်ပါ အကြောင်းအရာများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ရခိုင် ပြည်နယ် လွှတ်တော် ရုံးသို့ ပြန်လည် အစီရင်ခံစာ တင်ပြရန် ညွန်ကြား ထားကြောင်း ပြောဆိုသည်။

ဦးစံကျော်လှက “စွပ်စွဲပြစ်တင်ချက်နဲ့ ပတ်သက်ပြီး စာကိုတော့ ဝန်ကြီးချုပ်ဆီကို ပို့ထားတယ်။ သူ့ကိုတော့ ကျနော်တို့ က စာမပို့တော့ဘူး။ သူ့ကို စွပ်စွဲပြစ်တင်ပြီး တင်ပြလာတဲ့ လွှတ်တော် ကိုယ်စားလှယ်အထဲမှာ ရခိုင်အမျိုးသား ပါတီက ပါသလို၊ NLD ကလည်းပါတယ်။ ပြည်ခိုင်ဖြိုး ကလည်း ပါတယ်။ အဲဒါနဲ့ ကျနော်က အဖွဲ့ဖွဲ့ပေးပြီးတော့ ဒီလ ၁၉ ရက် နေ့ ကျနော့်ဆီကို အစီရင်ခံစာကို နောက်ဆုံးထား တင်ပြဖို့ ညွန်ကြားထားတယ်”ဟုလည်း ဆက်လက် ပြောကြား သည်။

အဆိုပါ စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ ဘူသီး တောင် မဲဆန္ဒနယ်မှ လွတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်၊ ရခိုင် အမျိုးသား ပါတီ (ANP) စစ်တွေမြို့နယ် မဲဆန္ဒ နယ်မှ ဦးအေးသိန်း၊ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးဦးသန်းနိုင်၊ ကျောက်တော် မဲဆန္ဒနယ်မှ ဦးမောင်မောင် (ခ) ဦးမောင်သန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) သံတွဲမြို့နယ် မဲဆန္ဒနယ်မှ ဦးနိုင်ကြွေအေး တို့ ပါဝင် ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading