• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကို ၂၀၂၀ တွင် ရုံတင် ပြသရန် စီစဉ်နေ

by မိုးမိုး
12 December 2017
in သတင်း
A A
ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကို ၂၀၂၀ တွင် ရုံတင် ပြသရန် စီစဉ်နေ
18.8k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသွားရန် စီစဉ်နေကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက “ ၂၀၂၀ မှာ ရုံတင်နိုင်အောင် ကြိုးစားမယ်။ ၂ နှစ်အချိန်ယူထားတယ်။ ၂၀၁၈ မှာ ဇာတ်ညွန်းတွေကို ပြန်ပြင်မယ်။ ၂၀၂၀ မှာ ရုပ်ရှင်ရုံတင်နိုင်ရေး ကြိုးစားနေပါတယ်။” ဟုပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
203
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
252
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.3k

အဆိုပါ ရုပ်ရှင် ဇာတ်ကားကို ယခင်က ကျပ်သိန်း သုံးသောင်း အကုန်ကျခံ ရိုက်ကူးရန် ဇာတ်ညွှန်း ရေးခဲ့သော်လည်း ယခု အချိန်ထိ ဇာတ်ကားရိုက်ကူးရန် အလှူငွေ ကျပ် သိန်း ရှစ်ထောင့် သုံးရာခန့်သာ ရှိခြင်းကြောင့် ယခင်ရေးထားသည့် ဇာတ်ညွှန်းကို ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းဇာတ်ကားတွင် ဒါရိုက်တာ အဖြစ် ရိုက်ကူးမည့် ဦးမင်းထင် ကိုကိုကြီးက “ကိုယ်က စိတ်တခုတည်းနဲ့ လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ် ရုပ်ရှင်ကိုတောင် ဖြစ်မြောက်အောင် မရိုက်နိုင်ဘူးလို့ အပြော မခံ နိုင်ဘူး။ ဒါကြောင့် ဘယ်သူမှ မလုပ်ရဲတာကို ခေါင်းခံပြီး လုပ်တယ်။ အဆဲခံရင်လည်း ကိုယ်တယောက်ထဲပဲ အဆဲ ခံလိုက်မယ်။ “ ဟု ဧရာဝတီသို့ပြောသည်။

ဦးမင်းထင် ကိုကိုကြီးက “ပါးစပ်လေးနဲ့ပဲ ကျနော်ဒါကို တာဝန်ယူတယ်ဆိုပြီး လုပ်မှာ မဟုတ်ဘူး။ တခြား အလုပ်တွေ ဘာမှ မလုပ်ဘူး။ ၂ နှစ် အချိန်ပေးပြီး လုပ်မှာ ကိုယ့်မှာ ရှိတဲ့ အနုပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ ၊ စိတ်၊ ကိုယ် ၊ ရှိနေတဲ့ အား အကုန်လုံးကို သုံးပြီးတော့ အလုပ်လုပ်မှာဖြစ်တဲ့ အတွက် အကောင်းဆုံး ပြင်ဆင်တယ်။ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပြီးပြီ။” ဟု ပြောသည်။

ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရန် သမိုင်း အထောက်အထား လွဲမှားမှု မရှိစေရေး အတွက် ကြီးကြပ်ဆောင်ရွက်မည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ကို ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီတွင် သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ အနုပညာရှင်ထဲမှ ဦးလူမင်းနဲ့ အခြားအနုပညာရှင်များ ပါဝင်ပြီး၊ ဘဏ္ဍာရေးကော်မတီ ဒါရိုက်တာ အဖြစ် ဒေါ်အေးအေးခိုင်က တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးထွန်းအုံ ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆိုပါ ရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၀ ပြည့်သည့် ၂၀၁၅ ခုနှစ်က ရုံတင်ပြသ နိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် နှစ်၁၀၀ ပြည့်တွင် ရုပ်ရှင် ရိုက်ကူးရေး အလှူငွေ ရှာရန် နမူနာသာ ရိုက်ကူး နိုင်ခဲ့ပြီး ၎င်း နမူနာကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။

မူလဇာတ်ညွှန်းအား ပြောင်းလဲရေးသားသေ်ာလည်း ပါဝင်သရုပ်ဆောင် မည့်သူများမှာ ယခင်ရွေးချယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ဘောလုံးသမား ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာတွင် ကျောင်းဆရာမ ဇာခြည်လင်း တို့က သရုပ်ဆောင်သွားမည်ဟု သိရသည်။

၎င်းရုပ်ရှင် ဇာတ်ကားရိုက်ကူးရန် လိုအပ်သည့် အကူအညီများကို ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများမှာ စစ်လက်နက်များ၊ ယူနီဖောင်းများ၊ လေယာဉ်ပျံ များနှင့် ဗုံးပေါက်မည့် ပစ္စည်းများ အပါအဝင် အကူအညီ ပေးသွားမည်ဟုလည်း သိရသည်။

“ ရုပ်ရှင် ရိုက်ဖို့ အတွက် လိုတဲ့ ဝန်ကြီးဌာနတွေ အကုန်လုံးက တာဝန်ယူမယ်။ ဥပမာ ကာကွယ်ရေးနှင့် ပတ်သက်တဲ့ လက်နက်၊ စက်ပစ္စည်း၊ အဝတ်အစား၊ ယမ်းဖောက်ခွဲတာမှ အစ ကာကွယ်ရေးက အထောက်အပံ့ လုပ်မယ်” ဟု ဦးထွန်းအုံ ကပြောသည်။

Your Thoughts …
Tags: ဗိုလ်ချုပ်ရုပ်ရှင်
မိုးမိုး

မိုးမိုး

...

Similar Picks:

“အောင်ဆန်း” ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်း  / ထက်ဝေ / ဧရာဝတီ

“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော

by ချစ်ပိုး
24 September 2019
11.6k

“ဗိုလ်ချုပ် ကာရိုက်တာအတွက် ငြင်းဆန်ခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိတယ်။ တချို့ကျတော့လည်း သူတို့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို ယုံကြည်မှု မရှိလို့ပါလို့ ကျနော့်ကို ပြောတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုး

ဗိုလ်ချုပ်ရုပ်ရှင်အတွက် စောင့်ရကျိုးနပ်အောင် ကြိုးစားမယ့် ကျော်ကျော်မျိုး

by ချစ်ပိုး
23 July 2018
5.5k

"ကျနော် နာမည်ရဖို့ဆိုတာ ခေါင်းထဲမှာ မရှိဘူး။ ဗိုလ်ချုပ်ကို နောင်လာ နောင်သားတွေ မြင်ရအောင် ကျနော်ကြိုးစားမှာ"

“အောင်ဆန်း”ရုပ်ရှင် စတင် ရိုက်ကူးခြင်း အခမ်းအနား  / ဧရာဝတီ

“ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့နေရာမှာ အသုံးချမှာ စိုးရိမ်တယ်”

by ဧရာဝတီ
9 June 2021
12.3k

ကျနော့်အနေနဲ့လည်း ဒီရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်ရှင် အဖြစ် အသုံးချခံရတာမှာကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်”လို့ ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်းနဲ့ ဇာတ်ညွှန်း ရေးသားမှု အပိုင်းမှာ ပါဝင်တဲ့ ဘုဏ်းသိုက်  / Hpone Thaik's FacebooK

ဗိုလ်ချုပ်အကြောင်း လူတွေ မှန်မှန်ကန်ကန် သိရဖို့နဲ့ အနုပညာ ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘုဏ်းသိုက်

by ယုဖြူဟန်
19 February 2019
16.2k

ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး စစ်ဗိုလ် တယောက်အနေနဲ့ ကမ္ဘာအထိ ခေါင်းထဲကို ရောက်သွားစေတဲ့ လူငယ်လေးအကြောင်းကို သိရဖို့အတွက် နေ့မအား ညမအား ကြိုးစားနေတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးမယ့် လူမင်း / ချစ်ပိုး / ဧရာဝတီ

ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော

by ချစ်ပိုး
8 January 2019
13.5k

"ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်တဲ့ အပိုင်းဆိုရင် မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ဝန်ခံရမှာပါ။ အဲ့လို အချိန်တွေရောက်ရင်တော့ ဘယ်ပညာရှင်ကိုမဆို ကျနော်တို့ ခေါ်ယူ အသုံးပြုမှာပါ။

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာလူမင်း / ချစ်ပိုး / ဧရာဝတီ

“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော

by ချစ်ပိုး
20 July 2019
12.1k

“ ဗိုလ်ချုပ်ရုပ်ရှင်က ဘဝနဲ့ရင်းပြီးတော့ ရိုက်ရတယ်လို့ခံယူတယ်။ ကျနော့်စီးပွားရေး ကျနော့်အလုပ်တွေ ပစ်ပြီးလုပ်ကိုင် နေတာ ရှေ့မှာလည်း စိန်ခေါ်မှုတွေ ဝေဖန်မှုတွေက ဆီးကြိုလို့နေတယ်။ ဘာကြောင့် ဒီအလုပ်ကို လုပ်လဲဆို နံပါတ်၁ ဗိုလ်ချုပ်ကို ချစ်တယ်၊

Next Post
ရန်ကုန်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည်

ရန်ကုန်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည်

အနောက်ဖက်ကမ်းခြေအနီး ရာမာလာတွင် တာယာများ မီးရှို့နေသော ပါလက်စတိုင်း ဆန္ဒပြသူတဦး / Reuters

ဒေါ်နယ်ထရမ့်၏ ဂျေရုစလင် တွက်ကိန်းအကြောင်း သိကောင်းစရာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate