• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မြစ်အတွင်း သမ္ဗာန်နစ်မြုပ်ရာမှ လူ ၃ ဦး ပျောက်ဆုံးနေ

by ဇူးဇူး
20 December 2017
in သတင်း
A A
သမ္ဗာန်နစ်မြုပ်မှုမှ ပျောက်ဆုံးနေသူများကို ရန်ကုန်မြစ်အတွင်း ရှာဖွေစဉ် / ချမ်းစွန်း / ဧရာဝတီ

သမ္ဗာန်နစ်မြုပ်မှုမှ ပျောက်ဆုံးနေသူများကို ရန်ကုန်မြစ်အတွင်း ရှာဖွေစဉ် / ချမ်းစွန်း / ဧရာဝတီ

16.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ကမာကဆစ်ဆိပ်ကမ်းဘက်မှ ရန်ကုန်ဘက်ရှိ စဉ့်အိုးတန်းဆိပ်ကမ်းသို့ မောင်းနှင်လာ သည့် စက်သမ္ဗာန်တစင်း ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဒိုက်အမှိုက်များ ငြိ၍ ယာဉ်နစ်မြုပ်မှု ဖြစ်ပွားခဲ့သောကြောင့် စက်သမ္ဗာန်မောင်းသမား အပါအဝင် ကျား ၂ ဦး၊ မ ၁ ဦး စုစုပေါင်း ၃ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၄ နာရီခွဲတွင် အသက် ၃၁နှစ် ရှိ ဦးဇင်မင်းသူ မောင်းနှင်သော မြင့်မြတ်သဇင် အမည်ရှိ သမ္ဗာန်ရေယာဉ် အမှတ် ၇/၁၅ သည် ခရီးသည် ၁၃ ဦးနှင့် အတူ ရန်ကုန်ဘက်ခြမ်းသို့ ကူးရာ ကမာကဆစ် သမ္ဗာန်ဆိပ်ရှေ့အနီးတွင် ပန်ကာကို ဒိုက်(အမှိုက်)များငြိ၍ ရေစီး နှင့်အတူ မျောပါသွားပြီး မြစ်အတွင်း ကျောက်ချရပ်ထားသော စီဘီကုန်တင်တွဲနှင့် ကန့်လန့်ခံတိုက်မိရာမှ ယာဉ်နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
36
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
40
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
442

ယာဉ်နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ခရီးသည် ၁၃ ဦးအနက် ကျား ၉ ဦး၊ မ ၂ ဦးကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း၊ သမ္ဗာန်မောင်းသူ အပါအဝင် ပျောက်ဆုံးနေသည့် ၃ ဦးအား ရေကြောင်းရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း ကမာကဆစ်ကူးတို့ သမဝါယမအသင်း ဥက္ကဋ္ဌ ဦးမြင့်ထူးက ဧရာဝတီကို ပြောသည်။

“ရေတက် ရေစီး ကြမ်းတဲ့အချိန် ဖြစ်သွားတာ။ ဖြစ်စဉ်က ပန်ကာမှာ အမှိုက်ငြိပြီး အမှိုက်ကို ကုန်းဖြုတ်တဲ့အချိန်မှာ ရေစီးနဲ့ မျောပြီး ရပ်ထား တဲ့သင်္ဘောတွေရှေ့မှာ ကန့်လန့်ခံပြီးနစ်မြုပ်သွားတာ။ over weight ကြောင့်တော့မဟုတ်ဘူး။ ၁၂ ယောက် လို့ သတ်မှတ်ထားပေမယ့် ကျနော်တို့ သမ္ဗာန်ကြီးတွေက ၁၈ ယောက် ၁၉ ယောက် ကောင်းကောင်း တင်နိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ ရဲမှူး မင်းအေးနိုင်ဦး ကလည်း “ပျောက်နေတာ ၃ ဦးရှိတော့ ရေကြောင်းရဲတွေနဲ့ အကုန်လုံး ရှာဖွေနေတယ်။ လောလောဆယ် မြုပ်တဲ့နေရာကနေ အထက်ကို ကိုက် ၅၀၀၊ အောက်ကို ကိုက် ၅၀၀။ မတွေ့တော့ဘူးဆိုရင် နောက်ရက်တွေမှာ ပိုပြီး ဝေးဝေးလံလံရှာရမှာပေါ့။ တကယ်လို့များ ဆုံးသွားခဲ့တယ်ဆိုရင်လည်း ဒိုက်ပေါ်တွေမှာပါ ရှာရမှာ” ဟု ပြောသည်။

အဆိုပါ သမ္ဗာန်ကူးတို့ဆိပ်တွင် ကမာကဆစ်ကူးတို့ သမဝါယမအသင်းပိုင် စက်သမ္ဗာန်ရေယာဉ်ပေါင်း ၅၆ စီးရှိပြီး နေ့ခင်း ဘက်တွင် ၄၁ စီး၊ ညဘက်တွင် ၁၅ စီး အလှည့်ကျ ထွက်ရှိကြောင်း၊ တနေ့လျှင် ခရီးသည် ၉၀၀၀ နီးပါး ကူးသန်း သွားလာ လျက်ရှိကြောင်း သိရသည်။

“အဓိက က ဝါးတန်းဘက်ကနေ လာပြီးမျှောခဲ့တဲ့ ငှက်ပျောဖတ်တွေ ရေထဲမှာပစ်တာတွေက အန္တရာယ် အရမ်းကိုကြီးမား နေပါတယ်။ ဒါတွေပတ်သွားတဲ့အခါ ဒီ စက် ၁၀ ကောင်၊ ၁၃ ကောင်အားတွေဟာ ရုန်းနိုင်စွမ်းမရှိတော့ဘူး။ မရုန်းနိုင်တဲ့အ တွက် ရေစီးအားနဲ့မျောသွားတဲ့အချိန် စီဘီသင်္ဘောတွေကလည်း သူ့နေရာနဲ့သူ မထားခဲ့ဘူး။ အရမ်းကြီးများလွန်းနေတော့ အဲဒီ သင်္ဘောကို ရေစီးအားနဲ့ဝင်တိုက်ပြီး နစ်မြုပ်သွားတာ” ဟု ကမာကဆစ်ကူးတို့ဆိပ် ဂိတ်မှူးက ပြောဆိုသည်။

စက်သမ္ဗာန်နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးမိုးက တရားလိုပြုလုပ်ပြီး စက်သမ္ဗာန်ယာဉ် အား လူ့အသက်အန္တရာယ်ဖြစ်အောင် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇင်မင်းသူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၀ အရ အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ရန်ကုန်မြစ်သမ္ဗာန်နစ်မြုပ်မှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ရန်ကုန် ဆိပ်ကမ်း  / အောင်ကျော်ထက်  / ဧရာဝတီ

ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်

by မျိုးပပစန်း
29 July 2019
16.5k

ရန်ကုန်မြစ်အတွင်း ကုန်ချိန်များစွာ တင်ဆောင်သည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန်အတွက် ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေသည်။

Next Post
ဖမ်းဆီးခံထားရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

ဖမ်းဆီးခံ သတင်းသမား နှစ်ဦး၏ ဘဝကောက်ကြောင်း

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ ၂ ပါတီ ပေါင်းစည်း ရေး နှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်  / ဧရာဝတီ

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ပေါင်းစည်းလိုကြောင်း ရခိုင်မျိုးချစ်ပါတီ ကမ်းလှမ်း

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate