• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အနည်းဆုံး လုပ်ခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ရန်ကုန်တွင်ဆွေးနွေး

by သဇင်လှိုင်
24 December 2017
in သတင်း
A A
အနည်းဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ / သဇင်လှိုင် / ဧရာဝတီ

အနည်းဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ / သဇင်လှိုင် / ဧရာဝတီ

20.9k
VIEWS
Share on FacebookShare on Twitter

အလုပ်ရှင်များနှင့် အလုပ်သမားများအကြား အငြင်းပွားနေသည့် အနည်းဆုံး လုပ်အားခကြေးငွေ ပြင်ဆင်သတ်မှတ်ရေး နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်ခဲ့သော အဆိုပါ နောက်ဆုံး အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် အဖွဲ့အစည်းများနှင့် ပညာရှင်များ တက်ရောက်ခဲ့သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
94
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
96

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က “အချိန်ကန့်သတ်ချက် အရ ဒီအလုပ်ရုံ ဆွေးနွေးပွဲက နောက်ဆုံး ဆွေးနွေးပွဲလို့ ပြောလို့ရတယ်”ဟု ဦးသိန်းဆွေက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အနည်းဆုံးအခ နှုန်းထားနှင့် ပတ်သက်ပြီး အလုပ်ရှင်များနှင့် အလုပ်သမားများ အကြား သဘောထား ကွာဟနေမှု၊ တိုင်းနှင့် ပြည်နယ်အလိုက် အနည်းဆုံး အခကြေးငွေ ကွာဟနေမှုနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်တွင် အကျုံးဝင်သည့် အလုပ်သမားအရေအတွက် သတ်မှတ်ချက်များ ကွဲလွဲနေမှုတို့ကို ဆွေးနွေး အဖြေရှာသွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲရလဒ်များကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကေ်ာမတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောသည်။

ဦးဝင်းရှိန် က “၅၀၀၀ ပဲ ဖြစ်ဖြစ်၊ ၄၀၀၀ ပဲ ဖြစ်ဖြစ် ဒီကရတဲ့ ရလဒ်တွေကိုအမျိုးသားအဆင့်ကော်မတီမှာဆွေးနွေးရမယ်” ဟု ဆိုသည်။

ဝန်ကြီး ဦးသိန်းဆွေ ကလည်း “အလုပ်ရှင်တွေကလည်း အလုပ်သမားတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ပြီး သတ်မှတ်နှုန်းကို ညှိနှိုင်းပေးမယ် ဆိုရင်တော့ လက်ခံပေးမယ့် သဘောရှိတယ်။ အလုပ်သမားအဖွဲ့ အစည်းတွေက ၅၆၀၀ နဲ့ အထက် ပေးရမယ်ဆိုပြီး ဆန္ဒဖော်ထုတ်တာတွေ ရှိနေပါတယ်။ ဒါကိုလည်း ဝန်ကြီးဌာနအနေနဲ့ အသိအမှတ်ပြုပါတယ်။ တိုင်းနဲ့ပြည်နယ်က အလုပ်ရှင်၊ အလုပ်သမားတွေ၊ ဝန်ကြီးတွေ ဆွေးနွေးပြီးသတ်မှတ်တဲ့ နှုန်းထားတွေလည်း ဝန်ကြီးဌာနမှာ ရထားပါပြီး။ ဒါတွေကို ဘက်ပေါင်းစုံက သုံးသပ်ပြီးညှိနှိုင်းမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အလုပ်သမား ကိုယ်စားလှယ်များက အနည်းဆုံးအခကြေးငွေကို ၅၆၀၀ ခန့်အထိရရှိရန် ညှိနှိုင်းမည်ဟုဆိုသော်လည်း အလုပ်ရှင်များဘက်ကမူ ကျပ် ၄၀၀၀ ထက် ပိုမိုတိုးပေးနိုင်မည့် အခြေအနေမရှိကြောင်း ပြောလျက်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် က “CTUM (မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) က ၆၆၀၀ ရမှ လူနေမှု ထိုင်မှုတွေ ပြည့်စုံမယ်လို့ ပြောထားပါတယ်။ နောက်အဖွ့ဲတွေက ၅၆၀၀ အထက်ရမှ လုံလောက်မယ်လို့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့က ၅၆၀၀ နဲ့ ၆၆၀၀ ကြားပမာဏတစ်ခုခုကို ရအောင် ညှိနှိုင်းဖို့ လိုပါမယ်” ဟု ပြောသည်။

လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေး က “အခြေခံလစာက ငွေကြေး ပြောင်းလဲမှုနှုန်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဖြစ်သင့်တဲ့ နှုန်းက ၃၉၅၀ ကနေ ၄၀၀၀ ကြားထဲမှာပဲ ဖြစ်သင့်တယ်လို့ ယူဆတယ်။ လက်ရှိလည်ပတ်နေတဲ့ ဖြစ်စဉ်ကြီး တစ်ခုလုံး ချောချောမွေ့မွေ့ ဖြစ်ဖို့က ၄၀၀၀ နဲ့မှပဲ ဖြစ်မယ်။  ၄၀၀၀ ကျော်ရင် လုပ်ငန်းတွေ အကုန်က မောက်ကမ ဖြစ်ကုန်မယ်”ဟု ပြောသည်။

အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး တိုင်းနှင့် ပြည်နယ် အလိုက် ဆွေးနွေးပွဲများ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ယခုအချိန်အထိ အနည်းဆုံး အခကြေးငွေနှုန်းထားနှင့် ပတ်သက်သည့် အဆိုပြုနှုန်းထား ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ်ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေအရ အနည်းဆုံး အခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲ သတ်မှတ်ရမည် ဖြစ်သည်။

Your Thoughts …
Tags: အနည်းဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်နိုင်ရေး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ တွေ့ရသော NLD ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု တခု / ဧရာဝတီ

Third Force တတိယ အင်အားစု (၃)

အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ

အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate