တရုတ်နိုင်ငံဘက်က မမျှော်လင့်တဲ့ အအေးလှိုင်းတခုဟာ ပြီးခဲ့တဲ့ အပတ်က အရှေ့တောင်အာရှကို ရောက်လာရာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက လူတွေကတော့ ထူးကဲတဲ့ ရာသီဥတုကို တွန်း လှန်နိုင်ဖို့ ကုတ်အကျႌ၊ အနွေးထည်တွေ ဝတ်ဆင်ကြပေမယ့် ဆင်တကောင်အနေနဲ့တော့ အဲဒီရာသီ ဥတုကို ဘယ်လိုတုံ့ပြန်မယ်လို့ ထင်ပါသလဲ။
ရန်ကုန်မြို့ကနေ ၃၉မိုင်ဝေးတဲ့ ဝင်္ဂဘော် မိဘမဲ့ ဆင်စခန်းက ဝန်ထမ်းတွေဟာ ဆင်လေးတွေ အနွေး ဓာတ်ရဖို့ ကောက်ရိုးခင်းပေးရုံသာမက ကြမ်းတမ်းလှတဲ့ အအေးဒဏ်ကြောင့် လျှို့ဝှက်လက်နက် အဖြစ် လက်နဲ့ ရက်ထားတဲ့ အကြီးစားစောင်ကြီးတွေကို ခြုံပေးထားရပါတယ်လို့ သိရပါတယ်။
ဒီစောင်တွေကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက Blankets for Baby Rhinos (ကြံ့ငယ်များအတွက် စောင်)လို့ အမည်ပေးထားတဲ့ သားရိုင်းတရိစ္ဆာန် စောင့်ရှောက်ရေး လက်မှုပညာအဖွဲ့က ထိုင်း အခြေစိုက် “ဆင်များကို ကာကွယ်ပါ” အမည်ပေးထားတဲ့ ဖောင်ဒေးရှင်းကတဆင့် လှူဒါန်း ထားခြင်းဖြစ်ပါတယ်။
ဆင်များကို ကာကွယ်ပါ ဆိုတဲ့ ဖောင်ဒေးရှင်းဟာ အာရှဆင်တွေကို စောင့်ရှောက်နေတဲ့ အကျိုး အမြတ် မယူတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
အဲဒီဖောင်ဒေးရှင်းကို တည်ထောင်သူ ဆန်ဒီအန် လက်ခ် ချိုင်လတ်ဟာ မိဘမဲ့ဆင်လေးတွေ ဒီလို ခြုံစောင်ကြီးတွေ ရရှိဖို့ Blankets for Baby Rhinos အဖွဲ့ကို Facebook ကနေ တဆင့် ဆက်သွယ် ပြီး ဆင်ကလေးတွေအတွက် စောင်တွေ ဝေငှတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တာဖြစ်သလို၊ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်နဲ့ နိုဝင်ဘာလအတွင်းက ဝင်္ကဘော် ဆင်စခန်းအတွက် စောင်တွေ ကို မြန်မာနိုင်ငံသို့ သွားရောက်ပို့ဆောင်ခဲ့တာပါ။
ချိုင်လတ်ဟာ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားက ခရီးသွားနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ နှိပ်စက်ခံ နေရတဲ့ ဆင်တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ တရိစ္ဆာန်တွေအပေါ် လူသားဆန်ဆန် ကိုင်တွယ် စည်းရုံးဆက်ဆံဖို့အတွက် ဆောင်ရွက်နေသူ ဖြစ်သလို မစွမ်းမသန်နဲ့ မျက်မမြင်သို့မဟုတ် ရောဂါရနေတဲ့ ဆင် ၇၇ ကောင်ကို စောင့်ရှောက်နေသူပါ။
သူ့ရဲအဆိုအရတော့ ဒါဟာ နှစ်ပေါင်း ၄၀အတွင်းမှာ အအေးဆုံးဖြစ်ပြီး၊ အအေးဒဏ်ကြောင့် ဆင်လေး တွေကို စောင်များပတ်ထားရတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဝင်္ဂဘော်ဆင်စခန်းက မိဘမဲ့ဆင်ငယ်တွေဟာ စောင်တွေကို အိပ်ရာဝင်၊ အိပ်ရာထ ကိုယ်လုံးအလယ် ကနေတင်းကျပ်စွာ ဝတ်ဆင်ပေးထာပြီး ရွံမလူးမီမှာ အဲဒီစောင်ကို ဖြုတ်ပေးပြီး ရေချိုးပြီးမှ ပြန်ဝတ်ပေး တယ်လို့ ချိုင်လတ်က ဆိုပါတယ်။
ဝင်္ဂဘော် ဆင်စခန်းက ဆင်ငယ် ၇ကောင်ကတော့ စောင်တွေသဘောကျကြောင်း၊ ဆင်လေးတွေ စောင်တွေပတ်ထားတာကို Facebook မှာ ဓာတ်ပုံတင်တဲ့အခါမှာ အားလုံးက ပွဲကျကြသလို အကောင်းဆုံး ဆောင်းရာသီ ဖက်ရှင်လို့ပင် မှတ်ချက်ပေးတယ်လို့ သိရပါတယ်။
ဆင်နဲ့ တခြား တိရစ္ဆာန်တွေအတွက် စောင်ခြုံထည်တွေကို ရက်လုပ်ပေးတဲ့ Blankets for Baby Rhinos အဖွဲ့ကို ကြံ့ထိန်းသိမ်းရေးမှာ ကာလကြာရှည်လုပ်ကိုင်ခဲ့သူ စူး ဘရောင်းနဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန် အယ်လီစာဘက်စ်က တည်ထောင်ထားတာဖြစ်ပြီး အဲဒီလို တိရစ္ဆာန်တွေ ခြုံဖို့ စောင်တွေကို ကမ္ဘာတဝန်းက လူပေါင်း ၁၅၀၀ခန့် ချည်ထိုးပေးကြတယ်လို့ သိရပါတယ်။
ချည်ထိုးသူ အများစုဟာ တောင်အာဖရိကမှ ဖြစ်သလို အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျှ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဥရောပကလည်း ပါဝင်ပြီး၊ ၉၅ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကာ အမျိုးသားအဖွဲ့ဝင် များ လည်းရှိတယ်လို့ဆိုပါတယ်။
ဆင်ငယ်လေးများအတွက် အလျှား အနံ ၁၂၀ စင်တီမီတာ၊ လေးလနဲ့ အထက် ဆင်လေးတွေအတွက် အလျှား ၁၂၀ X အနံ ၁၆၀ စင်တီမီတာ ရှိပြီး၊ ဒီဇိုင်းကို အွန်လိုင်းမှ လမ်းညွှန်ကာ လျှော်ဖွပ် ဝတ်ဆင်ရ တာ လွယ်ကူတဲ့ ဓာတုချည်ခင်ကို သုံးတယ်လို့ သိရပါတယ်။
အာရှဆင်တွေဟာ မျိုးတုံးပျောက်မယ့် အန္တရာယ်နဲ့ မြင့်မားစွာ ရင်ဆိုင်နရပြီး ရှေးယခင်က အာရှတိုက် အနောက်ဖက်က ယူရေးရီးနဲ့ တိုက်ဂရစ် မြစ်ဝှမ်းကနေ အရှေ့ဘက် ယန်စီမြစ်အထိ လှည့်ပတ် သွားလာနေပေမယ့် အခုအခါမှတော့ ယင်းဒေသတွေမှာ မတွေ့ရတော့ဘူးလို့ အမေရိကန် သဘာ၀ သမိုင်းပြတိုက်က ဆိုပါတယ်။
ထိုင်းအခြေစိုက် Bangkok Post သတင်းမှာ ဖော်ပြသည့် Orphaned Myanmar elephants blanketed against cold ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။