• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၈ တွင် ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ ကျော် လျှပ်စစ်မီး ရရှိရေး စီစဉ်နေ

by မိုးမိုး
29 December 2017
in သတင်း
A A
ကယားပြည်နယ် အတွင်း မဟာဓာတ်အားလိုင်း သွယ်တန်းထားသည်ကို တွေ့ရစဉ် / သက်ထွန်းနိုင် / ဧရာဝတီ

ကယားပြည်နယ် အတွင်း မဟာဓာတ်အားလိုင်း သွယ်တန်းထားသည်ကို တွေ့ရစဉ် / သက်ထွန်းနိုင် / ဧရာဝတီ

7k
VIEWS
Share on FacebookShare on Twitter

လာမည့် ဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ အတွင်း တအိမ်သုံး ဆိုလာ စနစ် အသုံးပြု အသေးစား လျှပ်စစ် ဓာတ်အားပေး စနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ ကျော်ကို လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်း ဆောင်ရွက်ချက်ကို အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း က စီစဉ်နေခြင်း ဖြစ်သည်ဟု ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးခန့်ဇော်က ပြောသည်။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1k
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
305
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
626

ဒီဇင်ဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ပြုလုပ်သော အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြား ခြင်း ဖြစ်သည်။

အိမ်သုံး ဆိုလာတပ်ဆင်မည့် ကျေးရွာများတွင် ပြည်သူများက ၂၀ ရာခိုင်နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန က ၆၀ ရာခိုင်နှုန်း၊ အကောင်အထည် ဖော်မည့် ပုဂ္ဂလိက ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းစီ ထည့်ဝင်ရမည် ဖြစ်ကြောင်း သိရ သည်။

ဦးခန့်ဇော်က “လာမယ့် နှစ်မှာ လျာထားတာက မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး နဲ့ မန္တလေးတိုင်း ဒေသကြီးပါ။ ဓာတ်အားလိုင်းကနေ ၁၀ မိုင်ကျော် ဝေးပြီးတော့ နောက် ၁၀ နှစ်အထိ လျှပ်စစ်မီး မရနိုင်တဲ့ ကျေးလက်ဒေသတွေကို အဓိက ထားပြီး လျှပ်စစ်မီးရအောင် စီစဉ်တဲ့ စီမံကိန်း ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ် နှင့် တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် စတင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာပေါင်း ၂၇၀၀ ကျော်ရှိ အိမ်ခြေပေါင်း တသိန်းလေးသောင်းကျော် လျှပ်စစ်မီး ရရှိခဲ့သည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က “ကျေးရွာတွေ မီးလင်းဖို့အတွက် နည်းပညာ အကူအညီတွေ ပေးတယ်။ National Eletrification Plan ကို အစိုးရနဲ့ ဦးဆောင်ပြီးတော့ တူတူဆွဲတယ်။ ဒါ့အပြင် လက်တွေ့ အကောင်အထည် ဖော်တဲ့ နေရာဖြစ်တဲ့ ဆိုလာစနစ် ရွေးတဲ့အခါ ဘယ်လို ရွေးမလဲ၊ Grid Extension လုပ်တဲ့ အခါမှာ ဘယ်လိုု သွယ်တန်း မလဲပေါ့၊ ဒါမျိုးတွေကို အကူအညီပေးပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။

၂၀၃၀ ခုနှစ်မှာ မြန်မာ တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း ( National Eletrification Project – NEP) ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်း NEP စီမံကိန်းအရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်းခြင်း (Grid Extension) အပိုင်းကို တာဝန်ယူပြီး ကျေးလက်ဒေသ ဖွဲ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်း ( National Grid) မရောက်ရှိ နိုင်သေးသော ဒေသများအတွက် မဟာ ဓာတ်အားလိုင်း ပြင်ပ မီးလင်းရေး (Off-Grid Eletrification ) တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား လျှပ်စစ် ဓာတ်အားပေး စီမံကိန်းကို ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ နှင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကာလ ကနဦးအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

စီမံကိန်း ၅ နှစ် ကာလအတွင်း ကျေးရွာပေါင်း ၈၀၀၀ ကျော် နှင့် အိမ်ခြေပေါင်း ၇ သိန်း နီးပါး မီးရရှိရေး ဆောင်ရွက် သွားမည်ဟု သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (Grid Extension) အပိုင်းအတွက် ဒေါ်လာ သန်း ၃၁၀ အသုံးပြုပြီး ကျေးလက် ဦးစီးရေးဌာန မဟာဓာတ်လိုင်း ပြင်ပ မီးလင်းရေး အတွက် သန်း ၉၀ နှင့် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၇ ရုံ၊ သဘာ၀ ဓာတ်အားပေးစက်ရုံ ၂၂ ရုံ နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတရုံ တို့မှ မဂ္ဂဝပ် ၃၀၀၀ ကျော်ကို ထုတ်လုပ်ပေးလျက် ရှိပြီး နိုင်ငံ ၏ အိမ်ထောင်စု ဦးရေ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီး ဖြန့်ဖြူး နိုင်သေးကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန မှ သိရသည်။

Your Thoughts …
Tags: ကျေးလက် မီးလင်းရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

No Content Available
Next Post
မကြာခင်ဖွင့်လှစ်တော့မည့် ကျောက်စိမ်းလိုဏ်ဂူတော်  / ဒီလှိုင်းဝင်း / ဧရာဝတီ

ပထမဆုံး ကျောက်စိမ်းလိုဏ်ဂူ အမရပူရတွင် ဖွင့်လှစ်မည်

ရှားစောင်းလက်ပပ်ရဲ့အာနိသင်နဲ့အသုံးဝင်ပုံများ

ရှားစောင်းလက်ပပ်ရဲ့အာနိသင်နဲ့အသုံးဝင်ပုံများ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate