သတင်း

ဗြိတိသျှ IS တိုက်ခိုက်ရေးသမားများ ၃၀၀ ခန့် တူရကီ၌ ခိုအောင်းနေ

Want create site? Find Free WordPress Themes and plugins.

ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော်(IS)တို့ အခိုင်အမာတပ်စွဲထားသောနေရာများမှ ဗြိတိသျှ ဂျီဟတ် ဝါဒီများ ထွက်ပြေးနေရာ ယင်းတို့အနက် ၃၀၀ခန့်မှာ တူရကီတွင် ပုန်းအောင်းနေကြောင်း ဆီးရီးယား ကာဒ် ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး Daily Mail သတင်းကဆိုသည်။

အနောက်အုပ်စု၏ ထောက်လှမ်းရေးသတင်းများအရလည်း အီရတ်မြောက်ပိုင်း မိုဆူးလ်နှင့် ဆီးရီးယား မှ ရက္ကာမြို့တို့ကို IS လက်မှ အစိုးရတပ်များက ပြန်လည်သိမ်းယူအပြီး ယင်းတိုက်ခိုက် ရေး သမားများ မှာ သဲကန္တရထဲသို့ ကစဉ့်ကလျား ထွက်ပြေးကြရာ ယင်းတို့အထဲမှာ ၃၀၀ခန့်မှာ ဗြိတိသျှလူမျိုးများ ဖြစ် မည်ဟု ယုံကြည်ကြသဖြင့် ယင်းဂျီဟတ်ဝါဒီတို့ နေရပ်ဥရောပကို ပြန်ကာ အကြမ်းဖက်လုပ်ဆောင်မည် ကိုလည်း စိုးရိမ်မှု တိုးပွားလျှက်ရှိသည်။

ဗြိတိန်နိုင်ငံသား ၈၅၀ မှာ အိုင်အက်စ်အဖွဲ့သို့ဝင်ရန် သွားရန်ခဲ့ကြပြီး၊ ယင်းတို့အနက် တဝက်ခန့်မှာ နေရပ်ပြန်လာကြကြောင်း၊ ၁၃၀ မှာ သေဆုံးခဲ့ကြပြီး ကျန်ရှိသူများ၏ အခြေအနေကို မသိရသေး ကြောင်း အများစုမှာ တူရကီတွင် ခိုအောင်းနေဟန်တူကြောင်း ဆီးရီးယား-ကာဒစ်ထောက်လှမ်းရေး မှူး စီဝမ်ဇာလီက ပြောသည်။

“မိုဆူးလ်ကျပြီးတဲ့အချိန်မှာ အဲဒီလူတွေ စထွက်ပြေးပြီးတယ်၊ နောက်တခါ ISတွေ ရက္ကာဆုံးရှုံးတော့ လည်း ဆက်ပြီးပြေးရပြန်တယ်။ ကျနော်တို့ထောင်တွေထဲမှာ ပြင်သစ်လူမျိုးအများကြီးဖမ်းမိထားပါ တယ်။ တခြားလူမျိုးတွေလည်း ဖမ်းထားတာပါ။ ဒါပေမယ့် ကျနော်တို့ထင်တာက ဗြိတိန်လူမျိုး အများစု ထွက်ပြေးနေတယ်”ဟု ၎င်းဆက်ပြောသည်။

စောင့်ကြည့် စာရင်းတွင်ပါသူများမှာ တူရကီမှ ဗြိတိန်သို့ လျို့ဝှက်ပြန်လာရန်မှာ လွန်စွာခက်ခဲ ကြောင်း ဗြိတိသျှလုံခြုံရေး သတင်းရင်းမြစ်များက ဆိုသည်။ သို့သော်လည်း ယင်းသတင်းရင်းမြစ်၏ အဆိုအရ ထိုတိုက်ခိုက်ရေးသမားများသည် ဥရောပတွင် တိုက်ခိုက်မှုများလုပ်လာနိုင်သည်ဟုဆို သည်။

အာဏာပိုင်များသည် အစွန်းရောက်များကို ခြေရာခံလိုက်ရန် လျို့ဝှက်သော နည်းစနစ်များ အသုံးပြု နေသကဲ့သို့ ဆီရီးယားမှ ပြန်ရောက်လာသူများကိုလည်း ဟန့်တား စစ်မေး မှုများပြုလုပ်နေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောသည်။ CIA နှင် MI 6 ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး၊ နိုင်ငံခြားသား IS တိုက်ခိုက်ရေးသမားများကို ခြေရာခံနေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ဆိုထားသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ဥရောပတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုပေါင်း ၄၀ အနက် ၃ခုတွင်သာ ဆီးရီးယားနှင့် အီရတ်မှ ပြန်လာသည့် နိုင်ငံခြား အကြမ်းဖက်သမားများ ပါဝင်ခဲ့သော်လည်း ထိုတိုက်ခိုက်မှု ၃ ခုအတွင်း အသေအပျောက်နှုန်းသည် စုစုပေါင်းအသေပျောက်နှုန်း၏ ထက်ဝက်နီး ပါးရှိသည်။

ယခင်IS စစ်သွေးကြွဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ ဆက်ဒမ်အယ်လ်ဟာမာဒီကို တူရကီလုံခြုံရေး တပ်ဖွဲ့က ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့ရာ အစွန်းရောက်အကြမ်းသမားများသည် ရက္ကာ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဖရိုဖရဲအခြေအနေကို အသုံးပြုပြီး ဥရောပဘက်သို့ခြေဦးလှည့် ရန် စီစဉ်နေကြောင်း ၎င်းက သတိပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading