သတင်း

တောင်တရုတ်ပင်လယ်၌ တရုတ်က ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နေ

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့က လူလုပ်ကျွန်းများ တည်ဆောက်ကာ နယ်မြေတောင်း ဆိုမှု ခိုင်မာစေရန်လုပ်ဆောင်နေရာ နောက်ဆုံးဖော်ဆောင်နေသည့် စီမံကိန်းမှာ နျူကလီးယား လောင်စာစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစက်ရုံတခုဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီက ထုတ်ဝေသော ပြည်သူ့နေ့စဉ် (People’s Daily ) သတင်းစာ၏ အဆိုအရ အဆိုပါ နျူကလီး ယား ဓာတ်အားပေးစက်ရုံသည် အဓိကအားဖြင့် Sansha မြို့တွင် နေထိုင်သော ပြည်သူများကို လျှပ်စစ် ဓာတ်အားပေး ရန် ဖြစ်ကြောင်း သိရသည်။ Sansha သည် စပတ်တလီကျွန်းများ၊ ပါရာဆယ်ကျွန်းများ နှင့် စကားဘရော့ချ်သောင်ခုံ စသည့် နယ်မြေများကို အုပ်ချုပ်သည့် နေရာ ဖြစ်ပြီး ပါရာဆယ်ကျွန်းစုများ အတွင်းရှိ ဝူဒီကျွန်းပေါ်တွင် တည်ရှိသည်။ အဆိုပါ နယ် မြေများကို ဗီယက်နမ်နှင့် ထိုင်ဝမ် တို့ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုခဲ့သည်။

၂၀၁၈ ခုနှစ်သို့ ရောက်ချိန်တွင် တောင်တရုတ်ပင်လယ်ပြင်မှ ကျွန်းများနှင့် ကျောက်တန်းများက နောက်ထပ် ပိုမိုကျယ်ပြန့် လာလိမ့်မည်ဟု ပြည်သူ့ နေ့စဉ်က ဆိုသည်။

သယံဇာတကြွယ်ဝ၍ ကြွယ်ဝ၍ ဗျူဟာအရ အရေးကြီးသော တောင်တရုတ်ပင်လယ်ကို သတ္တုတွင်းထွက် အမြောက် အများရှိနိုင်သည့် အလားအလာများကို ထည့်သွင်းစဉ်းစားခြင်း မရှိလျှင်ပင် နှစ် စဉ် ဖြတ်သန်း နေ သော အမေရိကန် ဒေါ်လာ ၄ ထရီလီယံမှ ၅ ထရီလီယံ အထိတန်ဖိုးရှိသော ကုန်သွယ်ရေးက မရှိမဖြစ်လိုအပ်သည့် အနေအထားကို ပြနေ သည်။

ပင်လယ် ရတနာသိုက် ရှိသည့် ထိုနေရာကို ဘရူနိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် အပါအ ဝင် နိုင်ငံ အများအပြားက ၎င်းတို့၏ ပိုင်နက် အဖြစ်တောင်းဆိုထားကြသည်။

Sansha ၏ ဓာတ်အားပေး စက်ရုံသစ်က အရပ်ဘက် အခြေခံ အဆောက်အဦး အစိတ်အပိုင်းတခု ဖြစ်သော်လည်း တရုတ် နိုင်ငံက ထိုဒေသတွင်းတွင် စစ်ရေးတည်ဆောက်မှုများ အတွက်လည်း အားထုတ်ဆောင်ရွက်ခဲ့သည့်အတွက် အိမ်နီးချင်း နိုင်ငံများသာ မက ကမ္ဘာမှ ပြိုင်ဘက်နိုင်ငံများကပါ စိုးရိမ်စွာ စောင့်ကြည့်နေကြရသည်။

ဖိလစ်ပိုင် တက္ကသိုလ် ဥပဒေကောလိပ်မှ ပါမောက္ခဖြစ်၍ Asia Maritime Initiative မှ စာရေးသူ တဦးလည်း ဖြစ်သော Jay Batongbacal က “တရုတ်နိုင်ငံရဲ့ စိတ်ကူးသစ်တွေနဲ့ အတူ ဒီလိုကျွန်းတုတွေ တည်ထောင်မှု၊ သူတို့ တည်ဆောက် နေတဲ့ အဆောက်အဦး အမျိုးအစားတွေကြောင့် အမေရိကန် အနေနဲ့ ခြိမ်းခြောက်မှုလို ခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု အဲဒီမှာ လက်နက်တွေ တပ်ဆင်နေလို့ ဖြစ်ပါတယ်။” ဟု Sputnik News သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ပြည်သူ့နေ့စဉ် သတင်းတွင် အကြီးစား သောင်တူးသင်္ဘောသစ်တစီး က အခြားသော ပြန်လည် ဖော်ထုတ်ရေးနှင့် ကျွန်း တည်ဆောက်ရေး စီမံကိန်းများတွင် အခြားသော ကျွန်းတည်ဆောက်ရေး စက်ယန္တယားများနှင့် အတူ ပါဝင်လာလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ် အစိုးရက ၎င်းတို့၏ ပထမဆုံးသော စူပါ သောင်တူး သင်္ဘောကြီးကို နိုဝင်ဘာလ အစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။ ပေ၄၆၀ ရှည်လျားသည့် Tian Kun Hao က သမုဒ္ဒရာ ကြမ်းပြင်မှ အနယ်အနှစ် များကို တနာရီလျှင် ၂၁၂၀၀၀ ကုဗပေနှုန်းဖြင့် စုပ်ယူနိုင်သည်။

ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (Center for Strategic and International Studies)၏ လက်အောက်ရှိ Asia Maritime Transparency Initiative (AMTI) က တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ် အတွင်းမှာပင် လက်နက်သိုလှောင်ရုံ များ၊ ရေဒါနှင့် အာရုံခံစနစ်များ နှင့် ဒုံးကျည်ဒဏ် ခံနိုင်သည့် ဗုံးခိုကျင်းများ အပါအဝင် အဆောက်အဦး ဧရိယာ စကွဲယား မီတာ ၂၉၀၀၀၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း ဒီဇင်ဘာလ အတွင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

Loading