သတင်း

အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတ ဦးထင်ကျော် ပြောကြား

Want create site? Find Free WordPress Themes and plugins.

ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပေးပို့ခဲ့သော သဝဏ်လွှာတွင် မြန်မာ့တပ်မတော်မှ ဦးစီးရေးဆွဲထားသော အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်စနစ်တခု၏ အောက်တွင် အသိအမှတ်ပြု လူနည်းစုများ အားလုံးအတွက် တရားမျှတမှုရှိရေး သမ္မတ ဦးထင်ကျော်က တောင်းဆိုခဲ့သည်။

“နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန် သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရမည် ဖြစ်ပါသည်” ဟု ဗြိတိသျှ ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် နှစ် ၇၀ ပြည့်အတွက် ပေးပို့ခဲ့သော သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်ပြီး အစိုးရ၏ ယခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်တခုလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံ ဥပဒေပြင်ဆင်ရေး ပြောဆိုခြင်းများက ပြီးခဲ့သည့် နှစ် ဇန်နဝါရီလ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပေးနေသော ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ ရအပြီး နောက်ပိုင်းတွင် အသံတိုးသွားခဲ့သည်။

သို့သော် အစိုးရက ဦးစားပေး ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးတွင် အာဏာရှိနေဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောလာသလို ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုကြောင်းကိုလည်း တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များက ပြောဆိုလာကြသည်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသား အား လုံး လွတ်လပ်ခြင်း ၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်း နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်း ဆိုသည့် မူများ အပေါ် အခြေခံသည့် ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာရေးကို မျှော်မှန်းချက် ထားရှိ ဆောင်ရွက်လျှက် ရှိပေသည်” ဟု ဦးထင်ကျော်က ထည့်သွင်းပြောဆိုသည်။

ဦးထင်ကျော်က ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ခိုက်နေခဲ့သည့် တိုင်းရင်းသား လူမျိုးစု အမျိုးမျိုး တို့၏ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပဋိပက္ခ အဆုံးသပ်ရေးကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်နှင့် ရှမ်းပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ၏ လူနည်းစု တိုင်းရင်းသားများက ဖက်ဒရယ် စနစ်တခု၏ အောက်တွင် ကိုယ်တိုင် ဆုံးဖြတ်ခွင့်ကို တောင်းဆို ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်က အစဉ်အလာအားဖြင့် သူ့ကိုယ်သူ တိုင်းပြည် စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ကာကွယ်နေသည့် တခုတည်းသော အဖွဲ့အစည်း အဖြစ်ရှုမြင်ထားပြီး တစုတစည်းတည်း ဖြစ်သော နိုင်ငံ တခုဖြစ်ရေးကို အလေးပေးခဲ့သည်။

လွှတ်တော်တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်း ရရှိရန် လိုအပ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော တပ်မတော်ကိုယ်စားလှယ်များက မထောက်ခံဘဲ လွယ်ကူလိမ့်မည် မဟုတ်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading