• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝင်ငွေထက် ပိုချမ်းသာနေသည့် အစိုးရ ဝန်ထမ်းများကို တိုင်ကြားနိုင်ပြီ

by ထက်နိုင်ဇော်
6 January 2018
in သတင်း
A A
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ညွှန့် / ထက်နိုင်ဇော်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ညွှန့် / ထက်နိုင်ဇော်

41.4k
VIEWS
Share on FacebookShare on Twitter

ပိုင်ဆိုင်မှုများစွာ ရှိနေပြီး ဝင်ငွေထက် ပိုမို ချမ်းသာနေသော အစိုးရ ဝန်ထမ်းများ ရှိပါက ပြည်သူလူထု အနေဖြင့် သက်သေ အထောက် အထား အပြည့်အစုံဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ လာဘ်စားရင် သက်ဆိုင်ရာ ဝန်ကြီးက အရေးယူလို့ ရတယ်။ ဝန်ကြီးတွေကိုတော့ သမ္မတက တိုက်ရိုက် အ ရေးယူတယ်။ ညွှန်ချုပ်တယောက် အရမ်း ချမ်းသာလာရင် တိုက်တွေ ကားတွေနဲ့ လူမြင်မကောင်းအောင် ဖြစ်လာရင် ဝန်ကြီးက အရေး ယူရမယ်။ ဝန်ကြီးက အရေးမယူဘူးဆိုရင် တိုင်စာနဲ့ တိုင်လို့ရတယ်။ ပစ်စာတော့ မရဘူး”ဟု အထက်ပါ ကော်မရှင်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ညွှန့်က ပြောသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
63
ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
17
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k

အစိုးရ ဝန်ထမ်း အကြီးအကဲများ ပုံမှန် မဟုတ်ဘဲ အရမ်း ချမ်းသာလာခြင်းမျိုးကို ကော်မရှင်သို့ တိုင်ကြားရန် လိုအပ်ပြီး တိုင်ကြားမှု မရှိပါက ကော်မရှင် ဥပဒေအရ အရေးယူခွင့် မရှိကြောင်း၊ သို့သော် ထိုကဲ့သို့သော ကိစ္စများကို ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဂတိလိုက်စားမှု ကျူးလွန်သူအပေါ် ဥပဒေအရ အရေးယူပေးပါရန် နစ်နာသူကိုယ်တိုင်က ကော်မရှင်ကို တိုင်ကြားခြင်း၊ ကော်မရှင် ဥပဒေအရ ဖဲ့ွစည်းထားသည့် အဖွဲ့တခုခု ထံသို့ တိုင်ကြားခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းတခုခုသို့ တိုင်ကြားချက်ကို ကော်မရှင်သို့ လွှဲပြောင်းပေးခြင်းတို့ကို အရေးယူ ဆောင်ရွက်နေရသည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့် က ပြောသည်။

ယခု NLD အစိုးရသစ် လက်ထက်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ဟောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဦးဆောင်ရန် တာဝန်ပေးခဲ့သည်။

ကော်မရှင်အဟောင်းလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ထမ်းအကြီးအကဲ တဦးကို ကျပ်သိန်း ၁၀၀ ပေးခဲ့ရကြောင်း သက်သေ အထောက်အထားများဖြင့် တိုင်ကြားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုအခါ အတိုင်ခံရသူ ဝန်ထမ်းက ပြန်လည်ပြီး ပြဿနာ ရှာလာသဖြင့် ဖြေရှင်းမှုများ ဆောင်ရွက်နေရကြောင်း ရန်ကုန်မြို့မှ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က ပြောသည်။

“လာဘ်ပေးလာဘ်ယူ ရှိလို့ တိုင်တဲ့အခါမှာလည်း မအောင်မြင်ဘူး။ အခု ပြန်ပြီးတော့ ပြဿနာ ရှာခံနေရတယ်။ ရှိထားတဲ့ လုပ်ပိုင်ခွင့်ကိုလည်း ပြန်ရုတ်သိမ်းခံရဖို့တောင် ဖြစ်နေပြီ။ ကျနော်တို့ တိုင်ကြားမှုက မရေရာဘူးဆိုပြီး ဇာတ်မြောကြီး လုပ်ထားတော့ အတိုင်ခံရတဲ့ ဝန်ထမ်းက ပြန်ညစ်နေတော့ နောက်တကြိမ် ထပ်ပြီးတော့ အဂတိ လိုက်စားမှု ကျူးလွန်နေတယ်ဆိုတာကို တိုင်တန်းဖို့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ယခင် အစိုးရလက်ထက်မှ ယနေ့အချိန်အထိ ပြည်ထောင်စု အဆင့် ဝန်ကြီး၊ ဒုဝန်ကြီးများကို အဂတိ လိုက်စားမှုဖြင့် အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ညွှန်ချုပ်များ၊ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရဲအရာရှိများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ခဲ့ကြောင်း ယင်းကော်မရှင်မှ ညွှန်ချုပ် ဦးထင်ကျော်ကလည်း ပြောသည်။

သို့သော် ထိုသို့ အရေးယူဆောင်ရွက်မှုများကို ပြည်သူလူထုမှာ သိရှိခွင့် နည်းပါးခဲ့ကြောင်း ကော်မရှင်က ဝန်ခံခဲ့သည်။

အစိုးရဌာနများမှ အမြဲတန်း အတွင်းဝန်များ၊ ညွှန်ချုပ်ကဲ့သို့ အစိုးရ အရာရှိများ၏ ပိုင်ဆိုင်မှုကို တင်ပြရန် မလိုသော်လည်း ပြည်ထောင်စု အဆင့် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှု အသေးစိတ်ကို နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့ထားရကြောင်း သိရသည်။

“ကျနော်ဆိုရင် အဖွဲ့ဝင် ဖြစ်တဲ့နေ့က စပြီးတော့ ပိုင်ဆိုင်မှုတွေ ပေးရတယ်။ ကျန်တဲ့ ဝန်ကြီးတွေ သမ္မတရုံးကို ပေးရတယ်။ တိုက်ဘယ် နှစ်လုံး၊ ကားဘယ်နှစ်စီးဆိုတာ ပေးရတယ်။ ဦးသိန်းစိန်ကိုယ်တိုင်တောင်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လွှတ်တော် ဥက္ကဌတွေဆီကို ပေး ထားရတယ်။ ချိတ်ပိတ်ပြီး လျို့ဝှက်ပေးရတာ”ဟု ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့်က ပြောသည်။

ကော်မရှင်အသစ် အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် မူဝါဒတခု ချသင့်ပြီး အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် ဖြစ်ခဲ့သည့် မိမိဝင်ငွေနှင့် မညီမျှသည့် ပိုင်ဆိုင်မှုမျိုး တိုးလာခြင်းကို ပြတ်ပြတ်သားသား အရေးယူရမည် ဖြစ်ကြောင်း၊ ယခင်က ဖြစ်ပွားခဲ့သည့် ကိစ္စများကိုပါ ဆောင်ရွက်မည် ဆိုပါက လက်ရှိအစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေးမူကို ထိခိုက်နိုင်ပြီး အောင်မြင်မည် မထင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။

ဦးရဲထွန်းက “ကိုယ့်ရဲ့ တိုင်ကြားမှုက မဟုတ်ဘူးဆိုရင်လည်း အသရေဖျက်မှုနဲ့ ပြန်ဆွဲနိုင်တဲ့ ဥပဒေကလည်း ရှိနေပြန်သေးတယ်။ ပြီးတော့ အချိန်ကာလတခု မသတ်မှတ်ဘဲ အကုန် အရေးယူမယ်ဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကစပြီး ပိုင်ဆိုင်မှု ပြလို့ရတာမှ မဟုတ်တာ။ ပြောချင်တာက စည်းတခုခြားပြီး လုပ်မှ ရမှာ။ အရင် သမိုင်းတလျှောက်လုံးက ရှိခဲ့တဲ့ဟာတွေကိုပါ လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး”ဟု ဆိုသည်။

လက်ရှိ ကော်မရှင်အသစ် လက်ထက်တွင် တင်ပြတိုင်ကြားစာပေါင်း ၃၉၂ စောင် ရှိရာ စစ်ဆေးရေးအဖွဲ့ဖြင့် အမှု ၃ ခုကို စတင် စစ်ဆေးနေကြောင်း၊ ၇၅ မှုမှာ သက်ဆိုင်ရာဌာနသို့ ပြန်ကြားချက်တောင်းခြင်း၊ ၁၀၉ မှုမှာ မှတ်တမ်းတွဲထားကြောင်း၊ မှတ်တမ်းတွဲ စောင့်ကြည့်သည့် အမှု ၁ မှု၊ စိစစ်ဆဲအမှု ၂၀၄ မှု ရှိကြောင်း ကော်မရှင်ထံမှ သိရသည်။

၎င်းတို့ထဲတွင် အဂတိလိုက်စားမှုကြောင့် တိုင်တန်းခြင်း ၃ မှု၊ လွဲမှား တင်ပြခြင်း ၃၉ မှု၊ မြေယာနှင့် ပတ်သက်သည့်အမှု ၂၇ မှု၊ တရား စီရင်ရေးကို တိုင်တန်းခြင်း ၃၇ မှု၊ ဌာနတွင်း ပုဂ္ဂိုလ်ရေး တင်ပြတိုင်တန်းခြင်း ၉၀ မှု၊ အထွေထွေ အမှု ၈ မှုနှင့် စိစစ်ဆဲ အမှု ၁၈၈ မှုတို့ဖြစ်ကြောင်း သိရသည်။

ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့်က “ကျနော်တို့လည်း တရားသူကြီးတွေကိုတောင် အပြစ်ရှိရင် အရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ဒါကို သိတဲ့ တရားသူကြီးက မနက်ဖြန်၊ သဘက်ခါ အရေးယူမယ်ဆိုရင် ဒီလိုနေ့မှာ ဖျာလေးလိတ်ပြီးတော့ ထွက်ပြေးသွား ပါတယ်။ တရားခံပြေး ဖြစ်သွားပါတယ်။ အဲလို အခြေအနေမျိုးတွေ အများကြီး ရှိပါတယ်” ဟု ပြောသည်။

တိုင်းပြည်တွင် အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် ပထမဆုံး ခြေလှမ်းအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂၊ ၂၃ ရက်များတွင် ရန်ကုန်မြို့ ကော်မရှင်နှင့် UNODC တို့ ပူးပေါင်း၍ “အဂတိ လိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြင့်တင်စို့” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားမှုတခုကို ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Your Thoughts …
Tags: အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဦးဟန်ညွှန့်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၁၈ ခုနှစ် ဧပြီလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် / MNA

အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ

by စမ်းယမင်းအောင်
28 May 2019
10.3k

အဂတိ လိုက်စားမှုဟာ ၂၀၁၈ ခုနှစ် အကုန်အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိသေးဘဲ၊ အရင်အတိုင်း ဆက်ရှိနေတာ တွေ့ရပါတယ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဆွေးနွေးပွဲတခုတွင် မြင်ရစဉ် / The Global New Light of Myanmar

ဝန်ထမ်းငယ်များ လာဘ်ပေးလာဘ်ယူမှု နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်သာ အရေးယူ ဟု ဆို

by မိုးမိုး
24 May 2018
32.6k

ဝန်ထမ်းငယ်များ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်ပါက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးမယူဘဲ နိုင်ငံ့ဝန်ထမ်း ဥပဒေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက အရေးယူသည်။

ယခု စာသင်နှစ်စတွင် တွေ့ရသော ရန်ကုန်မြို့ရှိ မူလတန်း ကျောင်း တကျောင်းမှ ကျောင်းသူ ကျောင်းသား ကလေး များ / ဧရာဝတီ

ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး ပညာပေးများ မူလတန်းက စမည်

by မျိုးပပစန်း
3 July 2018
3.4k

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ မူလတန်းပညာရေးမှ စ၍ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

ဦးအောင်ကြည် နုတ်ထွက်မှု အစိုးရနှင့် ပြဿနာတက်၍ မဟုတ်ဟု သမ္မတရုံး ရှင်းလင်း

by ထက်နိုင်ဇော်
2 December 2020
13.1k

အစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ အကြား၊ အစိုးရနှင့် ကော်မရှင်တို့ကြားတွင် မည်သည့် ပြဿနာမျှ မရှိ ကြောင်း၊ ထို့ပြင် အခြားသော နိုင်ငံရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာများလည်း မရှိကြောင်း

အဂတိ ကော်မရှင်၏ စစ်ရေးရေးမှူးချုပ် ဦးသန့်ဇော်

အာဏာရှိသူထက် နိုင်ငံ့ဝန်ထမ်းကို ပိုပြီး အရေးယူမှုမျိုး မလုပ်ဟု အဂတိကော်မရှင်ပြော

by ထက်နိုင်ဇော်
21 September 2019
12.4k

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ စ၍ နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ရှိသူများကို တိုင်ကြားမှုမှာ ၁၈ ရာခိုင်နှုန်းသာ ရှိ ကြောင်း၊ ကော်မရှင်သည် ဥပဒေ ပြဌာန်းချက်အရ မည်သူ့ကိုမျှ အဆင့်အတန်း မခွဲခြားဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေခြင်း...

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ပြန်ဖွဲ့မည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ပြန်ဖွဲ့မည်

by ထက်နိုင်ဇော်
1 July 2017
3.5k

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းရန် ရှိကြောင်း အမျိုးသား လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ ဥက္ကဌ ဦးဇော်မင်းက နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။

Next Post
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်  / saitai

မိုင်းပျဉ်းမြို့နယ်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွား

လွိုင်မွေတောင်စခန်းမြို့ / နန်းဆိုင်နွမ်

သာယာလှပတဲ့ လွိုင်မွေခေါ် တောင်ပေါ် စခန်းမြို့လေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate