သတင်း

ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က တောင်းဆို တိုက်တွန်းလိုက်သည်။

“သတင်းလွတ်လပ်ခွင့်ဆိုတာ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းကို ဝေဖန်ထောက်ပြဖို့ပဲဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို သတင်းထောက်တွေကို ဖမ်းထားတာမျိုး လက်မခံပါဘူး။ မြန်မာနိုင်ငံမှာ အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်တွေကိုလည်း ချက်ချင်းပြန်လွှတ်ပေးသင့်ပါတယ်”ဟု ကလင်တန်က တွီတာလူမှုကွန်ရက်ပေါ်တွင် ဝင်ရောက်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ရိုက်တာသတင်းထောက်များဖြစ်ကြသည့် အသက် ၃၁ နှစ်ရှိ ဝလုံးနှင့် အသက် ၂၇ ရှိ ကျော်စိုးဦးကို ယခင်ကိုလိုနီခေတ် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေအရ အရေးယူ ဖမ်းဆီးထားသည်။

အဆိုပါသတင်းထောက်နှစ်ဦးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ ယင်းရုံးထုတ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး တရားလိုဘက်မှရှေ့နေ(အစိုးရရှေ့နေ)က စွဲချက်တင်နိုင်ကြောင်းသိရသည်။

တပြိုင်နက်တည်းတွင် ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံတမန်က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့သည်။ အဆိုပါစာထဲတွင် ယင်းအခြေအနေသည် “အပြင်းအထန် ခြိမ်းခြောက်မှု” ဟုဖော်ပြထားပြီး ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

အီးယူ ၂၈ နိုင်ငံကို ကိုယ်စားပြုသည့် ရန်ကုန်ဌာနေကိုယ်စားလှယ် ခရစ်ရှင်းဆာ့မစ်က “ယခုအခြေအနေသည် သတင်းထောက်များ အထူးသဖြင့် ရိုက်တာကို အလေးအနက် ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း” ဇန်နဝါရီလ ၈ နေ့စွဲဖြင့်ပေးပို့သည့် စာလွှာတွင် ဖော်ပြထားသည်။

ဝလုံးနှင့်ကျော်စိုးဦးတို့သည် ရန်ကုန်တွင် ရဲများနှင့် ညစာစားရန် ဖိတ်ကြားခံရပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါအစိုးရတို့အပြင် ကုလသမဂ္ဂကပါ ၎င်းတို့လွတ်မြောက်ရေးအတွက် တောင်းဆိုထားသည်။

ကိုးကား ။ ။ Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading