ပဲခူးတိုင်းဒေသကြီး ဝန်ကြီး နှစ်ဦး နုတ်ထွက်စာတင်
NLD အစိုးရ သက်တမ်းနှစ်နှစ်ကျော်ကာလတွင် အစိုးရအဖွဲ့အပြောင်းအလဲများ ပြုလုပ်လျှက် ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး ဇန်နဝါရီ ၁၀ ရက်နေ့က နုတ်ထွက် စာတင်ခဲ့ ကြောင်း သိရသည်။
နှုတ်ထွက်စာတင်သည့် တိုင်းဒေသကြီး ဝန်ကြီး ၂ဦးမှာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း ရေးနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံနှင့် စည်ပင်ဝန်ကြီး ဦးမောင်မောင်လွင်တို့ဖြစ်သည်။
ဝန်ကြီး ဦးကျော်မင်းစံက “ပါတီကနေ နိုင်ငံရေးဆုံးဖြတ်ချက်အရ နုတ်ထွက်ပေးပါဆိုလို့ နုတ်ထွက် စာတင်လိုက်တာပါ၊ စုံစမ်းစစ်ဆေးမှုခံရတာလည်းမရှိခဲ့ပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စုအစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူး မှနှုတ်ထွက်ခွင့်ပြုခဲ့သည့်အပြင် ဇန်နဝါရီ ၁၀ ရက်နေ့က လည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့ကိုလည်း နုတ်ထွက်ခွင့်ပြုထားပြီဖြစ်သည်။
ရာထူးမှနှုတ်ထွက်ခဲ့ပြီးဖြစ်သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီမှ ရှေ့ဆက်လုပ်ငန်း များဆောင်ရွက်ရာတွင် ပွင့်လင်းစွာဖြင့် ရိုးသားဖြောင့်မတ်စွာ ဆက်လက်လုပ်ဆောင် သွားကြမည် ဆိုပါက မည်သည့်ပြဿနာမှမရှိကြောင်း ယနေ့တိုင်းဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် လစ်လပ်သွားသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာများအတွက် အစားထိုးခန့်အပ် မည့်သူများကို ထုတ်ပြန်ကြေညာပေးခြင်းမရှိသေးပေ။
ဝန်ကြီးရာထူးမှနုုတ်ထွက်စာတင်ထားပြီဖြစ်သော်လည်း လူ့အခွင့်အရေးအတွက် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဆက်လက်ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လတ်တလောနုတ်ထွက် ထားတင် ထားသည့် ဝန်ကြီး ဦးကျော်မင်းစံက ပြောသည်။
၀န်ကြီး ဦးကျော်မင်းစံမှာ ပဲခူးမြို့ တိုင်းဒေသကြီး (၂ ) လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသူဖြစ်သည်။