သတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီကျေးရွာများသို့ သွားရောက်

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို (Taro Kono) သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စနေနေ့အစောပိုင်းက နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်သို့ ဆက်လက်သွားရောက်ခဲ့သည်။

လွန်ခဲ့သော နှစ် သြဂုတ်လက အစွန်းရောက် စစ်သွေးကြွများက ရဲစခန်းများကို တိုက်ခိုက်သောကြောင့် အကြမ်းဖက်တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၆၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် သို့ထွက်ပြေးရသည်။

တာရိုကိုနိုသည် ယင်းဖြစ်စဉ် နောက်ပိုင်း ပထမဆုံးသွားခဲ့သည့် ပြည်ပမှ ဝန်ကြီးတဦး ဖြစ်သည်။

ဘင်္ဂါလီ မွတ်စလင် ၁၀၀၀ ဝန်းကျင်တို့ မှီတင်းနေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ကျေးရွာတရွာသို့ တာရိုကိုနို သွားရောက်သွားခဲ့သည်။ ယင်းကျေးရွာ အကြီးအကဲက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးအား ကျေးရွာမီးရှို့ခံရပုံနှင့် ပြန်လည် တည်ဆောက်နေပုံများကို ရှင်းပြခဲ့သည်။

“သက်ဝင်ယုံကြည်မှု ကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုက လူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ နေရာတခုအဖြစ် မြန်မာနိုင်ငံအစိုးရကို ကူညီဖို့ ဂျပန်က ဆန္ဒရှိပါတယ်” ဟု တာရိုကိုနိုက ကျေးရွာအကြီးအကဲကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ခရိုင်တခုတွင် လုံခြုံရေး တင်းကြပ်စွာချထားသည့် နယ်စပ်အနီးရှိ တံတားတခုအပါအဝင် ရာနှင့်ချီသည့် ဘင်္ဂါလီ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်ရန် ပြင်ဆင်နေမှုကို တာရိုကိုနို ကြည့်ရှုခဲ့သည်။ ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာမှုမှာ ဇန်နဝါရီလ ၂၃ ရက်ထက် နောက်မကျဘဲ စတင် ဝင်ရောက်လာမည်ဟု ခန့်မှန်းရသည်။

ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာခြင်းကို အထောက်အကူပြုနိုင်ရန် အတွက် မြန်မာအစိုးရကို ဂျပန်အစိုးရက ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟု တာရိုကိုနို၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဘင်္ဂါလီဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး လက်ခံရေး လုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၂၃ ရက်တွင် စတင်လိမ့်မည် ဖြစ်ကြောင်း မြန်မာဘက်က ပြောကြားခဲ့သည်။ ဒုက္ခသည် အရေအတွက် အတိအကျနှင့် ပြန်လည် လက်ခံမည့် အစီအစဉ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

“နေရပ်ပြန်ပို့ရေး ချက်ချင်း ဆောင်ရွက်နိုင်အောင် နိုင်ငံတကာရဲ့ သတင်းစကားတခုကို ကိုယ်စားပြုပြီးတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ အကြား သဘောတူညီချက်ကို တုံ့ပြန့်တဲ့ အနေနဲ့ ထောက်ပံ့သွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ရှီနိုဘူယာမာဂူချီ (Shinobu Yamaguchi) က ကြေညာချက် တစောင်တွင် ပြောကြား ထားသည်။

တာရိုကိုနို၏ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်း ပါဝင်သည်။ လူသားချင်း စာနာမှုအဖွဲ့များ နှင့် လွတ်လပ်သောမီဒီယာများကိုမူ ယင်းဒေသသို့ အတားအဆီးမရှိ သွားရောက်ခြင်းအား ကန့်သတ်ထားဆဲ ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့များက နှိမ်နင်းခဲ့သဖြင့် ဘင်္ဂါလီ ၆၅၀၀၀၀ ထက်မနည်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရ ခြင်း အပေါ် လူမျိုးရေးသုတ်သင်မှု ပုံစံမျိုးဖြစ်သည် ဟု စွပ်စွဲခံထားရသည်။

ကိုးကား ။ ။ Nikkei Asian Review

Did you find apk for android? You can find new Free Android Games and apps.
Loading