သတင်း

ကချင်ပါတီများ ပေါင်းစည်းရန် သဘောတူ

Want create site? Find Free WordPress Themes and plugins.

အင်အားကောင်းသည့် နိုင်ငံရေး ပါတီတခု ပေါ်ပေါက်လာစေချင်သော ကချင်တိုင်းရင်းသား များ၏ ဆန္ဒနှင့် ကိုက်ညီမှုရှိရန် အတွက် ၅ နှစ်ကြာ ကြိုးစား အားထုတ်ခဲ့ပြီးနောက် ကချင်နိုင်ငံရေးပါတီ ၃ ခုတို့ ပူးပေါင်းရန် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

ကချင်ဒီမိုကရက်တစ်ပါတီ(KPD)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) နှင့် ကချင်အမျိုးသားကွန်ဂရက်(KNC) တို့က ပေါင်းစည်းရန်အတွက် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်သော ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ အစည်းဝေးတခုတွင် သဘောညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ခံစားခဲ့ရသော ရလဒ်များ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နောက်ထပ် မမြင် တွေ့ရစေရန် မျှော်လင့်ချက်ဖြင့် နောက်ဆုံးတွင် ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်ဟု KDP ၏ ဥက္ကဌ ဦးအောင်ခမ်းက ပြောသည်။

ပါတီ ၃ ခုထဲတွင် KSDP သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာများ အနိုင်ရခဲ့သည့် တခုတည်းသောပါတီ ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ၁ နေရာ နှင့် ပြည်နယ် လွှတ်တော်တွင် ၃ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မဲအများစုရရှိ၍ အာဏာ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုး ရေးပါတီက ဒုတိယ လိုက်ခဲ့သော်လည်း အနိုင်ရခဲ့သည့် ကိုယ်စားလှယ် အရေအတွက်က NLD ထက်များစွာ နည်းပါး ခဲ့ပါသည်။

ပေါင်းစည်းရန် သူတို့ဆုံးဖြတ်ခဲ့ခြင်းမှာ ပါတီတခု အနေဖြင့် ကချင်ပြည်နယ်မှ ပြည်သူများကို ကိုယ်စားပြုရန်နှင့် ကချင်ပြည် သူတို့၏ ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်ကြောင်း ဦးအောင်ခမ်းကဧရာဝတီသို့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးမျိုးသော ကချင်ပါတီများကြောင့် ပြည်သူများကို ရောထွေးစေပြီး သူတို့အားလုံး မဲများ ဆုံးရှုံးခဲ့ရသည်ဟု သူကဆိုသည်။

ပါတီ ၃ ခု၏ ခေါင်းဆောင်များက ပါတီသစ်အတွက် အမည်၊ လိုဂို နှင့် သင်္ကေတ အမှတ်အသားတို့ကို ရွေးချယ်သွားမည် ဖြစ်ပြီး အသုံးပြုသင့်/မသင့်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်သူများကို ဆုံးဖြတ်ခိုင်းမည် ဖြစ်ကြောင်းလည်း ဦးအောင်ခမ်းက ပြောသည်။

ပါတီ ၃ ခုကို ဖျက်သိမ်းပြီးနောက် ပါတီသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

ပါတီများကို ပေါင်းစည်းခြင်းအားဖြင့် ပေါင်းစည်းလိုက်သည့် အချိန်တွင် သူတို့ အဖွဲ့ဝင်များ အဖြစ်ပါဝင် နေသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation-NBF) နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(Union Nationalities Alliance) တို့အပါအဝင် မဟာမိတ် အဖွဲ့အစည်းအမျိုးမျိုး နှင့် ဆက်ဆံရေးများကို မည်သို့ ဆက်လက်ထိန်းသိမ်းရမည် ဆိုသည်ကိုလည်း ဆုံးဖြတ်ရန် ဖြစ်လာသည်ဟု ဦးအောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်မှ အခြားသော နိုင်ငံရေးပါတီများ ဖြစ်သည့် လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ နှင့် ကချင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ တို့က သီးခြားဆက်လက် တည်ရှိနေမည် ဖြစ်သည်။

”လော်ဝေါ်ပါတီ အနေနဲ့ သူတို့ရဲ့ ပြည်သူတွေနဲ့ သေသေချာချာ ဆွေးနွေးဖို့ လိုအပ်လိမ့်မယ် ဆိုတာကို ကျနော်တို့ နားလည်ပါတယ်” ဟု ဦးအောင်ခမ်းက ပြောသည်။ နောင်ပိုင်းတွင် ၎င်းပါတီ နှင့် အခြားသူများကိုလည်း ပါတီသစ်တွင် ပူး ပေါင်းပါဝင်ခွင့် ပြုသွားမည်ဟုလည်း ထပ်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading