သတင်း

မွန် ညီလာခံက နိုင်ငံရေးပါတီသစ် ဖွဲ့ရန် သဘောတူ

Want create site? Find Free WordPress Themes and plugins.

မွန် နိုင်ငံရေး ညီလာခံ သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များက မွန်တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီသစ် တခု တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရန် အတွက် နိုင်ငံရေးပါတီသစ်၏ ဖွဲ့စည်း ပုံ ရေးဆွဲရန် အဖွဲ့ ဝင် ၂၁ ဦးပါသော ပါတီ ဖွဲ့စည်းရေး ကော်မတီတခုကိုလည်း ဖွဲ့စည်းလိုက်သည်။

မွန်နိုင်ငံရေး ညီလာခံကို မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်တွင် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ကျင်းပ ပြု လုပ်ခဲ့ပြီး နိုင်ငံရေးသမားများ၊ ဘုန်းတော်ကြီးများ၊ ဥပဒေကျွမ်းကျင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ လူငယ်နှင့် အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အပါအဝင် လူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် အခြေစိုက် လက်ရှိ နိုင်ငံရေးပါတီ ၂ ခုဖြစ်သည် မွန်အမျိုးသားပါတီ(MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီ(AMDP) တို့က အဆိုပါညီလာခံတွင် ပါဝင်ခဲ့ခြင်း မရှိကြပါ။

ပါတီဖွဲ့စည်းရေးကော်မတီ၏ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီမှ မိစန္ဒာနန်းက မွန်ပြည်နယ်မှ ပါတီများအားလုံးကို ပါတီသစ်တွင် ပူးပေါင်းရန် ကြိုဆိုကြောင်းနှင့် ဆုံးဖြတ်ချက်မှာ သူတို့ အပေါ်တွင်သာ တည်ကြောင်း ပြောသည်။

လက်ရှိ အချိန်တွင် မွန်အမျိုးသားပါတီ(MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) နှင့် အမျိုးသမီးပါတီ (မွန်) ဟူ၍ မွန်နိုင်ငံရေးပါတီ ၃ ခုရှိပြီး ၂၀၁၀၊ ၂၀၁၂ နှင့် ၂၀၁၅ တို့တွင် အသီးသီး မှတ်ပုံတင်ခဲ့ကြသည်။

“ကျမတို့က ပါတီ ၃ ခုလုံးကိ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျမတို့နဲ့ ပူးပေါင်းရေးကို စဉ်းစားဖို့ သူတို့ကို အချိန် ၃ လ ပေးသွားမှာ ဖြစ်ပါတယ်” ဟု MNP ၏ အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းတဦးဖြစ်သည့် မိစန္ဒာနန်းက ပြော သည်။

ပါတီဖွဲ့စည်းရေးကော်မတီ၏ အတွင်းရေးမှူးတာဝန်ယူထားသည့် အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မိချယ်ရီစိုး က လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ပိုမိုရရှိနိုင်ရန်နှင့် မွန်တိုင်းရင်းသားတို့၏ အသံ ခိုင်မာအားကောင်းစေရေး အ တွက် အင်အားကောင်းသော မွန်နိုင်ငံရေးပါတီတခု လိုအပ်နေသည်ဟု ပြောသည်။

“မွန်ပါတီ တခု အဖြစ် ပေါင်းစည်းဖို့ ကျမတို့ ပြောနေခဲ့တာ ကြာပါပြီ။ မွန်တိုင်းရင်းသား ကိုယ်စားလှယ်တွေ နည်းပါးတာ ကျမတို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ကျမတို့ အားလုံး အတူ တကွ အလုပ်လုပ်ကြရပါမယ်။ ဘာကြောင့်လည်း ဆိုတော့ တခုတည်းသော မွန်ပါတီကသာ ကျမတို့ လူမျိုးတွေရဲ့ ကိုယ်စား အားစိုက်ခွန်စိုက် အလုပ်လုပ်နိုင်ပါလိမ့်မယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

မွန်နိုင်ငံရေး ညီလာခံအပြီးတွင် ထုတ်ပြန်သော ကြေညာချက်တစောင်၏ အဆိုအရ စေ့စပ်ညှိနှိုင်းရေး အဖွဲ့တခုက ပူးပေါင်းရေးအတွက် မွန်နိုင်ငံရေးပါတီများကြားတွင် ၁၇ လကြာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန် မွန်နိုင်ငံရေး ညီလာခံတခု ကျင်းပရေး တောင်းဆိုခဲ့သော မွန်တိုင်းရင်းသားများ၏ အမြင်များကို အဖွဲ့က ဖော်ထုတ်ခဲ့သည်။

ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ ပိုမိုရွေးချယ်တင်မြှောက်ခံရနိုင်ရေး မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး အတွက် မွန်တိုင်းရင်းသားများ အသိုင်းအဝိုင်းက တောင်းဆိုနေခဲ့သည်မှာ ၇ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ပိုမိုရရှိနိုင်ရန် နည်းလမ်းတခု အနေဖြင့် ပါတီများ ပေါင်းစည်းရန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီက ထပ်မံ တွန်းအားပေးခဲ့သော်လည်း ရည်မှန်းချက် မပြည့်မြောက်ခဲ့ပါ။ ပါတီများ ပေါင်းစည်းရန် ပျက်ကွက်ခဲ့သည့် အတွက် ပြီးခဲ့သည့် နှစ် အတွင်းတွင် နိုင်ငံရေးပါတီ ၂ ခုလုံးမှ ပါတီဝင်များ နုတ်ထွက်ခဲ့ကြသည်။

မွန်ပြည်နယ် နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦး ဖြစ်သည့် မော်လမြိုင် အခြေစိုက် Than Lwin Times ဂျာနယ်၏ အယ် ဒီတာ ဦးမင်းမင်းနွယ်က ပါတီများသည် လွှတ်တော် အခြေပြု နိုင်ငံရေး အစီအစဉ်ကို ကိုင်စွဲထားသော်လည်း သူတို့ စတင်ဖွဲ့စည်းစဉ်ကထဲက ရှိခဲ့သည့် နိုင်ငံရေးကွဲပြားမှုများကြောင့် မွန်ပါတီများက ပေါင်းစည်းရန် သဘောတူညီမှု မရှိသေးကြောင်း ပြောသည်။

မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦးမှနေ၍ အသွင်ကူးပြောင်းခဲ့သော MNP က အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေး အတွက် ကြိုးစားနေသော်လည်း AMDP က ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပြင်ဆင်ရေးကို ပိုမို ဦးစားပေးခဲ့သည်။

လတ်တလော တွန်းအားက လူငယ်များနှင့် အမျိုးသမီး ကိုယ်စားလှယ်များသာမက ရှေ့နေများနှင့် နိုင်ငံရေးသမား များလည်း ပါဝင်လာသည့်အတွက် ကွဲပြားခြားနားမှုရှိသည်ဟု ဦးမင်းမင်းနွယ်က ဧရာဝတီသို့ ပြောသည်။

ပါတီ တခုတည်း အဖြစ် ပေါင်းစည်းရန် ယခင်က ကြိုးစားမှုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည့် မွန် ပြည်သစ်ပါတီက ဦးဆောင်ခဲ့သည်။ မွန်ပြည်သစ်ပါတီသည် ယခုအခါတွင် အစိုးရနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးရန် ဆွေးနွေးနေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များက ပြုလုပ်ခဲ့သည့် နိုင်ငံရေး ညီလာခံသို့ မွန်ပြည်သစ်ပါတီက လေ့လာသူ အဖွဲ့ တဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

“အဖွဲ့ဝင် ၂၁ ဦးပါတဲ့ ပါတီ ဖွဲ့စည်းရေး ကော်မတီက လက်ရှိနိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေရဲ့ ကူညီ အကြံပေးမှုတွေနဲ့ ပါတီရဲ့ မူဝါဒနဲ့ ဖွဲ့စည်းပုံ ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။ အဲဒါက အောင်မြင်ဖို့ အလားအလာရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု လေ့လာစောင့်ကြည့်သူ တဦးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading