• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း

by ဇူးဇူး
19 January 2018
in သတင်း
A A
မြောက်ဦးမြို့ ယဉ်ကျေးမှု အမွေအနှစ်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို သွားရောက် ကြည့်ရှုစဉ်  / သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန

မြောက်ဦးမြို့ ယဉ်ကျေးမှု အမွေအနှစ်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို သွားရောက် ကြည့်ရှုစဉ် / သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန

7.2k
VIEWS
Share on FacebookShare on Twitter

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် မြောက်ဦးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လုံခြုံရေး အခြေ အနေကြောင့် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၂၆ ၊ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက် က ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ ပဋိပက္ခကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
12
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
47
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
244

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေ ဟော ပြောပွဲနှင့် ပတ်သက်ပြီး အာဏာပိုင်များက ပွဲစဉ်ကို ပိတ်ပင်တားဆီးခဲ့ရာမှ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒေါ်ခင်သန်းက “အဲဒီရက် မြောက်ဦးမှာလုပ်ဖို့ အစည်းအဝေးဖိတ်စာ ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုက လုံခြုံ ရေး အခြေအနေအရ လာဖို့ ခက်ခဲသွားပါတယ်။ ရန်ကုန်ကို ပြောင်းရွှေ့လုပ်မယ်ဆိုပြီး ရန်ကုန်လာခဲ့ရမယ်လို့တော့ ပြောတယ်။ ဒါကလည်း Personally ပြောကြတဲ့စကားပါ။ တရားဝင် အစည်းအဝေးဖိတ်စာ မရသေးတဲ့အတွက် ဒါသည် အတည်မဖြစ် သေးပါဘူး” ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက ယင်းအစည်းအဝေးသို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီသံ အမတ်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများမှ ပညာရှင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ဝင်များ တက်ရောက်ကာ လုပ်ငန်းစဉ်ပြီးစီးမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဟု ဆိုသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ရန် အချိန်ကာလအားဖြင့် ၁ နှစ်ရရှိခဲ့ပြီး ၂၀၁၈ စက်တင်ဘာလတွင် UNESCO သို့ မူကြမ်း တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။

တိုတောင်းသည့် အချိန်ကာလအတွင်း တာဝန်ခွဲဝေယူထားသည့် အဖွဲ့ ၁၄ ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီး ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရသည့်အချိန်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ အဓိကရုဏ်း ဖြစ်စဉ်ကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တင်သွင်းမည့် အစီအစဉ် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေလို ကြောင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း စိုးရိမ်မိကြောင်း ဒေါ်ခင်သန်းက ပြော သည်။

“မြောက်ဦး ပုံရိပ်(Image) တော်တော်ကြီးကို ပျက်သွားတယ်လို့ ကျမအနေနဲ့ ခံစားရပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်ဝင်ဖို့ အတွက် မြောက်ဦး Image တွေ ကောင်းအောင် ကျမတို့ ကြိုးစားနေတယ်။ မြောက်ဦးကို ကမ္ဘာက သိအောင် နည်းပေါင်းစုံ နဲ့ ကြိုးစားနေချိန်မှာ မြောက်ဦးကို အားလုံးက အာရုံစိုက်နေတဲ့အချိန်မှာ ဒီလိုအရေး အခင်း မျိုး ဖြစ်သွားတာ အရမ်းထိခိုက်တယ်။ နောက်ထပ်ဖြစ်လာမယ့် အကျိုးဆက်တွေဟာလည်း မကောင်းတဲ့ဟာတွေ မဖြစ်ပါစေနဲ့လို့ ပဲ အကြိမ်ကြိမ် ဆုတောင်းမိပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပါက ရခိုင်ပြည်နယ်၏ အကြီးမားဆုံးသော လူမျိုးရေး ပဋိပက္ခများကို အတိုင်းအတာ တခုအထိ ဖြေရှင်းပြီးသွားမည်ဟု ယုံကြည်ကြောင်း၊ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသ ကမ္ဘာ့ အမွေ အနှစ် စာရင်းတင်သွင်းရေးအတွက် အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောဆိုသူများလည်း ရှိသည်။

မြောက်ဦးမြို့တွင် ရှိသည့် ရှေးဟောင်းလက်ရာများကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း သွင်းနိုင်ရေး အတွက် UNESCO တာဝန်ရှိသူများက ၂၀၁၇ ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက မြောက်ဦးမြို့ကို စတင်ပြီး လာ ရောက်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် UNESCO သို့ နှစ်စဉ် စက်တင်ဘာ ၃၀ ရက်တွင် မူကြမ်းတင်ရခြင်း ဖြစ်သည်။

ဒီဇင်ဘာလတွင် မူကြမ်းပြည့်စုံခြင်း ရှိမရှိကို သက်ဆိုင်ရာ နိုင်ငံများသို့ အကြောင်းပြန်ကြားရခြင်း ဖြစ်ပြီး မပြည့်စုံပါက လိုအပ်သည်များကို ဖြည့်စွက် ပြီးနောက် နှစ်စဉ် ဇန်နဝါရီ နောက်ဆုံးထားကာ တင်သွင်းရကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ၂၀၁၉ ဇန်နဝါရီ ၃၁ ကို ဦး တည်ချက်ထားပြီး ၂၀၂၀ တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ် ပြု ခံရရန် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: မြောက်ဦး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အဓိကရုဏ်းဖြစ်ပွားခဲ့သော မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး / မင်းအောင်ခိုင် / ဧရာဝတီ

ဆန္ဒပြရန် လှုံဆော်မှုများ ရှိသော်လည်း ရခိုင်၌ တည်ငြိမ်ဆဲဟု ပြည်နယ် အစိုးရပြော

ULA/AA သတင်း နဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ / ULA / AA

“ရခိုင်ပြည် လွတ်မြောက်ရေး အော်တဲ့ဟာက ရခိုင်တွေရဲ့အခွင့်အရေးပဲ”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate