• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ ဦးထင်ကျော် ကျန်းမာရေး သတင်း ခန့်မှန်းပြောဆိုလာနေ

by ဧရာဝတီ
20 January 2018
in သတင်း
A A
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် သံတမန်များအား နှုတ်ဆက်နေသော သမ္မတ ဦးထင်ကျော် / President Office’s / Facebook

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် သံတမန်များအား နှုတ်ဆက်နေသော သမ္မတ ဦးထင်ကျော် / President Office’s / Facebook

95.5k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးထင်ကျော်၏ ကျန်းမာရေး ယိုယွင်းလာသည် ဟုသော ခန့်မှန်းပြောဆိုမှုများသည် နိုင်ငံရေးသမားများ၊ တပ်မတော်အရာရှိများနှင့် သံတမန်များအကြား အရေးပါသော ဆွေးနွေးစရာဖြစ်နေသည်။ လွန်ခဲ့သောနှစ်နှောင်းပိုင်းက ဦးထင်ကျော်သည် ဘန်ကောက်သို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ပြီး မကြာမီ စင်္ကာပူသို့ သွားရောက် ဆေးကုသမှု ခံယူရန်လည်း စီစဉ်နေသည်။

ဦးထင်ကျော်သည် အားနည်းနေပုံရပြီး နိုင်ငံတော် အခမ်းအနားများမတက်ရန် အကြံပေးခံထားရသောကြောင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် သံတမန်များအကြား စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေသည်။

RelatedPosts

ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက်က နယ်စပ်ကုန်သွယ်ရေးစခန်း (ရုပ်/သံ)

ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက်က နယ်စပ်ကုန်သွယ်ရေးစခန်း (ရုပ်/သံ)

9 July 2025
6
မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
569
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
812

သမ္မတသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ မကြာသေးမီက တိုကျိုတွင် ကျန်းမာရေးစောင့်ရှောက်မှု အကြွင်းမဲ့ရရှိရေး ညီလာခံ – the Universal Health Coverage Forum တက်ရောက်ခဲ့သည်။ သူသည် ဂျပန်တွင်လည်း ဆေးကုသမှုခံယူခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုသည်။

တခါက နိုင်ငံတော် ညစာစားပွဲတခုတွင် သမ္မတသည် ဆန်ပြုတ်သောက်နေသည်ကို တွေ့ရပြီး ထိုဖြစ်ရပ်သည် မသင့်တော်ဘဲ စိုးရိမမ်ပူပန်မှု၊ ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များက ယူဆပြီး ပုံမှန်နိုင်ငံတော်အခမ်းအနားမျ ားမတက်ရန် သမ္မတကို အကြံပေးခဲ့သည်။

စက်တင်ဘာလက ခွဲစိတ်ကုသမှုအပြီးတွင် ဦးထင်ကျော်၏ ကျန်းမာရေး ယိုယွင်းလာသည်ဟူသော ခန့်မှန်း ပြောဆိုမှုများထွက်ပေါ်လာသောကြောင့် သမ္မတ ကျန်းမာရေး ကောင်းမွန်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလတွင် ပြောခဲ့သည်။ သမ္မတတွင် ဝမ်းဗိုက်တွင်း ရောဂါရှိသောကြောင့် ခွဲစိတ်ကုသခဲ့သော်လည်း ကင်ဆာရောဂါမရှိကြောင်း အရေးပါသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များက ပြောကြသည်။

“စိတ်ပူစရာ မလိုပါဘူး။ သမ္မတကို သမ္မကတော်က စောင့်ရှောက်နေပါတယ်။ စောင့်ရှောက်မယ့်သူ ရှိမှတော့ ဘာလို့ စိုးရိမ်ရမလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ သို့သော် ဦးထင်ကျော် အနားယူလျှင် မည်သူ သမ္မတဖြစ်လာမည်နှင့် ပတ်သက်ပြီး ကောလာဟလများ ဆက်လက်ဖြစ်ပေါ်နေသည်။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံသူဖြစ်ပြီး ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သည်။ သူ၏ ဖခင်သည် လူသူလေးစားခံရသော အမျိုးသားစာဆိုကြီးနှင့် စာပေပညာရှင်ကြီး မင်းသုဝဏ်ဖြစ်သည်။ ဦးထင်ကျော်ကိုယ်တိုင်လည်း စာရေးဆရာတဦးဖြစ်ကာ စီးပွားရေးပညာဘွဲ့ရကာ နောက်ပိုင်းတွင် လန်ဒန်တက္ကသိုလ်၌ ကွန်ပျူတာ ပညာသင်ယူခဲ့သည်။

ထိုထက် ပိုမိုအရေးပါသော အချက်မှာ သူသည်ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်ရှိ မက်သဒစ် အင်္ဂလိပ်ကျောင်းတွင် တကျောင်းတည်း တက်ခဲ့သူဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များက သူသည် စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးသမားနှင့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ ဒေါ်စုစုလွင်နှင့် အိမ်ထောင်ကျခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးတွင် တာဝန်ထမ်းဆောင်ခွင့်မရှိသောကြောင့် ဦးထင်ကျော်ကို သမ္မတ ရာထူးရယူစေခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွင် အုပ်ချုပ်ရေး အာဏာရှိသော်လည်းလက်တွေ့တွင် ဦးထင်ကျော်၏ အခန်းကဏ္ဍမှာ အဆောင်အယောင်မျှသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တွင်သာ အာဏာ အစစ်အမှန်ရှိသည်ဟု အများက မြင်ကြသည်။

လူကြီးလူကောင်းဆန်ပြီး သိမ်သိမ်မွေ့မွေ့ပြောတတ်သောကြောင့် သူ့တွင် ရန်သူမရှိသလောက်ပင်ဖြစ်သည်။ တပ်မတော်မှ ဗိုလ်ချုပ်ကြီးများသည်လည်း ဦးထင်ကျော်နှင့် ပြဿနာကြီးကြီးမားမားမရှိဘဲ သူ့ကို လေးစားပုံလည်း ရသည်။ သူသည် တပ်မတော်ကို မဆန့်ကျင်သောကြောင့် သူနှင့် ပြဿနာမရှိကြောင်း ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးက ပြောသည်။ ယခုအခါ ၎င်းတို့သည်လည်း သမ္မတ အိမ်တော်တွင် ဘာဖြစ်နေသည်နှင့် သမ္မတ၏ ကျန်းမာရေးကို စောင့်ကြည့်နေကြသည်။

လွန်ခဲ့သော နှစ် အစောပိုင်းက စတင် တာဝန်ထမ်းဆောင်စဉ်မှ စပြီး သမ္မတဦးထင်ကျော်သည် လူမြင်ကွင်းသို့ ထွက်ခဲသည်။ သို့သော် အသက် ၇၁ နှစ်ရှိပြီဖြစ်သော သမ္မတသည် လွန်ခဲ့သော ဒီဇင်ဘာလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် နေပြည်တော်တွင် တွေ့ဆုံသောအခါ ကိုယ်အလေးချိန် ကျဆင်းနေပြီး အားနည်းနေပုံရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ တာဝန်ထမ်းဆောင်စဉ် အနားယူသောအခါ သို့မဟုတ် ကွယ်လွန်သောအခါ ဒုတိယသမ္မတ (၁) သည် ယာယီ သမ္မတ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ဒုတိယ သမ္မတဦးကို ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။ ထိုနောက် ဒုတိယ သမ္မတ ၃ ဦးအနက်မှ တဦးကို သမ္မတ အဖြစ် ရွေးချယ်မည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးမြင့်ဆွေသည် လက်ရှိ အစိုးရတွင် ဒုတိယသမ္မတ (၁) တာဝန်ကို ယူထားသည်။

သို့သော် ဦးထင်ကျော် အနားယူလျှင် အစားထိုးရန် ဒေါ်အောင်ဆန်းစုကြည်က မည်သူ့ကို ရွေးချယ်မည်နည်းဟူသည်မှာ မေးခွန်းမေးစရာ ဖြစ်နေသေးသည်။

ဖြစ်နိုင်ခြေ အမြင့်မားဆုံးသူမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးအောင်ဖြစ်သည်။ ထိုဆရာဝန်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းသည် လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ဒုတိယ သမ္မတလောင်းဖြစ်လာမည်ဟု သတင်းထွက်ခဲ့သေးသည်။ သူသည် လက်ရှိအချိန်တွင် သြဇာကြီးမားလှသော နေပြည်တော်ကောင်စီ၏ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေသည်။ သူသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံသူ လူယုံတဦး ဖြစ်သည်။

အခြားသော ဖြစ်နိုင်ခြေရှိသူတဦးမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖြစ်သည်။ သူသည် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါသွားခဲ့သော်လည်း ထိုအချက်ကြောင့် သူသည် ဖြစ်နိုင်ခြေရှိသူဟု မမြင်သင့်ကြောင်းလည်း အဆက်အသွယ်ကောင်းသော သတင်းရင်းမြစ်များက ဆိုသည်။

ဖြစ်နိုင်ခြေ အနည်းဆုံးနှင့် အငြင်းပွားဖွယ်ရာ အရှိဆုံးသူမှာ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် တတိယ အာဏာ အကြီးဆုံးသူ သူရ ဦးရွှေမန်းဖြစ်သည်။ ယခင်က ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်ခဲ့ပြီး ထိုစဉ်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် အနေဖြင့် သူ၏ သမ္မတဖြစ်လိုသော ရည်မှန်းချက်ကို ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့သည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးအရထိပ်တိုက်တွေ့မှုဖြစ်လာခဲ့ပြီး ဦးရွှေမန်းကို ၂၀၁၆ ခုနှစ်တွင် ထုတ်ပယ်ပစ်ခဲ့သည်။

သူ့ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် တရားဥပဒေနှင့် အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူဖြစ်သည်ဟု မြင်ကြပြီး နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပတ်စဉ် တွေ့ဆုံသည်။ သို့သော် ဦးရွှေမန်းနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ ဆက်ဆံရေးမှာ ဆိုးရွားနေသည်။

တပ်မတော်နှင့် ဆက်ဆံရေး တိုးတက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ထိပ်တန်းတပ်မတော်အရာရှိများနှင့် နွေးထွေးသော ဆက်ဆံရေး ရှိသူကို ရွေးချယ်ရမည်ဖြစ်သည်။ ထိုထက် ပိုမို အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်သူသည် ဒေါ်အောင်ဆန်းစုကြည်ကို လုံး၀ သစ္စာခံသူဖြစ်ရန်လည်း လိုခြင်းဖြစ်သည်။

ဦးထင်ကျော်ကို ရွေးချယ်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်စုကြည်အတွက် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်သည်။ သို့သော် သူ၏ ကျန်းမာရေးသည် ပြဿနာတခုဖြစ်လာနေခဲ့သောကြောင့် အရေးပေါ် အစီအစဉ်များကို ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနေမည်ဖြစ်သည်။ ဦးထင်ကျော် အနားယူခဲ့လျှင် အိမ်တော် တံခါးသော့ကို ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်မည့် ရာနှုန်းပြည့် ယုံကြည်သောသူ မည်သူဖြစ်နိုင်သနည်း။ မည်သို့ ရှေ့ဆက်မည်နည်း။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် Speculation Mounts over President U Htin Kyaw’s Health ကို ဘာသာပြန်ဆိုသည်။

ဆက်စပ်ဖတ်ရှုရန် – အရာမထင်သေးသော သမ္မတ ဦးထင်ကျော်၏ ၂ နှစ်တာခရီး

Your Thoughts …
Tags: ကျန်းမာရေးသမ္မတဦးထင်ကျော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.4k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.3k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

Next Post
မိန်းမတွေ ယောက်ျားတွေ ဆီက ဘာတွေ လိုချင်တာလဲ

မိန်းမတွေ ယောက်ျားတွေ ဆီက ဘာတွေ လိုချင်တာလဲ

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရာတွင် တွေ့ရသော အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ / Reuters

အင်ဒိုနီးရှားရွေးကောက်ပွဲ မတိုင်မီ ဂျိုကိုဝီကို ထောက်ခံမှုကြီးမားနေဆဲ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.7k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

1 week ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate