• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးဖြစ်စဉ်ကြောင့် လူမျိုးရေး သွေးကွဲမည်ကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ

by ထက်နိုင်ဇော်
23 January 2018
in သတင်း
A A
ရခိုင်-ဗမာ သွေးကွဲစေနိုင်သည့် အသုံးအနှုန်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူလျက်ရှိ / State Counselor Office / Facebook

ရခိုင်-ဗမာ သွေးကွဲစေနိုင်သည့် အသုံးအနှုန်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူလျက်ရှိ / State Counselor Office / Facebook

15.8k
VIEWS
Share on FacebookShare on Twitter

အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းတော်ရာကုန်းဖြစ်စဉ်ကြောင့် ရခိုင်-ဗမာ သွေးကွဲစေနိုင်သည့် အသုံးအနှုန်းများကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေး ထိခိုက်မည်ကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူလျက်ရှိကြောင်း သိရသည်။

မြောက်ဦး ဖြစ်စဉ်ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အလွန် စိတ်မကောင်း ဖြစ်နေပြီး တော်တော်လေး ဝမ်းနည်းနေ ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်တွင် တာဝန်ရှိသူများအား စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခွင့်ပြုသည့် ကိစ္စ၊ ဖြစ်စဉ်တွင် ရဲလုပ်ထုံးလုပ်နည်းတို့နှင့် ညီမညီကိုလည်း စိစစ်လျက်ရှိကြောင်း သမ္မတရုံးက ပြောသည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
183
“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
81
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.4k

“ဒီဖြစ်စဉ်ကို အကြောင်းပြုပြီးတော့ ဗမာလူမျိုးကြီးမိုလို့ ရခိုင်နဲ့ ဗမာနဲ့ သွေးကွဲစေမယ့်ဟာတွေ ပြောနေတာတွေ ရှိတယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ မဖြစ်စေချင်ဘူး။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးက ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာ မူတည်တယ်။ ဒီလို ဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ရခိုင်နဲ့ ဗမာနဲ့ဆိုပြီး အစွဲတွေနဲ့ ပြောဆိုတာတွေ မလုပ်ဖို့ ဒါလေးတော့ မေတ္တာ ရပ်ခံချင်တယ်”ဟု မြန်မာ အစိုးရ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

မြောက်ဦးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေ ဟောပြောကို အာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်များဖြင့် ပစ်ခတ် နှိမ်နင်းသဖြင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦး ပြဿနာ မဖြစ်မီ အောက်တိုဘာလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၊ မေယုရင်သွီး လူမှု ကူညီရေး အသင်းက ဦးဆောင်ခဲ့သည့် စာပေဟောပြောပွဲ အခမ်းအနားတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ၂ ဦးတို့၏ ပြောဆိုချက်များကြောင့် ၎င်းတို့ ၂ ဦးမှာ ထိန်းသိမ်းခံထားရသည်။

မြောက်ဦး နန်းတော်ရာကုန်း ဖြစ်စဉ်ကြောင့် ရခိုင်တိုင်းရင်းသားများသည် အစိုးရကို နာကျည်းလျက်ရှိပြီး ဗမာလူမျိုးကြီး မုန်းတီးမှုများကို ဖြေဖျောက်နိုင်ရန် အဖမ်းခံထားရသူများကို လွှတ်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် သေဆုံးသူ မိသားစုများကိုလည်း တောင်းပန်ရန် လိုအပ်ပြီး မြောက်ဦး ဖြစ်စဉ်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖြင့် စစ်ဆေးပေးရမည်ဟု ရခိုင် အမျိုးသား ပါတီ (ANP)မှ ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။

ထို့ပြင် ANP ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ခေါ်ခင်စောဝေကလည်း ဒေါက်တာအေးမောင်သည် အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ထဲထဲဝင်ဝင် ဝေဖန်ပြောဆိုလေ့ရှိသော နိုင်ငံရေးသမားတဦး ဖြစ်ပြီး ၎င်းကို ယခု အချိန်မှ ဖမ်းခြင်းမှာ ANP ပါတီ ဥက္ကဌ နေရာကို လက်လွှတ်ထားရသဖြင့် ပါတီ မရှိ၍ လုပ်ရဲခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒေါက်တာ အေးမောင် အဖမ်းခံရတာကို ဘာမှ မလုပ်ဘူးလားလို့ ပြည်သူလူထုကလည်း မေးနေပြီ။ လာမယ့် ၃၁ ရက်နေ့မှာ သူတို့ကို ရုံးထုတ်ရင် ကျမတို့က ဥပဒေကြောင်းအရ ဆက်လုပ်မယ်။ အဲဒီမှာ ဘယ်ပုဒ်မနဲ့ အရေးယူတယ်ဆိုတာ သိရရင် လုပ်ဖို့ရှိတာတွေကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားကြတယ်”ဟု ရသေ့တောင်မြို့နယ် အမတ်လည်း ဖြစ်သူ ၎င်းက ဧရာဝတီသို့ ပြောသည်။

သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဒေါက်တာ အေးမောင်ကို ဥပဒေအရ ဆက်လက် အရေးယူမည် ဖြစ်ပြီး ပုဒ်မကြီးများဖြင့် စွဲတင်နိုင်သဖြင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာကိုလည်း သမ္မတရုံးက အပ်နှင်းထားပြီး ဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ် ဖြစ်စဉ်များတွင် ဦးဆောင်ပါဝင်သည့် ဦးစံလှဘော်နှင့် ပူးပေါင်းကူညီသူများကို ရာဇသတ်ကြီး ပုဒ်မ ၁၂၂ အရ တရားစွဲဆိုရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၆ အရ အရေးယူရန် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း ပြောသည်။

“မြောက်ဦးဖြစ်စဉ်လို ထိခိုက်တာမျိုးတွေတော့ ကျနော်တို့ အနေနဲ့ မဖြစ်စေလိုဘူး။ အခုဖြစ်စဉ်ကလည်း ကျနော်တို့ ရခိုင်ပြည်နယ် အစိုး ရ ကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ နိုင်ငံရေးအရ မသိနားမလည်တဲ့ လူငယ်တွေက ပါသွားတယ်။ ဟိုဘက်ဒီဘက် ဖြစ် တဲ့ နေရာမှာလည်း ရခိုင်ရဲတွေနဲ့ ထိခိုက်မှုတွေ ဖြစ်တာကလည်း ရခိုင်တိုင်းရင်းသားတွေပဲ”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြော သည်။

သမ္မတရုံးကမူ မြောက်ဦးခရိုင်တွင် ခရိုင်ရဲမှူးကြီး အပါအဝင် ရဲအားလုံးပေါင်း ၆၅ ယောက် ရှိရာ ၆၀ ဦးသည် ရခိုင် တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ခရိုင်ရဲမှူးကြီးသည်လည်း ရခိုင်တိုင်းရင်းသားတဦး ဖြစ်၍ ၎င်းတို့ထဲတွင် ၅ ဦးသာ ဗမာရှိကြောင်း၊ ရခိုင်ရဲများသည် တာဝန်အရ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ဗမာရခိုင်ဦးဇော်ဌေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
ခြင်သေဖို့ အဓိက

ခြင်သေဖို့ အဓိက

“Oppo စမတ်ဖုန်း စက်ရုံ လေ့လာရေး ခရီးစဉ်” / သီဟတိုး / ဧရာဝတီ

OPPO နဲ့ အတူ လေ့လာခွင့်ရခဲ့တဲ့ “Oppo စမတ်ဖုန်း စက်ရုံ ခရီးစဉ်”

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate