သတင်း

IS အဖွဲ့နှင့် ဆက်စပ်သူ ၂ ဦး မလေးရှားတွင် ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံသည် စစ်သွေးကြွ အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) နှင့် အဆက်အသွယ်ရှိသည် ဟု ယုံကြည်ရသူ ၂ ဦးကို ဖမ်းဆီးလိုက်ပြီး ၎င်းတို့အနက် တဦးသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို သတ်ဖြတ်ရန် ကွာလာလမ်ပူမြို့တော်တွင် ဓားတလက်ဖြင့် လျှောက်သွားနေသူ ဖြစ်သည် ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ကြေညာသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလက အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် IS နှင့် ပတ်သက်သော သေနတ်သမားများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မွတ်စလင်အများစု ဖြစ်သော မလေးရှားနိုင်ငံသည် သတိပေးအဆင့် တိုးမြှင့်ထားသည်။

အကြမ်းဖက်ရန် ကြံစည်မှုနှင့် IS အတွေးအခေါ် ဖြန့်ချိမှုတို့ဖြင့် ထိုသံသယရှိသူ ၂ ဦးကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများ အတွင်း သီးခြားစီ ပြုလုပ်သည့် စီးနင်းရှာဖွေမှုများတွင် ဖမ်းဆီးခဲ့သည် ဟုဆိုသည်။

၎င်းတို့အနက် လွန်ခဲ့သော သီတင်းပတ်က ဖမ်းဆီးခဲ့သူ အင်ဒိုနီးရှားနိုင်ငံသားသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက်မှု အတွက် လက်စားချေရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို သတ်ဖြတ်ရန် ကွာလာလမ်ပူရှိ လူစည်ကားလှသော လမ်းတခုတွင် လိုက်လံရှာဖွေနေသူ ဖြစ်သည် ဟု ဆိုသည်။

“သူ့ရဲ့ အကြံအစည် မအောင်မြင်ဘဲ ရဲများက သူ၏ ဓားကို ရှာဖွေဖမ်းဆီးမှု အတွင်း သိမ်းဆည်းနိုင်ခဲ့သည်” ဟု ရဲချုပ် မိုဟာမက်ဖူစီဟာရန် (Mohamad Fuzi Harun) က ကြေညာချက်တခုတွင် ဖော်ပြသည်။

သိုသံသယရှိသူသည် IS ထိပ်တန်းခေါင်းဆောင် တဦးနှင့်လည်း WhatsApp မှတဆင့် ဆက်သွယ်ပြီး အခြားအင်ဒိုနီးရှား အများအပြားကို စည်းရုံးရန်နှင့် သူ အလုပ်လုပ်သော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် IS အလံထောင်ရန် ကြိုးစားခဲ့သည် ဟုလည်း သိရသည်။

အခြားသော သံသယရှိသူမှာ ပုဂ္ဂလိက ဘာသာရေးကျောင်း တခုတွင် ဆရာအဖြစ် လုပ်ကိုင်နေသော မလေးရှား နိုင်ငံသား ဖြစ်သည်။ ဖျော်ဖြေရေး လုပ်ငန်းတခုကို တိုက်ခိုက်ရန် ကြံစည်မှုနှင့် မွတ်စလင် မဟုတ်သူများကို လုယက်၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်ရန် ကြံစည်နေသည် ဟူသော သံသယနှင့် ဒီဇင်ဘာလ အတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို သံသယရှိသူသည် ယခင်ကလည်း မလေးရှား နိုင်ငံတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးခံခဲ့ရဖူးပြီး ဖော်ထုတ်ပြီးသော အကြမ်းဖက် အဖွဲ့ဝင်ဟောင်းများနှင့် လည်း အဆက်အသွယ်ရှိကာ စည်းရုံးရေးလုပ်ရန် IS အတွေးအခေါ်များကို သူ၏ ဖေ့ဘွတ်တွင် ဖြန့်ချိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မကြာသေးမီ နှစ်များ အတွင်း မလေးရှား နိုင်ငံသည် လူအများအပြားကို စစ်သွေးကြွများနှင့် ဆက်သွယ်မှု သံသယဖြင့် ဖမ်းဆီးခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လက ကွာလာလမ်ပူ မြို့စွန်ရှိ ဘားတခုတွင် လက်ပစ်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS က ကြေညာခဲ့ပြီး ထို တိုက်ခိုက်မှုသည် မလေးရှားတွင် IS ၏ ပထမဆုံး တိုက်ခိုက်မှု ဖြစ်သည်။

ကိုးကား ။ ။ Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading