သတင်း

မြစ်ကြီးနား ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မဈေးရှိ ကမ္ဘောဇဘဏ်အား ယနေ့ ညနေ ၃နာရီ ဝန်းကျင်ခန့်မှာ ဓားပြတိုက် ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း၌ လူ ၄ ဦးဝင်ရောက်လာပြီး လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၂၀ ကျော် လုယူသွားကြောင်း သိရှိရသည်။

ကမ္ဘောဇဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် “၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မြစ်ကြီးနားမြို့၊ မြစ်ကြီးနားဈေးကြီး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ လူ ၄ ဦး ရုတ်တရက် ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများအား အသင့်ယူဆောင်လာသော လက်နက် များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားပါသည်”ဟု ရေးသားထားသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးညိုမြင့်က ” သူတို့ မျက်နှာဖုံး မဝတ်ထားကြပါဘူး။ ဘဏ်ဝန်ထမ်း ၄ ဦးကို ခြိမ်းခြောက်တယ်။ ပိုက်ဆံယူပြီး ထွက်မပြေးခင် ဘဏ်က စီစီတီဗီကို ရိုက်ခွဲသွားတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

ကမ္ဘောဇဘဏ်က မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ကြောင်းလည်း ရေး သားထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ရက်တွင် မြိတ်မြို့ရှိ KBZ ဘဏ် မီနီဘဏ် ၁ တွင် လူငယ်တဦး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၂၇၀ လုယူခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading