သတင်း

FDA ဝန်ထမ်းအမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်သူဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ငမိုးရိပ်ချောင်းဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် FDA ဝန်ထမ်း အမျိုးသမီးကို သားမယားပြုကျင့် သတ်ဖြတ်သူမှာ အငှားယာဉ်မောင်း တဦးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တို့က သတင်းထုတ်ပြန်လိုက်သည်။

ပြစ်မှုကျူးလွန်သူ ၂၇ နှစ် အရွယ် မျိုးဇော်ဦး ဆိုသူမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၃ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အမှုမှ သက်သေခံပစ္စည်းများနှင့် အတူ မင်္ဂလာဈေးအတွင်း ယနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံ မျိုးဇော်ဦးအား စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့ ည ၇ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်း မပေါ်၌ အမျိုးသမီးတစ်ဦးမှ ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၎င်း၏ကားအား ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်၌စီးနင်း လိုက်ပါခဲ့စဉ် ကားငှားရမ်းခနှင့် ပတ်သက်၍ ဈေးဆစ်ရာမှ စကားများခဲ့ပြီး အမျိုးသမီး၏ လည်ပင်းအား ညှစ်ရာ သတိလစ် သွားခဲ့သည်ဟု ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအမျိုးသမီးအား ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းဘေး အမှောင် အရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ကားပေါ်တွင် အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် (၁) ချက်ထိုးခဲ့ကြောင်း၊ မသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီးနောက် အလောင်းအားတွေ့ရှိရသည့်နေရာ ငမိုးရိပ်ချောင်း လက်တက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ သည်ဟုဆိုသည်။

အထူးအမှုစစ်အဖွဲ့မှ သက်သေခံပစ္စည်း TAXI အငှားယာဉ်၊ မရွှေရည်ဝင်း ၏ SAMSUNG လက်ကိုင်ဖုန်း ၁ လုံး၊ ပလက် တီနန်ဆွဲကြိုး ၁ ကုံး၊ အရည်ကြိုထားသော ရွှေအခဲငယ် ၁ ခု၊ အပြာရောင် မိန်းမစီးကတ္တီပါဖိနပ် ၁ ရံ၊ နိုင်ငံသားစိစစ်ရေး ကဒ် ၁ ကဒ်၊ ပန်းရောင် ပိုက်ဆံအိတ် ၁ အိတ်တို့အား ကနဦး သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်း ရမိရေးနှင့် တရားခံမျိုးဇော်ဦးအား ကျူးလွန်ခဲ့သည့် ပြစ်မှုဖြစ်စဉ်များ အလိုက် ထပ်မံအရေးယူ သွားရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သေဆုံးသူ မရွှေရည်ဝင်းသည် အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (FDA) (နေပြည်တော်) မှ ဒုတိယ ကြီးကြပ်ရေးမှူး ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်မှ ရန်ကုန်အိမ်သို့ ပြန်လာခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီအချိန်တွင် အိမ်မှ အလုပ်ကိစ္စဖြင့် ထွက်သွားရာမှ ည ၈ နာရီအထိ ပြန်လည်ရောက်ရှိခြင်းမရှိ၍ ဖခင်ဖြစ်သူမှ လူပျောက်တိုင်တန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အသက် ၂၅ နှစ်အရွယ် မရွှေရည်ဝင်း၏ ရုပ်အလောင်းကိုဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး တံတားဘေး ကုလားမန်ကျည်းပင်အောက်တွင် လမ်းသွားလမ်းလာများက ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် စတင်တွေ့ရှိခဲ့ရာမှ မြောက်ဒဂုံခေတ ္တမြို့မရဲစခန်းမှူး နှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရဲစစ်ချက်အရ ဝဲပါး၊ လည်ပင်းဖူးရောင် ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက် ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိ၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက် မြောက်ဒဂုံ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်စုံစမ်းခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading