• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် UWSA တောင်းဆိုမည်

by ချစ်မင်းထွန်း
25 January 2018
in သတင်း
A A
UWSA/UWSP ဌာနချုပ်တွင် ပြုလုပ်နေသော ဗဟိုတိုးချဲ့ အစည်းအဝေး / Nyi Rang / FB

UWSA/UWSP ဌာနချုပ်တွင် ပြုလုပ်နေသော ဗဟိုတိုးချဲ့ အစည်းအဝေး / Nyi Rang / FB

21.1k
VIEWS
Share on FacebookShare on Twitter

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA/UWSP) အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ဗဟိုတိုးချဲ့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် UWSA က ၎င်းတို့၏ ဗဟိုတိုးချဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ၁၀ ချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လည်း ပါဝင်လာခြင်းဖြစ်သည်။

RelatedPosts

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
3
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
18
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
1.5k

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်က မြန်မာ့ နိုင်ငံရေးတွင် ၎င်းတို့အာဏာ ဆက်ထိန်းထားနိုင်ရန် စိတ်ကြိုက် ရေးစွဲထားခြင်းဖြစ်ပြီး ထိုဖွဲ့စည်းပုံဖြင့် စစ်မှန်သည့် ဒီမိုကရေစီ မရရှိနိုင်ဟုဆိုက NLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြင်ဆင်ပေးရန် အစဉ်တစိုက် တောင်းဆိုနေကြသည်။

UWSA ၏ ထုတ်ပြန်ချက်တွင် “ဝ” ပြည်နယ်သည် မြန်မာနိုင်ငံ၏ နယ်မြေတစိပ်တဒေသဖြစ်ပြီးမည်သည့် အကြောင်းနှင့်မျှ ခွဲထွက်မည် မဟုတ်၊ ပြင်ပရန် ကျူးကျော်လာပါက မိမိကိုယ်ကိုကာကွယ်သည့် အနေဖြင့် ပြတ်ပြတ်သားသား ခြေမှုန်းသွားမည်၊ ငြိမ်းချမ်းရေးအလံတော်နှင့် လက်နက် တဖက်စီကိုင်ဆောင်သွားမည်ဟုဆိုထားသည်။

ငြိမ်းချမ်းရေးအလံတော်နှင့် လက်နက်တဖက်စီကိုင်ဆောင်သွားမည်ဆိုသောအချက်မှာ ငြိမ်းချမ်းရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီးတဖက်တွင်လည်း ကိုယ်ပိုင်တပ်ကို ထိန်းသိမ်းထားမည် ဆိုသောအဓိပ္ပာယ်ကိုဆိုလိုခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေး သုတေသီ တဦးဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “သူတို့အနေနဲ့ ငြိမ်းချမ်းရေး ဆက်လုပ်မယ်။ လက်နက်ကိုင်တပ်ကိုလည်း သူတို့မှာရှိနေတော့ သူတို့ဘာသာ ထိန်းသိမ်းမယ်ဆိုတဲ့ သဘောဖြစ်မှာပါ။ သူတို့မှာတပ်ရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတယ်။ ဒီအခြေခံပေါ်ကို ကြည့်ပြီးတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးကို ညှိမယ်လို့ ဖော်ညွန်းတယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား ဆွေးနွေးနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ဆိုသော အခန်းကဏ္ဍ ပါဝင်နေသည်။

UWSA ဗဟိုတိုးချဲ့ အစည်းအဝေးက တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းစဉ်ကို ကျင့်သုံးကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံမှုနည်းဖြင့် ဖြေရှင်းခြင်းကိုထောက်ခံကြောင်း၊ စစ်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ဆန့်ကျင် သွားမည်ဟုဆိုသည်။

၎င်းတို့ အနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များကို လိုက်နာ၊ ကျင့်သုံး၊ ကိုင်စွဲပြီး ပြည်ထောင်စု မပြိုကွဲရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် “ဝ”ပြည်နယ်သည် တတ်နိုင်သည့် ဘက်မှ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပိုမိုပူးပေါင်းပြီးယုံကြည်မှု ခိုင်မာစွာတည်ဆောက် သွားမည်ဟုလည်း ဆိုသည်။

ထို့အပြင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုသွားမည်ဖြစ်သလို တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ပြင်ပအသိပညာရှင် အတတ်ပညာရှင်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းနှင့် စည်းကမ်းနှင့် စနစ် ကောင်းရှိသည့် ဘာသာရေး လွတ်လပ်ခွင့်မှုများ ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ထားသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုရာတွင် တရားဝင် နိုင်ငံရေးနည်းလမ်းကြောင်းဖြင့် လုပ်ဆောင်သွားမည်ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က ဧရာဝတီသို့ ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးုထိုးထားသည့် UWSA သည် ၁၉၈၉ ခုနှစ်ကစတင်၍ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး နှစ်ဘက် စစ်ရေးတင်းမာမှု ရံဖန်ရံခါ ဖြစ်ပေါ်လေ့ ရှိသော်လည်း လက်ရှိအချိန်ထိပစ်ခတ် တိုက်ခိုက်မှုများ မရှိသေးဟုဆိုသည်။

Your Thoughts …
Tags: ၂၀၀၈ ဖွဲ့စည်းပုံUWSA
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.7k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ဖိုက်တင်မင်းသား ရဲမင်းပိုင် / ye min paing facebook

ဖိုက်တင်မင်းသား ရဲမင်းပိုင် မြန်မာနိုင်ငံကို ပြန်လာမည်

လွှတ်တော်တွင်း တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

ကုန်ဈေးနှုန်းများ တက်လာသော်လည်း ဝန်ထမ်းလစာ မတိုးဟု တပ်မတော်သား ကိုယ်စားလှယ်ပြော

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.7k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate