သတင်း

စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မလုပ်လျှင် အငှားယာဉ်များ လိုင်စင် ဖျက်သိမ်းခံရမည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန် အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အငှားယာဉ်များ အားလုံး City Taxi အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မရှိလျှင် လုပ်ငန်းလိုင်စင်များ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်သည်။

အဆိုပါ တက္ကစီများအားလုံးသည် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် YRTA သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စီးတီးတက္ကစီ ယာဉ် များ အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပြီး ယင်းသတ်မှတ် ကာလအတွင်း ဆောင်ရွက်ခြင်း မရှိသည့် တက္ကစီယာဉ်များ အားလုံး ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အငှားယာဉ်မောင်းဖြစ်သူ ကိုဆန်းမင်းက “ကျနော်တို့ စီးတီးတက္ကစီ မှတ်ပုံတင်ရင် ပေးထားတဲ့အချိန်က နည်းနေတော့ နည်းနည်းလေး အခက်အခဲတော့ ဖြစ်ရတယ်။ ဒီမှာရှိနေတဲ့ အငှားကား အစီး အရေအတွက်က များနေတယ်။ ပေးတဲ့ အချိန်က နည်းနေတော့ မှတ်ပုံတင်တဲ့ နေရာမှာ ခက်ခဲတယ်။ စပြီးကြေညာထဲက အခုချိန်ထိ မှတ်ပုံတင်လုပ်ဖို့ ကား တွေက တန်းစီ နေတာ။ တနှစ်လောက်တော့ အချိန်ယူရမယ် ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကဲ့သို့ အငှားကားများကို စီးတီးတက္ကစီများ အဖြစ် မှတ်ပုံတင်လိုက်လျှင် ခရီးသည်များ အတွက် ယခုထက် ပို၍ လုံခြုံ စိတ်ချရမည်ဖြစ်ပြီး လိုင်စင် အနက်နှင့်မောင်းနှင်ခြင်း၊ လိုင်စင်မရှိဘဲ အငှားများ မောင်းနှင်ခြင်း စသည့် တို့ ပျောက်သွားနိုင်မည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ကိုဆန်းမင်းက “စီးတီးတက္ကစီ မှတ်ပုံ တင်လုပ်လိုက်ပြီ ဆိုရင် တက္ကစီ မောင်းတဲ့သူဆိုပြီး သီးသန့် ဖြစ် သွားမယ်။ City Taxi လုပ်လိုက်ရင် ကားသမားနာမည်နဲ့ ကားနံပါတ်ကို လှမ်းကြည့်လိုက်တာနဲ့ မြင်ရပြီ ဆိုတော့ မှတ်ထားလို့ ရတယ်။ ခရီးသည် အတွက်လည်း အခုထက် ပိုပြီး လုံခြုံတာပေါ့” ဟု ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားယာဉ် အစီးရေ ၆ သောင်း ၈ ထောင်ကျော် ရှိနေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ထားသည့် ကားအစီးရေမှာ ၃ သောင်း ၅ ထောင်ကျော် ရှိနေကြောင်း သိရသည်။

ယင်းအပြင် စီးတီးတက္ကစီအဖြစ် ထပ်တိုးမှတ်ပုံတင်ရန်အတွက် YRTA သို့ စာရင်း ပေးသွင်းထားသည့် အငှားတက္ကစီ အစီးရေမှာ ၅ သောင်းအထိ ရှိနေပြီး ယင်း စီးတီးတက္ကစီ (ရန်ကုန်တိုင်းအတွင်း အသိအမှတ်ပြု အငှားတက္ကစီ) ပြုလုပ် မည်ဆိုလျှင် အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ရုံးသို့ လာရောက် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading