• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ

by ဧရာဝတီ
31 January 2018
in သတင်း
A A
The Kings Romans ကာစီနိုလုပ်ငန်းကို ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံဘက်ကမ်းမှပင် ရှင်းလင်းသဲကွဲစွာ တွေ့နိုင်သည်

The Kings Romans ကာစီနိုလုပ်ငန်းကို ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံဘက်ကမ်းမှပင် ရှင်းလင်းသဲကွဲစွာ တွေ့နိုင်သည်

8.2k
VIEWS
Share on FacebookShare on Twitter

ဒေသတွင်း၌ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတို့နှင့် ဆက်စပ် ကျူးလွန်နေသည်ဟူသော အကြောင်းပြချက်ဖြင့် လူပုဂ္ဂိုလ် ၄ ဦးနှင့် ကုမ္ပဏီများအုပ်စု တခုကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ကြေညာသည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် ချင်းစန်တို့တွင် အခြေစိုက်ထားသော ကာစီနို လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် The Kings Romans ကုမ္ပဏီနှင့် ဆက်စပ်နေသည့် လုပ်ငန်းစုတစုကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန လက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ကြေညာချက် တစောင် ထုတ်ပြန်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
44
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
32
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
53

အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံတွင်လည်း လူသိများ ထင်ရှားသည့် ကာစီနို လောင်းကစားလုပ်ငန်း ဖြစ်ပြီး ဟောင်ကောင်၊ လာအို၊ မြန်မာနှင့် တရုတ်နိုင်ငံ အပြင် ထိုင်းနိုင်ငံတွင်ပါ လှုပ်ရှား လုပ်ကိုင်နေကြောင်း ပိတ်ဆို့ဒဏ်ခတ်မှု စာရင်း အရ သိရသည်။

လာအိုနိုင်ငံတွင် The Kings Romans ကာစီနိုလုပ်ငန်းကို ဟိုတယ်တလုံး၌ ပြုလုပ်နေပြီး ရွှေတြိဂံဒေသ၊ မဲခေါင်မြစ်၏ ထိုင်းနိုင်ငံဘက်ကမ်းမှပင် ရှင်းလင်းသဲကွဲစွာ တွေ့နိုင်သည်။

ဟောင်ကောင်အခြေစိုက် လုပ်ငန်းစုက ပိုင်ဆိုင်သည့် ယင်း ကာစီနို လောင်းကစား လုပ်ငန်းသည် တရုတ်ခရီးသွား ဧည့်သည်များကို ဧည့်ဝတ်ပြုရန်ဟု ဆိုသည်။

ယခင် မီဒီယာသတင်းများအရ ယင်းနေရာသည် ဥပဒေမဲ့ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေသည် ဟု ဆိုသည်။

ယခု ပိတ်ဆို့ ဒဏ်လိုက်သူ ၄ ဦးနှင့် ကုမ္ပဏီများသည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများ တွင်လည်း အတွေ့အကြုံ ရှိကောင်း ရှိနိုင်သည် ဟုလည်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ကြေညာချက်တွင် စွပ်စွဲထားသည်။

အမေရိကန်နိုင်ငံဘက်မှ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ၊ နိုင်ငံသားများ အနေဖြင့် လုပ်ငန်း ဘော အရ ဆက်ဆံခြင်း မပြုရန် ပိတ်ဆို့ခံရသူ ၄ ဦးတို့မှာ –

(၁) အေဘတ် ဘာစူ အီဘရာဟင် (Abbas “Basu” Eberahim)၊ အသက် ၂၉ ၊ သြစတြေးလျနိုင်ငံသား၊ သြစတြေးလျ နိုင်ငံ၊ ကူးရင်းဂဲလ်နှင့် ချင်းရိုင်ရှိ ချိုင်စန်းနှင့် လာအိုတောင်ပိုင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် နေထိုင်သူဟု စာရင်းပေါက်သူ၊
(၂) နက်ရန်တစမ်ခီရိ အကာ ရန်တဝမ်ကီးရီး (Nat Rungtawankhiri aka Rungtawankeeree)၊ အသက် ၄၁ နှစ်၊ ထိုင်းနိုင်ငံသား၊ မဲဖလောင်ခရိုင်၊ ချင်းရိုင် တွင် နေထိုင်သူဟု စာရင်းပေါက်သူ။
(၃) ကျောက်စု (ခ) မဒမ်စု (Guiqin Su aka Zhao Su or Madame Su)၊ အသက် ၆၉၊ တရုတ်လူမျိုး ဟောင်ကောင်တွင်နေထိုင်သူ၊ ဇောင်ဝေ၏ ဇနီး၊
(၄) ကျောက်ဝေ (ခ) ချွိုင်ေ၀ (ခ) သန်ချိုင်းစေးချောင် (Zhao Wei aka Chio Wei aka Thanchai Saechou)၊ ၆၆ နှစ်၊ တရုတ်-မကာအိုကပြား တို့ ဖြစ်သည်။

The Kings Romans ကာစီနိုလုပ်ငန်း ပိုင်ရှင် ကျောက်ဝေ(အလယ်)/Al Jazeera

ယင်းတို့ ၄ ဦးမှာ ကျောက်ဝေ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု အုပ်စု (Zhao Wei translational criminal organization – TCO) တွင် ပါဝင်သူများ အဖြစ် အမေရိကန်က သတ်မှတ်သည်။

ရွှေတြိဂံနယ်မြေ အတွင်း လာအိုနိုင်ငံ ဘက်ခြမ်းတွင် အခြေစိုက်ထားသည့် ကျောက်ဝေ TCO လုပ်ငန်းစုသည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ ငွေကြေးခဝါချခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းနှင့် တောရိုင်းသဘာ၀ သယံဇာတ မှောင်ခို ကုန်ကူးခြင်း စသည့်ပြစ်ချက်များ တွေ့ရကြောင်း အမေရိကန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ယင်းတို့ ဆက်စပ်၍ ပိုင်ဆိုင်မှုများကို အမေရိကန် တရားစီရင်မှုအောက်တွင် တားဆီးလိုက်ပြီး အမေရိကန် နိုင်ငံသားများကိုလည်း ယင်းပုဂ္ဂိုလ်များနှင့် ငွေကြေးလွှဲပြောင်း လုပ်ကိုင်ခြင်း လုပ်ငန်းအ၀၀ကို မပြုလုပ်ကြရန် တားမြစ်ချက် ထုတ်ပြန်လိုက်သည်” ဟုလည်း ကြေညာချက်က ဆိုသည်။

လာအိုနိုင်ငံရှိ The Kings Romans ကာစီနိုလုပ်ငန်းကို ယင်းအဖွဲ့၏ ဌာနချုပ် အဖြစ် ထားရှိပြီး ငွေကြေးခဝါမှု အတွက် အသုံးပြုနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။

The Kings Roman ကာစီနိုလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်လျက်ရှိသည့် ကျောက်ဝေ TCO လုပ်ငန်းစုသည် ဘိန်းဖြူ၊ မက်သာဖက်တမင်းနှင့် အခြားစိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ သိုလှောင်ပြီး ဖြန့်ဖြူးနေကြောင်း၊ ဖြန့်ဖြူးနေသည့် ကွန်ရက် အတွင်း မြန်မာနိုင်ငံဘက်တွင် လှုပ်ရှားနေသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လည်း ပါဝင်ကြောင်း ပိတ်ဆို့မှု ကြေညာချက်က ဆိုသည်။

၂၀၁၄ ခုနှစ်ကစတင်ပြီး ထိုင်း၊ လာအိုနှင့် တရုတ်အာဏာပိုင်များက The Kings Romans ကာစီနိုလုပ်ငန်းကို ခြေရာခံ၍ ကြီးမားသော မူးယစ်ဆေးဝါး တင်ပို့မှုများကို ဖမ်းဆီးရမိနေသည်ဟု သိရှိရသည်။

Your Thoughts …
Tags: The Kings Romansကာစီနိုလာအို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

by ဧရာဝတီ
7 October 2023
5k

ယခု ဖမ်းဆီးမှုသည် တရုတ်အစိုးရ အပြင်းအထန် နှိမ်နင်းနေသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

by ဧရာဝတီ
11 March 2024
3.5k

ကျိုင်းတုံ-မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

by Laetitia Van Den Assum နှင့် Kobsak Chutikul
29 January 2024
2.9k

"အာဆီယံက ဦးဆောင်နေတယ်" ဆိုသည့်စကားသည် တာဝန်မျှဝေ ထမ်းဆောင်ခြင်းကို ရှောင်ရှားသည့် နိုင်ငံများ မကြာခဏပြောသည့် စကားဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

by ဧရာဝတီ
27 January 2024
2.9k

"တကယ်တမ်းကျတော့ အာဆီယံက မြန်မာအပေါ် သြဇာအရမ်းနည်းတယ်။ မြန်မာက အာဆီယံကို လုံးဝ ဂရုမစိုက်ဘူး။ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့က လုံးဝ ဂရုမစိုက်ဘူး"

Next Post
Uber နဲ့ Ooredoo ကုမ္ပဏီတို့ ပူးပေါင်းပြီး MoU လက်မှတ်ရေးထိုး / Ooredoo Myanmar

အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း Uber နဲ့ Ooredoo ပူးပေါင်း လက်မှတ်ရေးထိုး

သာမန် လ နဲ့ ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ စူပါမွန်းကို နှိုင်းယှဉ်ပြပုံ

သဘာ၀ ဘေးအန္တရာယ်တွေက စူပါမွန်းဖြစ်စဉ်နဲ့ ဆက်စပ်သလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate