သတင်း

မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ထိုအထဲတွင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲ၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး သည် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက် ဖြစ်ကြောင်း ပြောဆိုထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်က“ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ လက်တွဲ၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသူ နိုင်ငံသားတဦးချင်းစီ၏ အခွင့် အရေးများ၊ တာဝန်များကိုအသိအမှတ်ပြုပြီး ဂုဏ်သိက္ခာကိုလည်း အပြန်အလှန် လေးစားရသောစနစ်ဖြစ်သည်”ဟုပြောသည်။

သဝဏ်လွှာထဲတွင် မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက် နေထိုင်ခဲ့သော သမိုင်းအစဉ် အလာ ကြီးမားသည့် လူမျိုးများဖြစ်ကြောင်း မွန်ညီနောင် နှစ်ပါး ဖြစ်သည့် သာမလမင်းနှင့် ဝိမလမင်း တို့သည် လက်ရှိပဲခူးမြို့နေရာတွင် သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁ ရက် နေ့၌ ဟံသာဝတီ မင်းနေပြည်တော်ကြီး အဖြစ် စတင် ထူထောင်ခဲ့ကြသည်။

အဆိုပါ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့အား မွန်အမျိုးသားနေ့အဖြစ် ၁၉၄၈ ခုနှစ်မှစ၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၇၁ ကြိမ်မြောက် ရောက်ရှိပြီဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖက်ဒရယ်စနစ်ဟု ဆိုရာတွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံသည့် စစ်မှန်သော ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တကွ ချိတ်ဆက်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းလည်း ပြောထားသည်။

မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရပြီး တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် မကြာမီပါဝင် လက်မှတ်ရေးထိုးကာ နိုင်ငံတော်အစိုးရ၊ ပြည် သူများနှင့်အတူလက်တွဲလျှောက်လှမ်းသွားမည့် ခိုင်မာသော ကတိကဝတ်ကို ထုတ်ပြန်ခဲ့ကြောင်းလည်း သဝဏ်လွှာတွင် ပါရှိသည်။

“မွန်တိုင်းရင်းသားများနှင့် ပြည်သူတရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည့် ငြိမ်းချမ်းရေး ခြေတလှမ်းဟု ဆိုနိုင်သည်။ ဆက်လက်၍လည်း အနာဂတ် ဒီမိုကရေစီဖ က်ဒရယ်ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်း ကြရာတွင် အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် အတူ မွန်တိုင်းရင်းသား များကလည်း စုစည်းညီညွတ်စွာဖြင့် တွဲလက်မဖြုတ်စတမ်း လျှောက်လှမ်းနိုင်ပါစေ”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မွန်အမျိုးသားနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ဇာသပြင်တွင် ဗဟိုအခမ်းအနားဖြစ် ကျင်းပနေပြီး မွန်ပြည်နယ် အတွင်း နေရာအနံှ့အပြားတွင်လည်း ကျင်းပလျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ကျင်းပနေကြောင်း သိရသည်။

မွန်အမျိုးသားနေ့သို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က လည်းသဝဏ်လွှာ တစောင် ပေးပို့ ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားများ၏ မွေးရာပါ အခွင့်အရေးများ ရရှိနိုင်ရေး အတွက် RCSS အနေဖြင့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားထု တရပ်လုံး အပါအဝင် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ သက်ဆိုင်သည့်ပါတီ၊ အဖွဲ့ အစည်းများနှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။

မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) က NCA ကိုဖေဖော်ဝါရီ ဒုတိယအပတ် ထဲတွင် လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်းနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading