• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူသတ်သမား ကြည်လင်းကို ထောက်ခံသူများ၏ လုပ်ရပ် တရားစီရင်ရေးကို ခြိမ်းခြောက်နေဟုဆို

by ထွန်းထွန်း
2 February 2018
in သတင်း
A A
သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

14.5k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး ဦးကိုနီ နှင့် အငှားယဉ်မောင်း ကိုနေဝင်းတို့အား သတ်ဖြတ်ခဲ့သည့် လူသတ်သမား ကြည်လင်း ရုံးထုတ်ကို လာရောက်ဝန်းရံသူ တစု၏ လုပ်ရပ်မှာ ခြိမ်းခြောက် နှောင့်ယှက်သည့် အသွင်သဏ္ဍာန် ဖြစ်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သေနတ်သမား ကြည်လင်းနှင့် အဖွဲ့အား ရုံးထုတ်လာစဉ် “ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းပါသော အကျႌကို ဝတ်ဆင်ထားသည့် လူတစု၏ လုပ်ရပ်အပေါ် တရားလို၏ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဌေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
81
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
71
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
343

အဆိုပါ လူတစုက “ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းပါ အကျႌကို ရုံးထုတ်လာသည့် သေနတ်သမား ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို လုံခြုံရေး ရဲတပ်ဖွဲ့များ ဝန်းရံထားသည့်အကြား တိုးဝှေ့ဝင်ရောက်၍ ပေးနေသည်ကို သတင်းမီဒီယာများလည်း တွေ့မြင်နေရသည်။

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

“ထမင်းဝအောင် စားထား” ဆိုသည့် စာတမ်းမှာ ခြိမ်းခြောက်နေသည့် သဘောကို သက်ရောက်နေပြီး ထိုအကျႌများ ဝတ်ဆင်၍ တရားရုံးသို့ ရောက်ရှိလာခြင်းမှာ တရားဥပဒေစိုးမိုးမှုအပေါ် ခြိမ်းခြောက်ခြင်းဖြစ်ပြီး တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး က သတင်းမီဒီယာများရှေ့တွင် ရှင်းလင်းပြောဆိုသည်။

ဦးခင်မောင်ဌေး က “ရဲတပ်ဖွဲ့တွေ မျက်စိအောက်မှာဘဲ မင်းတို့ ထမင်းဝအောင် စားထားဆိုတဲ့ ကိစ္စ သတင်းထောက်တွေကို ခြိမ်းခြောက်နေတာလား၊ တရားစီရင်ရေးအဖွဲ့ တရားသူကြီးတွေကို ခြိမ်းခြောက်နေတာလား၊ အစိုးရ ရှေ့နေတွေကို ခြိမ်းခြောက်နေတာလား၊ တရားခံ ရှေ့နေတွေကို ခြိမ်းခြောက်နေတာလားတရားလို ရှေ့နေတွေကို ခြိမ်းခြောက် နေတာလား၊ တရားခံတွေကို ချောက်ချအောင် လုပ်နေတာလား ဘာလဲတော့မသိဘူး။ သို့သော်ငြားလည်း အေးအေးဆေးဆေး မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက်ကို စီရင်ဆုံးဖြတ်နေတဲ့ တရားစီရင်ရေးတခုကို အနှောင့်အယှက်ပေးတယ်ဆိုတာကတော့ မြင်သာတယ်ဗျ” ဟု ပြောသည်။

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ကြည်လင်းနှင့် အပေါင်းအပါများအား လာရောက်ဝန်းရံခဲ့သည့် ကိုမြတ်ဖုန်းမိုရ်နှင့် ကိုတင်ဌေးအောင် (ခ) အကြီးကောင် ဆိုသူတို့မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့ညပိုင်းက ခိုးဝင်ဘင်္ဂလီများ ရောက်ရှိနေသည်ဟု ဆိုကာ ဝင်ရောက် ရှာဖွေမှုများကြောင့် လူစုလူဝေးဖြစ်ပေါ်စေခဲ့သူများဖြစ်သည်။

၎င်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုမြတ်ဘုန်းမိုရ်နှင့် ကိုတင်ဌေးအောင်တို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် အရေးယူကာထောင်ဒဏ်ချမှတ်ခဲ့သည်။

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

မျိုးချစ်သွေး ဓမ္မကွန်ရက်မှ ကိုမြတ်ဘုန်းမိုရ်သည် မကြာခင်ရက်ပိုင်းက လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာ ထက်တွင် ပျံ့နှံ့ခဲ့သော အင်းစိန်ထောင်ထဲတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့နှင့် အတူ ပဒေသာပင် တခုရှေ့၌ တန်းစီ၍ ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံတခုတွင် ပါဝင်သူဖြစ်သည်။

ကိုမြတ်ဘုန်းမိုရ် က “သူ့ (ကြည်လင်း) ဘက်မှာ ကျနော်တို့ ရပ်တည်တယ်ဆိုတဲ့ အကြောင်းပေါ့။ တခြားဘာမှ မဟုတ်ဘူး ပုဂ္ဂိုလ်ရေး ဆိုင်ရာ လေးစားမှုနဲ့ လာတာ။ လူတိုင်းကတော့ အမြင်ဘယ်တူမလဲဗျာ။ ကျနော်တို့ အမြင်မှာ သူက လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့ အတွက် အားပေးထောက်ခံတယ်ဆိုပြီးတော့ပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး” ဟု ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး က “မင်းတို့ ထမင်းဝအောင် စားထားဆိုတာဟာ အမှုစစ်နေတဲ့ တရားသူကြီးတွေကို ဖိအားပေးနေတာလား၊ မင်းတို့ ထမင်းဝအောင် စားထားလို့ ပြောတဲ့ အတွက် အမှုစစ်တဲ့ တရားသူကြီးတွေကို ဖိအားပေးနေတာ၊ ခြိမ်းခြောက်ခံနေရတာ။ အမှုစစ်တဲ့ တရားခွင်က ခြိမ်းခြောက်ခံနေရတာ။ အဲလိုဖိအားပေးတာကြောင့် တရားခွင်ဟာ မလုပ်ရဲ မကိုင်ရဲ ဖြစ်တော့မယ် ဆိုရင် ဒါဟာ တရားဥပဒေ စိုးမိုးမှုကို နှောင့်ယှက်ရာ ရောက်တယ်” ဟု ဆိုသည်။

Your Thoughts …
Tags: ကြည်လင်း
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ

by ထွန်းထွန်း
11 December 2020
9.7k

ဒုရဲမှူးတင်လတ်က “ဒီနေ့လာအဖမ်းခံတာ ဟုတ်ပါတယ်၊ သူတို့ကို အုပ်ချုပ်ရေးဘက်က တရားစွဲထားတာဖြစ်တဲ့ အတွက် ကျနော်တို့က သွားအပ်ပေးရတာပေါ့၊ အခုတော့ အင်းစိန်ထောင်အချုပ်ကို ပို့လိုက်ပါပြီ”ဟု ပြောသည်။

လူသတ်သမား ကြည်လင်း ရုံးထုတ်တွင် လာရောက်ဝန်းရံသော မင်းတို့ ထမင်း ဝအောင် စားထား တီရှပ် ဝတ်ဆင်သူနှင့် အပေါင်းအပါများ / မျိုးမင်းစိုး / ဧရာဝတီ

“မင်းတို့ ထမင်းဝအောင် စားထား”ဆိုသူများကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြည်ထဲရေး ပြော

by ထွန်းထွန်း
8 February 2018
8.2k

“မင်းတို့ ထမင်းဝအောင် စားထား”ဆိုသည့် ခြိမ်းခြောက်စာသား အကျီၤဝတ်ဆင်ပြီး လူသတ်သမား ကြည်လင်း နှင့် ဖမ်းဆီး ခံထားရသော အပေါင်းအပါများအား ထောက်ခံခဲ့သူများကို ဥပဒေနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း

ယနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြုလုပ်သည့် ၅၈ ကြိမ်မြောက်ရုံးချိန်း / မျိုးမင်းစိုး / ဧရာဝတီ

ခြိမ်းခြောက်ခံရသဖြင့် ဦးကိုနီအား လုပ်ကြံဟု ကြည်လင်းပြော

by ထွန်းထွန်း
28 June 2018
11.5k

လက်ရှိစွဲချက်များနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက နေပြည်တော်တရားလွှတ်တော်ချုပ်ထံ ပြင်ဆင်မှုများ လျှောက်ထားရန် စီစဉ်လျှက်ရှိကြောင်းလည်း သိရသည်။

သေနတ်သမား ကြည်လင်း ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

သေနတ်သမားကြည်လင်းအား ဝန်းရံခဲ့သူ ၃ ဦး ထောင် ၁ နှစ်စီချ

by ထွန်းထွန်း
15 December 2020
6.1k

အောင်လင်း၊ ဟိန်းဝေယံနှင့် မြတ်ဖုန်းမိုရ်နှင့် တင်ဌေးအောင်(ခ)အကြီးကောင် တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၂ ရက်က ကြည်လင်းတို့အား ရုံးထုတ်ရာတွင် “မင်းတို့ ထမင်းဝအောင် စားထား” စာတန်းပါ အင်္ကျီများဖြင့် မြောက်ပိုင်းခရိုင် တရားရုံး အတွင်း လာရောက်...

ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းအား ဒီဇင်ဘာ ၂၈ ရက် ရုံးချိန်းတွင် တွေ့ရစဉ်  / ထွန်းထွန်း / ဧရာဝတီ

ဦးကိုနီ လုပ်ကြံခံရမှု တရားခံပြ သက်သေ ၂ ဦး ထုတ်ပယ်

by ထွန်းထွန်း
28 December 2018
8.4k

ဦးကိုနီ လုပ်ကြံခံရမှုအတွက် စွပ်စွဲခံထားရသူများဘက်မှ တင်ထားသည့် သက် သေ ၂ ဦးကို ယနေ့ ရုံးချိန်းတွင် ထုတ်ပယ်လိုက်ကြောင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့ရုံးထုတ်တွင်တွေ့ရသော မြင်ကွင်း  / အောင်ကျော်ထက် / ဧရာဝတီ

မြင့်ဆွေ ဆိုသူကို မိမှ နောက်ကွယ်က ခိုင်းစေသူ ပေါ်မည်ဟု ကြည်လင်းပြော

by ထွန်းထွန်း
2 February 2019
43.9k

ဦးကိုနီအားလုပ်ကြံမှုတွင် လက်ရှိဖမ်းထားသူများမှာ အမှုနှင့်သက်ဆိုင်သူများမဟုတ်ဘဲ မြင့်ဆွေဆိုသူကို ဖမ်းမိမှသာ နောက်ကွယ် က ခိုင်းစေသူ ပေါ်ပေါက်မည်ဟု သေနတ်သမား ကြည်လင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောဆိုသည်။

Next Post
လုံခြုံရေးတင်းကြပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန် နေအိမ် /  ချမ်းစွန်း / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မီးလောင်စေသည့် ပုလင်းဖြင့် ပစ်ပေါက် တိုက်ခိုက်သူကို ဖမ်းဆီးရမိ

အနုပညာကို ချစ်သော စပါးအသင်း၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဂျိုးလူဝစ်

အနုပညာကို ချစ်သော စပါးအသင်း၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဂျိုးလူဝစ်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate