သတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မီးလောင်စေသည့် ပုလင်းဖြင့် ပစ်ပေါက် တိုက်ခိုက်သူကို ဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား မီး လောင် စေသည့် ပုလင်းဖြင့် ပစ်ပေါက် တိုက်ခိုက်သူကို ဖမ်းဆီးမိပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျူးလွန်သူကို အခင်းဖြစ်ပွားသည့် ညပိုင်းကတည်းက ဖမ်းမိထားခြင်း ဖြစ်သော်လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ယနေ့ အချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်း အတည် ပြုသော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ကျနော်လည်း ဗဟန်းမြို့နယ် စခန်း ကို အမြဲမေးနေတဲ့ အခါကျတော့ သူတို့ဆီက အဖြေမပြောသေးဘူး။ မြို့နယ်မှူးကအစ မပြောသေးဘူး။ အိုင်ပီ ဝင်းမင်းထွန်း နဲ့ ပါသွားတယ်။ အနောက်ပိုင်းခရိုင်မှာ အမှုစစ်နေပါသေးတယ်တဲ့ အဲဒီလိုပဲ ပြောတယ်။ ကျနော်တို့ဆီကို ကွန်ဖန်းဘာမှ မရသေးဘူး။ ဘာပဲပြောပြော မိသွားတာပဲ ကျေနပ်သွားပါပြီ။ ဆက်လက်ပြီး စခန်းက သူတို့ရဲ့ အမှုစစ်ဆေး ချက်တွေ ပေါ်လာမယ့်ဟာကို စောင့်ကြည့်ရမယ်” ဟု ဧရာဝတီကို ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ဆက်လက်၍ ၎င်းက အဆိုပါ ဖမ်းမိထားသူသည် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသူ ဖြစ်သည်ဟု မေးမြန်း အတည်ပြုပြီး ဖြစ် ကြောင်း၊ ဖမ်းမိထားသူသည် မြောက်ဒဂုံ ၅၁ ရပ်ကွက် (ကျူးကျော်ရပ်ကွက်)တွင် နေသူတဦးဖြစ်ပြီး မြကျွန်းသာတွင် နေ့စား ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ကြားသိ ထားရသော်လည်း ရဲတပ်ဖွဲ့၏ အတည်ပြုချက် မရသေးသဖြင့် အတိအကျ မပြောနိုင်သေးကြောင်းလည်း ပြောဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ် ခြံအမှတ် ၅၄/၅၆ အတွင်းသို့ တက္ကသိုလ် ရိပ်သာ လမ်းပေါ်မှ မီး လောင် စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့ရာ ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တချောင်း မီးစွဲလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ အနေဖြင့် အတည်ပြုချက် မထုတ်ပြန် သေးသော်လည်း ပြစ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီး ရမိကြောင်းနှင့် ၎င်းသည် ၂၀၁၆ ခုနှစ်တွင် စိတ်ကျန်းမာရေး ဆေးရုံတက်ထားသည် ဟူသော ဆေးမှတ်တမ်းများသည် အခင်းဖြစ်ပွားသည့် ညပိုင်း ကတည်းက လူမှုကွန်ရက် စာမျက်နှာတွင် ပေါ်ထွက်လာသည်ကို တွေ့ရှိရသည်။

အဆိုပါ ဆေးမှတ်တမ်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ် အနေဖြင့် လက်မခံချင်ဘဲ အမှုပေါ့စေ ရန် လုပ်ဆောင်ခြင်းဟု ထင်မြင်ကြောင်း၊ အစစ်အမှန်ဖြစ်သည် ဆိုပါကလည်း မည်သည့်ရောဂါ ဝေဒနာဖြင့် စိတ်ကျန်းမာရေး ဆေးရုံ တက်ထားသည်ကို စစ်ဆေးရန် လိုအပ်ကြောင်း ဦးသောင်းထွဋ်က ပြောဆိုသည်။

“အရူးလက်မှတ် လုပ်တယ်ဆိုတာ အမှုပေါ့အောင် လုပ်တာလေ။ လက်မခံနိုင်ဘူး။ အဟောင်း ဆိုရင်တောင် စဉ်းစားဦး မယ်။ စိတ်ကျန်းမာရေး ဆေးရုံဆိုတာ အရက်ဖြတ်တာလည်း တက်လို့ရတယ်။ ဆေးဖြတ်တာ။ စိတ်ကနည်းနည်းလွတ်လို့ သွား တက်တာ။ ဒီလိုတက်လာသမျှကို စိတ်ရောဂါလို့ တပ်ထားလိုက်တာ။ ပြီးတော့ အထဲကျမှ မေဂျာခွဲတာလေ” ဟု လည်း ၎င်းက ရှင်းပြသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေး မေးမြန်းချက်များကို အဆက်မပြတ် စောင့်ကြည့်နေပြီး ရရှိထားသည့် သတင်း အချက်အလက်များ ကိုလည်း ပြည်သူလူထု သိနိုင်ရန် အချိန်နှင့်တပြေးညီ သတင်း ထုတ်ပြန် ပေးစေချင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံတော် လုပ်ကြံမှု ဖြစ်သည့်အတွက် ပေါ့ဆ၍ မရကြောင်း ဦးသောင်းထွဋ်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နေ့လယ် ၁၂ နာရီ ၃၃ မိနစ် ခန့်တွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းကိုပါ ပူးတွဲဖော်ပြခဲ့ခြင်းဖြစ် သည်။

ယခုဖြစ်ရပ်သည် သွေးတိုးစမ်းသည့် သဘောဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လုံခြုံရေး အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ် လျက် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အပြည့်အဝ ယူပေးထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading