သတင်း

သေနတ်သမား ကြည်လင်း အမှုတွဲမှ ၃ ဦးကို လွတ်ပေးရန် စွပ်စွဲခံရသူတို့၏ ရှေ့နေတင်ပြ

Want create site? Find Free WordPress Themes and plugins.

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းအမှုတွဲမှ အောင်ဝင်းထွန်း ၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို အမှုစွဲချက်မတင်ဘဲ လွတ်ပေးရန် ၎င်းတို့၏ရှေ့နေများက ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်သော တရားခွင်အတွင်း တင်ပြတောင်းဆိုခဲ့သည်။

အောင်ဝင်းထွန်းနှင့် အောင်ဝင်းဇော်တို့၏ ရှေ့နေဦးအောင်ခိုင် က“ဒီအမှုမှာ သူတို့ပတ်သက်တယ်လို့ ခိုင်မာတဲ့ သက်သေ အထောက်အထား ဘယ်သက်သေမှ ထွက်ဆိုတာမရှိဘူး၊ ရင်းနှီးမှုရှိလို့ ဆက်စပ်တယ် စွပ်စွဲပြီး စွဲချက်တင်လို့ မရဘူး၊ တရာလိုက သက်သေမပြနိုင်ရင် အဲ့လူကို လွတ်လိုက်၊ ဥပဒေမှာ တိတိကျကျ ပြဌာန်းထားတယ်” ဟု ပြောသည်။

ရုံးချိန်းတွင် ဖမ်းဆီးထားသူလေးဦးအား အမှုစွဲချက် တင်နိုင်ရေး အတွက် နှစ်ဖက်ရှေ့နေများ တရားခွင်အတွင်း လျှောက်လှဲချက်များ တင်ပြခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၉ ရက်နေ့ ရုံးချိန်းတွင် အမှုစွဲချက် အမိန့်ချမှတ်မည်ဖြစ် ကြောင်းသိရသည်။

အမှုတွင် တရားလိုရှေ့နေများမှ သေနတ်သမား ကြည်လင်းအား ကြိုတင်ကြံရွယ်သည့် လူသတ်မှုပုဒ်မ ၃၀၂(၁) (ခ)၊ ဦးနေဝင်းအား သတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်ရန်နှင့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့အား ကြိုတင်ကြံရွယ် လူသတ်မှုတွင် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်စွဲချက်တင်ရန် တင်ပြခဲ့သည်။

တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေဦးနေလ က “တိုက်ရိုက် သက်သေခံချက်တွေရှိမှ စွဲချက်တင်ရမယ်ဆိုတာ လုံးဝ အဓိပ္ပါယ်မရှိဘူး၊ သူတို့ ဆက်စပ်မှု မရှိဘူးလို့ ငြင်းမရတဲ့ သက်သေတွေ တရားခွင် အတွင်းမှာ ရှိတယ်၊ သူတို့ဘက် မိုးကြိုးပစ်တာကို ထန်းလက်ကာဖို့ ကြိုးစားနေတာပဲ” ဟု ပြောသည်။

တရားခွင်အတွင်း ကြားနာစစ်ဆေးမှုများတွင် အမှုနှင့်ပတ်သက်၍ သေနတ်သမားကြည်လင်း တဦးတည်းအပေါ် သာပုံချလိုသည့် သဘောများတွေ့ရပြီးကျန်သူများအား အမှုမှ ဖယ်ထုတ်ရန် ကြိုပမ်းနေကြကြောင်း အမှုတွင် ပါဝင်ပတ်သက်သည့် ရှေ့နေအချို့က ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ဗဟိုဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နေ့တွင် ပြည်ထောင်စု အဆင့်ဝန်ကြီး အချို့ ပါဝင်သည့် ပြည်ပ ခရီစဉ်တခုမှ ပြန်အရောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရှေ့၌ သေနတ်သမား ကြည်လင်း၏ လုပ်ကြံ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

လုပ်ကြံမှုတွင် ဝိုင်းဝန်းဖမ်းဆီးသည့် လေဆိပ် တက္ကစီယာဉ်မောင်း ဦးနေဝင်းမှာ ကြည်လင်း၏ ပစ်ခတ်မှုကြောင့်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

အမှုဖြစ်စဉ်တွင် အဓိကတရားခံဟု ယူဆရသူ အောင်ဝင်းခိုင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ အောင်ဝင်းခိုင် အနေဖြင့် အမှုဖြစ်ပြီး နောက်ပိုင်း ဇေယျာဖြိုပိုင်ဆိုင်သည့် ကုမ္ပဏီရုံးခန်းသို့ သွားရောက်ကာ စာရွက်စာတမ်းများနှင့် တယ်လီဖုန်း အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်း ၃ ဦးက ထွက်ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading